part.8

1.5K 188 1
                                    

Unicode

အိမ်တော်ထဲဝင်လာတာနဲ့အရင်လိုဆဲဆိုသံတွေ
ရောဆူညံသံတွေရောမကြားရတာကြောင့်
ငယ်ကြောက်စိတ်တောင်ဝင်လာရသည်၊တပြိုင်
တည်းမှာပဲကျောရိုးတစ်လျှောက်အေးကနဲပေ၊
ပဒိုင်းသီးတသိုက်ဘယ်ရောက်နေကြပါသလဲ၊
အနည်းဆုံးတော့ဦီးလေးမိုးမြင့်ကိုတွေ့သင့်သည်
လေ၊အခုတော့တစ်ယောက်မှမရှိတာကြောင့်
ငယ်ဧည့်ခန်းထဲမှာထိုင်နေလိုက်သည်၊ဒီနေ့မှ
စောစောထွက်လာမိတဲ့ကိုယ့်ကိုကိုယ်လည်း
တစ်ချက်လောက်ထုသတ်ချင်မိသည်၊ဒါပေမဲ့
၈နာရီကျော်နေပြီဆိုတော့သိပ်လည်းမစော
တော့ပေ၊မနေ့ကရန်ပွဲမှာဝုန်းဒိုင်းကြဲသွားတဲ့
လရိပ်ကိုငယ်တစ်ကယ်လန့်မိသည်၊မိန်းကလေး
ဖြစ်ပြီးဘယ်လောက်များသွေးဆိုးပါသနည်း။

"ခင်ဗျား!!"

လရိပ်ခေါ်တော့တုန်တက်သွားတဲ့တစ်ယောက်
ကြောင့်ခပ်မဲ့မဲ့ပြုံးလိုက်ပါသည်၊ဘာတွေများ
တွေးနေလို့လူတစ်ယောက်လုံးလှေကားပေါ်က
ဆင်းလာတာကိုတောင်မမြင်ရပါသနည်း၊
နွေလဝန်းငယ်တို့ခေါင်းသေးသေးလေးနဲ့
မဟုတ်တာလုပ်ဖို့များကြံစည်နေသလား။

"ဟက်!..လန့်သွားတာဆိုတော့ဘာတွေများ
မဟုတ်တာလုပ်ဖို့စဉ်းစားနေတာလဲ"

"မင်း!..ကြည်သာလရိပ်..မင်းမရိုင်းစိုင်းနဲ့!!"

အနာပေါ်တုတ်ကျသွားတဲ့နွေလဝန်းငယ်တို့က
တော့ဆတ်ဆတ်ခါနာပြလေတာပေါ့၊တရှူးရှူး
တရှားရှားနဲ့လရိပ်ကိုအခုပဲမသေမချင်းထသတ်
တော့မဲ့စိတ်ကိုထိန်းချုပ်ထားရတဲ့အတိုင်း၊
လူကြည့်တော့လရိပ်တစ်ချက်စာမရှိဘူး၊

"အကျိုးလိုလို့ညောင်ရေသွန်းနေတာကိုကျုပ်
မသိဘူးထင်နေသလား!..ဟင်..ခင်ဗျားကိုကြည့်
ရတာအဖေအရွယ်ကိုယူပြီးခန္ဓာကိုယ်နဲ့
အပေးအယူလုပ်မဲ့ပုံပဲနော်"

"ကြည်သာလရိပ်!!မင်း..မင်း!ဘယ်လိုတောင်
ရိုင်းစိုင်းရတာလဲ..ဟမ်!.မင်းစိတ်နဲ့နှိုင်းပြီးရိုင်း
လိုက်တာပဲ..ငါ့ကိုဘယ်လိုအတန်းအစားထဲက
လို့မင်းထင်နေတာလဲ!!"

ငယ်အံတင်းတင်းကြိတ်ထားလိုက်ပြီးအရှေ့က
ဂျို(ချို)မပါတဲ့နွားအားစိုက်ကြည့်ပေးလိုက်
သည်၊ဒီထက်စော်ကားတာများလာရင်တော့
ကြည်သာစံအိမ်ရဲ့သခင်မလေးဆိုတဲ့ဂုဏ်ပုဒ်ကို
လည်းငယ်ထည့်မတွက်နိုင်တော့သလိုဦးလေး
မိုးမြင့်ရဲ့မျက်နှာကိုလည်းမထောက်ထားနိုင်
တော့ပေ၊ဒီအရိုင်းအစိုင်းရဲ့မျက်လုံးထဲမှာ
ငယ်ဟာဒီလောက်တောင်တန်ဖိုးမဲ့နေခဲ့သည်တဲ့၊
အေးပေါ့လေ..ခွေးစိတ်ပေါက်နေတဲ့သူက
ချီးစားဖို့ကိုပဲသိမှာပေါ့၊

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now