အပိုင်း - ၂

33.3K 1.9K 10
                                    

" မြင်းမူကုန်း " ရွာ...။

အိမ်ခြေပေါင်း(၁၅၀၀)ကျော်၊(၂၀၀၀)နီးပါးခန့်ရှိပြီးလူဦးရေ(၄၀၀၀)ဝန်းကျင်ပမာဏရှိတဲ့ရွာကြီးတစ်ရွာဖြစ်သည်။တောင်ခြေရင်းမှာတည်ရှိပေမယ့်ရေခံ၊မြေခံအလွန်ကောင်းမွန်သည်။ထို့ကြောင့်စိုက်ပျိုးရေး၊မွေးမြူရေးအပြင်လယ်ယာလုပ်ငန်းနဲ့ရေထွက်ပစ္စည်းတွေအားလုံးကလုပ်ကိုင်သလောက်ဖြစ်ထွန်းကြသည်။

အထူးသဖြင့်'မြင်းမူကုန်း'ရွာကြီးကစိုက်ပျိုးရေးကိုအဓိကဦးစားပေးလုပ်ကိုင်ကြတဲ့ရွာလို့ဆိုရပေမည်။နယ်မြို့လေးနဲ့(၁၀)မိုင်ခန့်သာဝေးလှတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးကလည်းအလွန်ကိုချောမွေ့လှတာကြောင့်မြို့ပေါ်နေကုန်သည်ပွဲစားများက'မြင်းမူကုန်း'ရွာကြီးမှာအမြဲမပြတ်ရှိနေတတ်ကြသည်။ထိုသို့စီးပွားရေးအချက်အချာကျလွန်းတဲ့အတွက်လူနေမှုအဆင့်အတန်းကမြို့နဲ့မခြားပေ...။

ကြီးမားတဲ့ခြံဝန်းကြီးတစ်ခုထဲမှာတော့လူတစ်ချို့ရဲ့စကားပြောသံ၊အော်သံ၊ဟစ်သံ၊ရယ်မောသံတွေကမနက်မိုးလင်းကတည်းကဆူညံပွက်လောရိုက်လို့နေသည်။များပြားတဲ့ထိုလူအုပ်ကြီးရဲ့အနားမှာတော့ရာသီပေါ်အသီးအနှံအစုံအလင်ကိုဟိုတစ်စု၊ဒီတစ်စု,စုပုံထားကြ၏။ပွဲတော်တစ်ခုလိုစည်းကားသိုက်မြိုက်နေတဲ့ထိုခြံဝန်းကြီးထဲကိုရွာထဲရှိလူအချို့ကခြင်းတောင်းတွေ၊ပလုံးတွေ၊လွယ်ပလိုင်းတွေကိုကိုယ်စီထမ်းပိုးရင်းဝင်သွားကြကုန်သည်။ခဏကြာတဲ့အခါထိုလူအချို့ကရွှင်ပြတဲ့အမူအရာနဲ့ထိုခြံဝန်းကြီးထဲကနေပြန်ထွက်လာကြလေသည်။

ထိုသို့လူအဝင်အထွက်များနေတဲ့ခြံကတော့'မြင်းမူကုန်း'ရွာရှိအချမ်းသာဆုံးသူဌေးကြီးတစ်ဦးဖြစ်တဲ့ကုန်သည်ပွဲစားဦးမျိုးအောင်ရဲ့ခြံကြီးပင်ဖြစ်သည်။ဦးမျိုးအောင်ရဲ့ကုန်သည်သက်တမ်းက(၂၅)နှစ်ခန့်ရှိနေလေပြီ...။မြင်းမူကုန်ရွာရဲ့ဖွံ့ဖြိုးတိုးတက်လာတဲ့စီးပွာရေးသက်တမ်းတစ်ဝက်ကိုဦးမျိုးအောင်ကစိုးမိုးထားတယ်လို့ဆိုရပေမည်။

ဦးမျိုးအောင်ကတစ်ရွာလုံးကထွက်သမျှရာသီပေါ်အသီးအနှံတွေကိုဝယ်ယူပြီးမြို့ပေါ်ကဒိုင်ကြီးတွေဆီပို့၏။စျေးမနှိမ်တဲ့အပြင်ရောင်းသူစိတ်တိုင်းကျ​ကြိုက်စျေးပေးပြီးဝယ်ယူတတ်တဲ့ကုန်သည်တစ်ဦးဖြစ်တာကြောင့်တစ်ရွာလုံးမှာရှိတဲ့ခြံပိုင်ရှင်တွေအားလုံးကသူတို့ရဲ့အသီးအနှံတွေကိုမြို့ပေါ်ကနေလာဝယ်ကြတဲ့ကုန်သည်တွေဆီကိုမရောင်းကြတော့ပဲရွာခံဦးမျိုးအောင်ဆီကိုသာရောင်းကြလေသည်။

ကျွန်တော့်အသဲလေးကနုနုနယ် { Completed }Where stories live. Discover now