အပိုင်း - ၁၄

19.7K 1.2K 37
                                    

" ဒေါ်ဝေတို့ကိုခေါ်လိုက်ရတာလည်းဒီကိစ္စအတွက်ပြောချင်လို့ပါ..."

ကြားလိုက်ရတဲ့စကားကသူ့ရဲ့ခေါင်းပေါ်ကိုမိုးကြိုးအစင်းတစ်ရာ​ပစ်ချလိုက်သလိုပင်...။အံ့ဩရလွန်းလို့သူ့မှာချက်ခြင်းမတုံ့ပြန်နိုင်ပဲဆွံ့အနေမိ၏။သူ့နည်းတူရှိနေကြတဲ့လူအားလုံးတို့သည်လည်းတစ်ခဏတာမျှစကားသံတွေတိတ်ဆိတ်ကုန်ကြသည်။ထို့နောက်တစ်ယောက်ကိုတစ်ယောက်မျက်စပစ်ပြရင်းဒီအခြေအနေကြီးကိုနားလည်ဖို့ကြိုးစားနေကြ၏။

သူ့တစ်ယောက်တည်းသာလိုက်လို့မမီနိုင်လောက်အောင်ဖြစ်ပျက်ပြောင်းလဲနေတဲ့အခြေအနေတွေကြားမှာကလေးတစ်ယောက်လိုကြားသမျှ၊မြင်သမျှကိုကြောင်အကာရပ်ကြည့်နေမိခြင်းပင်...။ဒေါ်မိုးသဲကတော့ထုံးစံအတိုင်းရှူဆေးဗူးကိုနှာခေါင်းနားတေ့ရင်းသားတော်မောင်ကိုစိတ်ပျက်လက်ပျက်ကြည့်လို့နေ၏။

အားလုံးထဲမှာအဆိုးဆုံးကတော့ဒေါ်ဝေပင်...။

ထစ်ချုန်းက'အိမ်ကိုလာခဲ့ပါဦး'ဆိုလို့ဘုမသိဘမသိနဲ့ရောက်လာရ၏။ရောက်လာပြန်တော့လည်းဘာတစ်ခုမှကိုနားမလည်တဲ့အခြေအနေကြီးနဲ့ရင်ဆိုင်နေရသည်။

တကယ်ဆိုသက်လုံကဒီလိုအခြေအနေမျိုးကိုထစ်ချုန်းနဲ့မဟုတ်ပဲသစ်လွင်နဲ့ဖြစ်ရမှာမဟုတ်ဘူးလား...။

အခုတော့ဘယ်ကနေဘယ်လိုဖြစ်ပြီးသစ်လွင်မဟုတ်ပဲထစ်ချုန်းဖြစ်နေရတာလဲ...။

ဒီအချက်ကပဲသူ(မ)ရဲ့အတွေးတို့ကိုရှုပ်ထွေးစေတာဖြစ်သည်။ပြီးတော့နှစ်ယောက်လုံးကလည်းငယ်သူငယ်ချင်းအရင်းအချာကြီးတွေလိုခင်မင်ရင်းနှီးကြတဲ့လူမျိုးတွေမဟုတ်ကြပေ...။တစ်ရွာတည်းသားချင်းတွေဆိုပေမယ့်'တစ်ယောက်နဲ့တစ်ယောက်ကမေးထူးခေါ်ပြောရုံအဆင့်သာရှိကြတယ်'ဆိုတာသူ(မ)ကောင်းကောင်းကြီးကိုသိထား၏။

ဒါကိုဘယ်လိုဖြစ်ပြီး...။

" လူယုတ်မာ...ခင်ဗျားကိုကျုပ်သတ်မယ်..."

" ဟဲ့...ဟဲ့...လုပ်ကြပါဦး..."

" ဟာ...ဟေ့...ဟေ့..."

ထစ်ချုန်းကိုသွားပြေးထိုးဖို့လုပ်နေတဲ့သက်လုံကိုရပ်ရွာလူကြီးတွေနဲ့ဒေါ်ဝေကအသည်းအသန်တားနေရသည်။ထိန်းချုပ်မှုတွေကြားကနေအတင်းရုန်းထွက်ပြီးလွှတ်မြောက်ဖို့ကြိုးစားနေတဲ့သက်လုံကစိတ်လွှတ်နေတဲ့အရူးလေးတစ်ယောက်လိုပင်...။အခုချိန်မှာသူ့ရဲ့အတွေး၊သူ့ရဲ့စိတ်၊သူ့ရဲ့ဦးနှောက်ထဲမှာတစ်ကြိမ်တစ်ခါမှမဖြစ်တည်ဖူးတဲ့ဒေါသတို့ကမြူနှင်းတွေလိုအုံ့ဆိုင်းလို့နေသည်။

ကျွန်တော့်အသဲလေးကနုနုနယ် { Completed }Where stories live. Discover now