Ep-2

31 5 0
                                    

Elia cocktail သောက်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း သူမတို့ဝိုင်းနှင့် မလှမ်းမကန်းရှိစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်သော လူတယောက်ကို အမှတ်တမဲ့ကြည့်လိုက်မိသည့်အချိန်တွင် ‌Elia ပတ်ဝန်းကျင်တခုလုံး တိတ်ဆိတ်သွားသလို ဘာသံမှမကြားရတော့ချေ။
တောင့်တောင့်ဖြောင့်ဖြောင့် ယောကျာ်းတစ်ယောက်ဖြစ်ပေမယ့် တနေကုန် ထိုင်ငေးချင်စရာကောင်းလောက်အောင်ကို‌ မိမိုက်ကာဆွဲဆောင်မှုရှိလှသည်။

Clubအတွင်းကမီးရောင်ကြောင့် မျက်လုံးအရောင်အား သေချာသဲကွဲစွာ မမြင်ရသော်လည်း ဂုတ်ထောက်နေသော အဖြူရောင်ဆံပင်များနှင့် ရှည်လျားသောအရပ်၊အချိုးကျကျဖြစ်နေသော ခန္ဓာကိုယ် အပြစ်ပြောစရာ တစ်နေရာမှ မရှိချေ။သိပ်ကိုပြည့်စုံလွန်းသည်။အခုလို ယောကျာ်းတယောက်ကို အချိန်ကြာကြာစိုက်ကြည့်မိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။သူမဘက်ကို လှည့်လာသူ...သူ့ကိုကြည့်နေတာ သတိထားမိသည်ထင်...မျက်မှောင်ကျုံ့ပြီး ပြန်ကြည့်လာသူကြောင့် ပြုံးမိသွားသည်။ အမှန်တော့ ထအော်ချင်စိတ်ကို ပြုံးလိုက်ခြင်းဖြင့် မနဲထိန်းနေရတာဖြစ်သည်။

မည်သူ့ဘက်မှ အရင်အကြည့်မလွှဲဘဲ အပြိုင်ကြည့်နေတုန်း.....
"ငယ်လေး...Jတို့ရောက်လာပြီတဲ့"

"ဟမ်!ကိုလေး ဘာပြောလိုက်တာလဲ"

"ဒီကလေးကတော့ ဘယ်လိုတောင် သူများကို ကြည့်နေတာလဲ Jတို့ရောက်နေပြီတဲ့"

"အင်း...သွားမယ်လေ"

"အင်း"
Eliaတို့လည်း ပစ္စည်းလဲရန် အပေါ်ထပ်မှ အခန်းတွေဆီသို့ တက်လာခဲ့သည်။ထိုလူကိုတော့ ပစ္စည်းလဲပြီး ပြန်လာမှ တစ်ဝကြီး ထိုင်ကြည့်ပစ်မယ်ဟု တွေးထားလိုက်သည်။ဒီတ‌ခေါက် ပစ္စည်းလဲရတာ အရမ်းတန်သည်ဟု ခံစားရသည် အလှလေးနှင့် တွေ့ရသည်လေ။
အလှလေး! အင်း.....သူကိုယ်တိုင်တောင်မသိလိုက်ပဲ တွေးမိသွားသော နာမ်စားတခု။
Jတို့စောင့်နေသော အခန်းဆီသို့ မသွားခင် ဒုတိယထပ်ရှိအခန်းသို့ အရင်ဝင်လိုက်သည်။ဝင်လိုက်သောအခန်းတွင် သူမတို့ဘက်မှ လူက boxတစ်လုံးရယ် မျက်နှာဖုံး နှစ်ခုဖြင့် စောင့်နေသည်။ကိုလေးရော သူမရော မျက်နှာဖုံးများတပ်ပြီး boxကို ဆွဲကာ ထွက်လာလိုက်သည်။

The Direction Of The Heart Where stories live. Discover now