Part.28

2K 179 5
                                    

Unicode

ကားပေါ်ကနေသေချာပွေ့ကာငယ့်ကိုချီလာ
လိုက်သည်၊ငယ်ကအခြေအနေကောင်းနေပြီ
မို့ဆေးရုံကနေဆင်းရလေသည်၊ဒီမနက်ပဲ
လရိပ်တို့မောင်နှမတွေသွားခေါ်လာတာပင်၊
အန်တီဆည်းဆာတို့လိုက်မယ်ပြောပေမဲ့
အိမ်မှာစောင့်နေခိုင်းကာလရိပ်ပဲငယ့်ကိုသွား
ခေါ်လာခဲ့သည်၊ဟိုအရှုပ်ထုတ်တွေကတော့
သိမ်းစရာရှိတာတွေဝိုင်းကူရအောင်ဆိုတဲ့
အကြောင်းပြချက်နဲ့မရမကအတင်းလိုက်
လာလို့ခေါ်လာရလေသည်၊အိမ်ထဲရောက်
တော့အန်တီဆည်းဆာတို့ကငယ့်ကိုဆိုဖာ
ပေါ်ချခိုင်းတာမို့သေချာဂရုတစိုက်ချပေး
လိုက်ပြီးလရိပ်ပါဝင်ထိုင်လိုက်သည်။

"သား..အအေးသောက်အုံး"

"ဟုတ်ကဲ့အန်တီ"

အန်တီဆည်းဆာလာပေတဲ့အအေးကိုတစ်ခါ
တည်းမြိုချလိုက်တော့ငယ်ကအထူးအဆန်း
လိုကြည့်လာလေသည်၊လရိပ်မျက်စိလှမ်း
မှိတ်ပြလိုက်ကာ

"ဒါဆိုကျုပ်ပြန်တော့မယ်"

"အယ်..ပြန်တော့မလို့လားကွယ်"

"မပြန်ရပါဘူး!"

ငယ့်ရဲ့ခပ်ဆောင့်ဆောင့်အော်သံကြောင့်
အကြည့်တွေအားလုံးကငယ့်ဆီရောက်လာ
လေသည်၊စိတ်မလုံသလိုလည်ပင်းကိုပွတ်
ကာ

"ငယ်ဘာမှပြန်မမှတ်မိသေးဘူးလေ
ကြည်သာလရိပ်နဲ့အတူနေရင်တစ်ခုခုများ
ပြန်မှတ်မိမလားလို့"

လရိပ်ကတော့ငယ့်ကိုစိုက်ကြည့်ပြီး
ပြီတီတီမျက်နှာနဲ့ရယ်လေသည်၊ထိုအခါ
ငယ့်မျက်နှာကရဲတက်သွားလေသည်၊

"ဟုတ်ပါတယ်ကွယ်..သမီးနဲ့အတူတူနေပါ
လားလရိပ်ရယ်..လက်ထပ်ပြီးနေပြီပဲဟာ"

"ကျုပ်ကငယ့်အိမ်မှာလိုက်မနေချင်ပါဘူး
လာပြီးကပ်စားနေသလိုဖြစ်နေမယ်
ကျုပ်ကငယ့်ကိုပဲခေါ်သွားပြီးရှာကျွေးချင်
တာ"

‌အန်တီဆည်းဆာကခပ်ပြုံးပြုံးဖြစ်နေပေမဲ့
ငယ်ကတော့ပိုပြန်ပြီဆိုတဲ့သဘောနဲ့လှမ်း
ကြည့်လေသည်၊လရိပ်ပြောတာတစ်ကယ်ပင်
အကယ်ဒမီရှော့တွေလုပ်နေတာမဟုတ်ရ။

"ဒါပေမဲ့ငယ်နေစေချင်ရင်ကျုပ်နေမယ်
ထဗျာ..အခန်းထဲသွားကြရအောင်ပင်ပန်း
နေပြီကျုပ်အသက်ရဲ့!"

ရွာကပဒိုင်းသီးလေးများWhere stories live. Discover now