အပိုင်း ( ၁) unicode + zawgyi

118 11 1
                                    

After....

လူတွေအပြောများကြသည့် Before and After ဆိုသည့်စကားစုလေးနှစ်ခု။ ကျွန်တော့်အတွက်တော့ After & Before လို့ပြောချင်သည်။ After ပြီးသွားသည့်နောက် တိတိကျကျပြောရလျှင် ကိစ္စတစ်ခုအဆုံးသတ်သွားပြီးနောက်..။

ကိစ္စ..။ စကားလုံးလေးနှစ်လုံးသည် အဓိပ္ပာယ်များစွာပေါင်းစပ်ပါ၀င်နေသည်။ မှန်၏။ မိသားစုကိစ္စ၊ သူငယ်ချင်းကိစ္စ၊အလုပ်ကိစ္စ၊အချစ်ရေးကိစ္စ စသည့်စသည့်...။ ကျွန်တော်သည်လည်းနှစ်ပေါင်းများစွာ သန္ဓေတည်နေသကဲ့သို့ ကိစ္စများကို အလုံးစုံလွှတ်ချလိုက်နိုင်သည့် နောက်ပိုင်း အေးချမ်းသွားသည်။ ၁၅ နှစ်ကျော် ချစ်ခဲ့သည့်အချစ်၊ နှစ်ပေါင်း နှစ်ဆယ်လောက် မိမိတစ်ဦးတည်း တာ၀န် ရှိသကဲ့သို့ထမ်းပိုးထားရသည့် မိသားစု တာ၀န်...။

အရာအားလုံး...။ ထပ်ပြီးသေချာတိကျအောင်ပြောရလျှင် အလုံးစုံသောအရာရာအားလုံးကို မိမိနှင့်လားလားမှ မသက်ဆိုင်သကဲ့သို့လွှတ်ချလိုက်နိုင်ပြီ ဖြစ်၏။ ကျွန်တော် စစ်မှန်သောငြိမ်းချမ်းမှုကို ရရှိသွားသကဲ့သို့ပင်။ ယခု ကျွန်တော့် စိတ်လေးပူလောင်ခြင်းမရှိ လွတ်လပ်ကာအေးချမ်းနေလေပြီ။

လွတ်လပ်ခြင်း၏အနှစ်သာရကိုကောင်းမွန်စွာစားသုံးနေ၏။ ညဖက်အိပ်ယာ၀င်ချိန်လည်း ကန့်သန့်မည့်သူမရှိသလို၊ မနက် အိပ်ယာထချိန်သည်လည်း အနှောင်အဖွဲ့ကင်းသည်။ နေ့စဥ် စားရေးသောက်ရေးကိစ္စကိုလည်း စွက်ဖက်မည့်သူ့မရှိ။ အားလပ်ချိန်များကိုလည်း စိတ်ကြိုက်အသုံးချ၍ရသည်။

ခါးစိမ့်စိမ့်ကော်ဖီတစ်ခွက်နှင့် စာအုပ်တစ်အုပ်ကိုအချိန်ငဲ့ကွက်စရာမလိုပဲဖတ်နိုင်သည်။ ရေးချင်သောစားများကို စျာန်၀င်စားသည်အတိုင်း မထတမ်းရေးနိုင်၏။ အပေါင်းအသင်းများနှင့် သွားချင်ရာသွားကာ အငြိုအငြင်ကင်းကာ ပျော်ပါး သောက်စားနိုင်သည်။ ထိုသို့ သွားလာတတ်သည့်တိုင် ကျွန်တော်သည် စည်းလွတ်၀ါးလွတ်နေတတ်သူမဟုတ်ပေ။ ထိုကဲ့သို့ ပင် အပေါင်းအသင်းများကိုလည်း အပေါ်ယံဆီများကိုပေါင်းသင်းလေ့မရှိ။

လွတ်လပ်မှုကိုနှစ်ခြိုက်သည့် သူတစ်ဦးဖြစ်သည့်တိုင် စည်းမဲ့ကမ်းမဲ့အပျော်အပျက်များကို လက်မခံနိုင်သူ ဖြစ်သည်။ အပျော်သည်အပျက်ဖြစ်မသွားစေရန် စောင့်ထိန်းခြင်းဖြစ်၏။

After & BeforeWhere stories live. Discover now