အခန်း ( ၃ ) ပန်းပဲပညာ

142 14 0
                                    


“ဟုတ်ပြီ ..…”

ချင်ကျင်းသည် ဖားဖိုကိုအသုံးပြုကာ ပန်းပဲဖိုအတွင်းသို့လေများမှုတ်သွင်းနေသည်။ အဘိုးဘလိတ်ခ် သည်လည်း မီးမြှိက်ထားသောသံကို သူ၏ခြေထောက်နားရှိ ညှပ်ဖြင့် ဖိုထဲမှထုတ်ယူလိုက်သည်။ ထို့‌‌နောက်ပေါင်တစ်ထောင်ခန့် လေးသောတူကြီးဖြင့် လေထုထဲသို့ဖြိုခွင်းကိုင်မြှောက်လိုက်ကာ မီးမြှိုက်ထားသောသံပေါ်သို့ ဝှီးကနဲ ထုရိုက်နေသည့်မြင်ကွင်းမှာ ဥက္ကာခဲတစ်လုံး ကမ္ဘာမြေပေါ်သို့ ကျလာသည်နှင့်ပင်တူနေတော့သည်။

မီးမြှိုက်သံ၊ တူနှင့် ပေတုံးတို့၏ ထိတွေ့မှုကြောင့် များပြားလှသော မီးပွားများနှင့် အလွန့်အလွန်ကျယ်လောင်သော အသံတို့အဆက်မပြတ် ထွက်ပေါ်လျက်ရှိနေသည်။ ထိုမီးပွားများမှာ မှော်ဆရာတစ်ဦး မီးအတတ်သုံးပြီးထုတ်လွှတ်နေသယောင် ထွက်ပေါ်လာနေကြပြီး လေထဲ၌ အဆုံးမရှိ ပျံဝဲနေကြသည်။ ထို့အတူ တူကြီးဖြင့် ထုရိုက်နေသည့်အသံများသည်လည်း မိုးချိန်းသံဟုထင်ရလောက်အောင် ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသည်။

ထိုသို့သောမြင်ကွင်းကို ချင်ကျင်း တစ်ယောက် စိတ်ဝင်တစားဖြင့် ကြည့်ရှုနေမိသည်။ ဤသို့သော အာရုံစူးစိုက်မှုသည် သူ့ဘဝတစ်လျှောက်လုံးစူးစိုက်ခဲ့သည်များအနက် အသာလွန်ဆုံးဖြစ်ပေသည်။ သူသည် ပန်းပဲလုပ်ငန်းဆိုသည်မှာ ဤမျှလောက် ကြိုးစားအားထုတ်ရလိမ့်မည်ဟု စိတ်ကူးပင်မယဉ်ခဲ့ဖူးပါ။ ပန်းပဲဆရာအို၏ လုပ်‌ဆောင်နေမှုများမှာ သံထည်လုပ်ငန်းဆိုသည်ထက် အနုပညာဖန်တီးခြင်းလုပ်ငန်းဟု ဖော်ပြရလျှင် ပို၍မှန်ကန်ပေလိမ့်မည်။ အဘိုးအို၏ ပန်းပဲ ပညာမှာ တစ်ဖက်ကမ်းခတ်ပြီဟုဆိုရလောက်အောင် ပြောင်မြောက်လွန်းလှသည်။

ပေါင်တစ်ထောင်လောက်လေးသောတူကြီးအား ပေတုံးထက်သို့ စည်းချက်မှန်မှန်နှင့် လွယ်လွယ်ကူကူ လွှဲရိုက်နေသည်။ ပန်းပဲဆရာကြီးက လက်ရေးအလှ‌ရေးသည့် အနုပညာရှင်တစ်ဦးသည် သူ၏လက်ရာများကို မင်တံဖြင့် လက်ရာပြောင်မြောက်စွာ လက်စွမ်းပြသကဲ့သို့ ချင်ကျင်းအား သူ၏ပညာများအားပြသကာ ဆွဲဆောင်နေခဲ့သည်။

မိုးကောင်းကင်အားချုပ်ကိုင်ခြင်း Where stories live. Discover now