အပိုင်း ၁ (Uni/Zawgi)

2.4K 99 9
                                    


ဟိုးး ရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည် ရှိခဲ့ဖူးတယ်။
သိပ်လှပတဲ့ တိုင်းပြည်ပေါ့။

မှိုင်းညို့နေတဲ့ တောင်တန်းတွေ ဝန်းရံနေသော တိုင်းပြည် ၊
ပင်မ မြစ်နှင့် အခြား မြစ်လက်တက်များ အသွယ်သွယ် စီးဆင်းနေသော တိုင်းပြည် ၊
ရတနာ ကျောက်မြတ်ထွက်သော တိုင်းပြည်၊

၁၂ ရာသီ မပျက်
ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာလျက် ရှိသော တိုင်းပြည် ၊
ရှားပါးတိရစ္ဆာန်နှင့်
ကုန်းနေ ရေနေ သတ္တဝါများ ပေါများသော တိုင်းပြည် ၊
ထို သို့ သယံဇာတ ပေါများသော ပြည်၊
တိုင်းပြည် အပေါင်း၏ အားကျ အာရုံစိုက်ခြင်းကို ခံရသော တိုင်းပြည် ။

ထို ပြည်ဟာ ယွမ်မင်းဆက်တို့ အုပ်စိုးသော
ယွမ်ပြည်ထောင် ဖြစ်သည်။
ယွမ်ပြည်ထောင်ဟာ အင်အားကြီး နိုင်ငံ
မဟုတ်သလို သေးငယ်တဲ့ နိုင်ငံလည်း မဟုတ်ပေ။

တိုင်းပြည် အတွင်းရှိ လူများသည်
မဟုတ်မမှန် မပြော၊
သူတစ်ပါးကို မကောင်းကြံခြင်း မရှိ၊
အပုပ်ချခြင်းမရှိ၊
ပကတိ စိတ်ထားကောင်းမွန်သည်မှာ
အောက်ခြေပြည်သူပြည်သား ကအစ
ဘုရင် မှူးမတ် အဆုံး ဖြစ်သည် ။
ထို့ကြောင့် ထိုတိုင်းပြည်တွင် မတရားမှု မရှိ ၊
ထောင်ရှိသော်ငြား အကျဥ်းသား မရှိ ပေ။

ထိုတိုင်းပြည်တွင် နာမည်ကြီးသည်ကား မျက်နှာဖုံးအုပ် စစ်သူကြီး မျိုးရိုးများပင် ဖြစ်သည် ။
ဟုတ်သည်..၊ ဒီတိုင်းပြည်က စစ်သူကြီး မှန်သမျှ မျက်နှာဖုံး တပ်ကြသည်။
မျက်လုံးအောက်မှ စ၍ လည်ပင်းထိ ကိုယ့်အမှတ်အသား ကိုယ်စားပြုအရောင်များဖြင့် အုပ်ထားရခြင်း ဖြစ်သည် ။
မျက်နှာဖုံးအုပ် စစ်သူကြီး များ ဟု
နာမည်ကြီးကြသည်။
လက်ဝဲ စစ်သူကြီး ၊ လက်ယာစစ်သူကြီး နှင့်
နယ်ခြားစောင့် စစ်သူကြီး အမျိုးမျိုး ရှိကြသည်။
ထူးချွန်ထက်မြတ်မှုနှင့် ရဲစွမ်းသတ္တိ
ပြည့်စုံကြသောကြောင့် အိမ်နီးချင်းတိုင်းပြည်များအထိ ဂုဏ်သတင်းထင်ရှားကျော်ဇောသည်။

ယခု ယွမ်ပြည်ထောင်တွင်
ဝမ်မင်းဆက် အုပ်စိုးနေခိုက် ဝမ်မင်းကြီး ၏ သူငယ်ချင်း ဖြစ်သူ စစ်သူကြီးသည်
နယ်စပ်ဒေသအား စောင့်ကြည့် စေလွှတ်ရန်
အမိန့်ကျလာသည်။
စစ်သူကြီး၏ ဇနီးသည်လည်း အမျိုးသမီး စစ်သူကြီးပင် ဖြစ်ပြီး ကိုယ်ဝန်အရင့်အမာနှင့်
ဖြစ်သောကြောင့် အတူတကွ ရွေ့ပြောင်းရန်
စီစဥ်ပြီး
နယ်စပ်ကို မသွားခင် ဝမ်မင်းကြီး ထံ လာနှုတ်ဆက်ကြခြင်း ဖြစ်သည်။

စစ်သူကြီးအား တော်ကောက်ခြင်း Where stories live. Discover now