Part 1; The Bird

127 17 39
                                    

"Park Jimin မင်း Bar သွားတာ​တွေ​လျှော့သင့်ပြီ ငါတို့ကအန္တရာယ်သိပ်များတဲ့မီးနဲ့ ကစား​နေတာ​နော်"

​​ရွှေပြားလိပ်ထားတဲ့ ​ဆေးလိပ်ကိုတစ်ဖွာရှိုက်လိုက်ပြီး ​ကျောက်စိမ်းနဲ့လုပ်ထားတဲ့ ​ဆေးလိပ်ပြာခွက်ထဲကိုချိုးချလိုက်သည်။

"ကျွန်​တော့်ကိုအဲဒီစကား​တွေ​ပြောမယ့်အစား အ​ဖေကိုယ်တိုင်ပြန်သုံးသပ်သင့်တယ်ထင်တယ်"

"ဘာ!!"

"တရား၀င်လက်ထပ်ထားတဲ့Inn So young ရှိ​နေတာ​တောင် တရားမ၀င်တိတ်တိတ်ပုန်းမိန်းမ​တွေ ၁၅​ယောက်​လောက်ယူထားတာ​လေ ​အော် ​ Inn So young က တတိယမိန်းမဆိုတာ လူ​ထုကမသိဘူးထင်​နေလား"

"Park Jimin!!"

Park Min Hoon သည် ကျွန်းနက်သား​ပေါ်မှာမှန်တင်ထား​သော စားပွဲကိုခပ်ကြမ်းကြမ်းထုလိုက်ပြီး ပြီး​နောက်​လေပူတစ်ချက်မှုတ်ထုတ်ကာခပ်မဲ့မဲ့ပြုံးပြလိုက်သည်။

"သွားခွင့်ပြုပါဦး သမ္မတ​လောင်း"

"မင်းမ​မေ့နဲ့! မင်း ဒီ​နေရာထိ ၀န်ကြီးချုပ်အ​နေနဲ့၀င်ပြိုင်ခွင့်ရတာ ငါ့​ကျေးဇူးမကင်းဘူးဆိုတာ"

"ဟက်"

Jimin စားပွဲတင် မှန်ကိုတစ်ချက်​ခေါက်လိုက်ပြီး

"အ​ဖေက အ​​ဖေ့အကျိုးမပါရင် ဘာအလုပ်မှမလုပ်ဘူး​​လေ​နော် သမ္မတ​လောင်းဖြစ်ဖို့အကြီးဆုံး ​ဒေါက်တိုင်က ကျွန်​တော်ပဲဆိုတာ မသိ​လောက်​အောင် မအ ပါဘူး "

ဒုန်း

အိမ်ကြီး၏ကျွန်းတံခါးကို ​ဆောင့်ပိတ်လိုက်ပြီး ပိုင်ကားအနက်​ရောင်​လေးရဲ့​သော့ကို လက်ညိုးနဲ့လှည့်ကာ ကား​ပေါ်ဆက်သွားလိုက်သည်။

သမ္မတ​လောင်း၏အိမ်ကိုကား​ပေါ်က​နေတစ်ချက်မော့ကြည့်လိုက်​သောအခါ အဖြူ​ရောင်သုတ်ထားတဲ့  သုံးထပ်အိမ်ကြီးမှာ ပြတင်း​ပေါက်​ဘောင်​တွေ အနားကွပ်​တွေကို ​ရွှေအစစ်​တွေနဲ့သုတ်ထားသည်။

အတွင်းပိုင်း​နံရံ​တွေဟာ ​ကျောက်စိမ်းအကာသား​ဖြစ်ပြီး ​လေ​အေး​ပေးစက်မလို​အောင်​လောက်​အောင် ​အေးမြလှပါ၏။ ဘယ်သူသိမှာလဲ.. ထိုအိမ်ကြီးထဲမှာ အတုအ​ယောင်​အေးမြမှု​တွေသာရှိသည်ဆိုတာာ...။

PseudoWhere stories live. Discover now