အပိုင်း - ၂၄

1.6K 169 1
                                    

လွယ်အိတ်ကိုစလွယ်သိုင်းလို့တောနက်ကြီးထဲသို့တစ်စုံတစ်ယောက်ဝင်လာသည်။ ဓားပြများနှင့် သစ်ပင်တွင် ကြိုးတုပ်ခံထားရသည့်သူကြီးက‌တော်ရီဝေနှင့် မြို့အုပ်မင်း မင်းမောင်တို့၏အာရုံများသည် ထိုသူထံရောက်ရှိသည်။

"ဟေ့ ဓားပြ ခင်များလက်ထဲက ကျုပ်အ… အယ်
ကျုပ်မိန်းမကိုလွှတ်လိုက်စမ်း"

"အို ဒီကလေးနှယ် ဘာတွေပြောနေသလဲ"

‌အွန်း မောင်ခင်တော့မောင်ပါပဲ မမှားပါဘူး ဤမောင်ခင်၏ စကားကြောင့် မမဝေတစ်ယောက်မျက်နှာများရဲလာသည်။

"ခင်များဘာပြောလိုက်တယ်"

"ရှင်… ဘာ … ဘာမှမပြောပါဘူးကွယ်"

"ရုတ်ရုတ်ရုတ်ရုတ်လုပ်မယ်မကြံနဲ့နော် အသက်ပျောက်သွားမယ်"

ဓားပြထဲမှ‌ခေါင်းဆောင်ဖြစ်ဟန်တူသည့်သူသည်
မမဝေအား ထိုသို့ကြိမ်းလိုက်ပြီး သူကြီးဆိုသူအားမလှမ်းမကမ်းမှ စူးစမ်းကြည့်လေသည်။

"ဒီရွာသူကြီးက သိပ်ငယ်နေသလိုပဲ"

"ဟေ့ ခင်များက ရွာသူကြီးအစစ်လား ခင်များမိန်းမထက်
သိပ်ငယ်နေတာပဲ"

ဓားပြသည်သူကြီးအားကြည့်ရင်းထိုသို့အော်ကာပြောလေတော့

"ခင်များဘာစကားပြောတာလဲ ကျုပ်မမဝေကိုကြည့်စမ်း
ဒီအရွယ်အထိဒီလောက်လှနေတာ ခင်များမိန်းမထက် အဆတစ်ရာသာတယ်"

"ခင်များတော့ ပစ္စည်းတွေမလိုချင်တော့ဘူးထင်တယ်"

စကားအကြောမခံလှသည် ဓားပြသည် ဘေးမှသူ့အပေါင်းအပါများကိုပါ စစ်ကူခေါ်လေသည်။

"ဘယ်သူမဆိုတွေးကြမှာပဲ ငါပဲမဟုတ်ဘူးကွ အကုန်လုံးတွေးတယ် ဟုတ်တယ်မဟုတ်လား ဟိတ်ကောင်တွေ"

"ဟုတ် !!!!!!"

ထိုသို့ကျယ်လောင်လှသည့်ထောက်ခံသံများကြောင့် သူကြီးဆိုသူသည် ဤသို့ပြန်ဆိုသည်။

"ဒါကတော့ ကျုပ်က တယ်လည်း ကျန်းမာရေးလိုက်စားသကိုး"

မောင်ခင့်စကားကြောင့် မင်းမောင်တစ်ယောက်‌ စိတ်ဓာတ်များကျလို့ ခေါင်းငိုက်ကျကာ အရာရာအရှုံးပေးပြီး
ထိုနေရာမှာတွင်သစ်ပင်နှင့်ခေါင်းဆောင့်ပြီးသာသေပစ်လိုက်ချင်သည်ဟုတွေးမိလေသည်။

ခင်ခင်ပျိုရေ မမုန်းလိုက်နဲ့Where stories live. Discover now