Part 13

1.8K 171 14
                                    

နောက်တစ်နေ့ကျောင်းရောက်တော့
ထယ်ယောင်းတစ်ယောက် ဆိုးဂျွန်ကို သူ့နားနေခန်းထဲမှာ စောင့်နေလိုက်သည်။
အချိန်ခနကြာတော့ ဆိုးဂျွန်လဲရောက်လာခဲ့သည်။

TH - ရှေ့နေ့က‌ဘာပြောလဲ?

ဆိုးဂျွန် - အချိန်ယူရဦးမယ်တဲ့ 1ပတ်ထဲနဲ့ ကွာရှင်းဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ပြောတယ်

TH - ဒါဆို?

ဆိုးဂျွန် - 6လအနည်းဆုံးစောင့်ရမယ်တဲ့

TH - ဘာ 6လကြီးများတောင် oh my god

ဆိုးဂျွန် - မင်းမှာဘာပြဿနာရှိလို့တုန်း

TH - hyung ကျနော့်မှာ ချစ်ရသူရှိတယ်

ဆိုးဂျွန် - ဘာကြီး? ဘယ်တုန်းကလဲ? ဘယ်သူတုန်း?

TH - ပြောရမယ်ဆို ကျနော့် ကျောင်းသားထဲကတစ်ယောက်

ဆိုးဂျွန် - ဒါဆိုမင်း ဘာလို့ ဟိုသနားစရာကောင်းတဲ့ ကောင်လေးကို လက်ထပ်ခဲ့တာလဲ?

TH - hyung အကုန်သိနေရဲ့သားနဲ့ ကျနော့်ကို မေးနေသေးတယ် ကျနော်သူ့အမေရဲ့ စကားတွေကို လွန်ဆန်နိုင်စွမ်းမှ မရှိတာကို

ဆိုးဂျွန် - ဒါပေမဲ့ 6လတော့ အနည်းဆုံးစောင့်ရမယ်တဲ့
ဒီဟာကလွဲပြီးလဲ တခြားရွေးချယ်စရာမရှိတော့ဘူး

TH - ဒါဆိုလဲ ဘယ်တတ်နိုင်မလဲဗျာ ကျနော် အတန်းသင်စရာရှိသေးလို့ သွားတော့မယ် bye

ဆိုးဂျွန် - bye

ထို့နောက် ဆိုးဂျွန်လဲ နားနေခန်းထဲထွက်သွားသည်။
သူတို့နှစ်ယောက္မသိလိုက်တာက တတိယနားထောင်သူရှိနေတာကိုပဲ
အဲ့တတိယလူကလဲ တခြားသူမဟုတ် ဂျောင်ဟိုပင်။
ဂျောင်ဟိုလဲ ဆရာတို့ နှစ်ယောက်ပြောနေတာအကုန်ကြားသွားပြီး မှဲ့ပြုံးပြုံးကာ ထွက်လာခဲ့သည်။

ဆိုးဂျွန်လဲ သူ့ကား‌နားရောက်တော့ ကားထဲ၀င်မလို့ရှိသေး အနောက်ကတစ်ယောက်ယောက်ခေါ်သံကြားလိုက်ရသည်။
သူလဲလှည့်ကြည့်လိုက်တော့ တခြားသူမဟုတ်
‌ဂျွန်ဂျောင်ဂုပင်။

ဆိုးဂျွန် - ဟေး ဂျောင်ဂု မင်းဒီမှာ ဘာလုပ်နေတာလဲ?

Jk - ကျနော် ဒီမှာစာသင်နေတာလေ hyung
Hyungကကော ဒီကို ဘာလာလုပ်တာလဲ?

ကောင်ဆိုးလေးရဲ့ ဆရာ (Completed)Where stories live. Discover now