အပိုင်း ၄

1.2K 89 27
                                    


"နောင်ကြီး..
ဟိုနားက အဆောင်က ခမ်းနားတယ်နော်၊
ကျနော်တို့ အဆောင်နဲ့ သိပ်မတူသလိုပဲ။"

"အေး မင်းသား၊ မင်းသမီး တွေ ၊
ဒါမှမဟုတ် အမတ်သားသမီး တွေရဲ့ အဆောင် ထင်တယ် ။
ဒါပေမယ့် နည်းနည်းတော့ ကျဥ်းသလားလို့။"

မနက်စာ စားအပြီး အဆောင်ရှေ့ လမ်းလျှောက်နေရာကနေ ဟွိုက်ဆန်း နှင့် ကျန်းချန်က
တစ်ဖက်က အဆောင်ကို အကဲခတ်နေကြခြင်း ဖြစ်သည် ။

"အဲ့လို ခွဲခြားပြီးထားတာမျိုးတော့ မရှိဘူး တဲ့
နောင်ကြီးရဲ့၊
ဘယ်သူ့အဆောင်ပါလိမ့်
အတော်ခမ်းနားတယ်။"

"ငါလည်း မသိတော့ဘူးကွာ၊
ဒါနဲ့
ရှောင်းကျန့် ဘယ်ရောက်သွားလဲ ။"

"ခုန ရေချိုးကန်ဘက် ထွက်သွားတာ
ကျနော် တွေ့လိုက်တယ် ။"

"ဟုတ်လား ၊
ဒါနဲ့ ငါတို့ ပညာမသင်ခင် ၂ ရက်အချိန်ရတာ
ဘာလုပ်ကြမလဲ။"

"ကျနော်ကတော့ မြို့ထဲ လည်ဖို့ အကြံပေးချင်တယ်၊
နောင်ကြီးက ဘယ်သွားဖို့ စဥ်းစားထားလဲ။"

"ငါလည်း မြို့ထဲ လည်ဖို့ စဥ်းစားထားတာ၊
ရှောင်းကျန့် လာရင် ပြောပြပြီး ငါတို့ ၃ ယောက် သွားကြစို့ ။"

"ကောင်းတယ် နောင်ကြီး၊
ကျနော် ယမကာဆိုင်ကောင်းကောင်းနဲ့
ဆောင်ကြာမြိုင် ကောင်းကောင်း ကို သိထားတယ်။"

ဟွိုက်ဆန်းက တက်ကြွစွာပင်.. ယပ်တောင်လေး
တဖျပ်ဖျပ်ခပ်ရင်း ကျန်းချန်ကို လှမ်းပြောသည်။
သို့ပေမယ့်..

"ဂွပ်...!"

ကျန်းချန်က အားအနည်းငယ်ထည့်ပြီး ဟွိုက်ဆန်း ကို ခေါက်လိုက်တော့သည်။

"အာ့ !!
ဘာလို့ ခေါက်တာလဲ နောင်ကြီး ရ"

ငယ်ထိပ်ကို လက်ဖဝါးနဲ့ ပွတ်ရင်း ဟွိုက်ဆန်းက ရှုံ့မဲ့စွာ မေးတော့..

"စားဖို့ သောက်ဖို့ လည်ဖို့ ပတ်ဖို့ သွားမှာ ကွ၊
မင်းရဲ့ ဆောင်ကြာမြိုင် နဲ့ ယမကာဆိုင်ကနေ ပြန်ထွက်လာပြီးရင် ငါတို့ကို နန်းတွင်းကနေ ကြိမ်ဒဏ်ပေးခံရမှာ သိလား...။"

"အယ်...ကြိမ်.ကြိမ်ဒဏ်လား..၊
ဘယ်တုန်းက အဲ့အမိန့် ထုတ်လိုက်တာလဲ။"

စစ်သူကြီးအား တော်ကောက်ခြင်း Where stories live. Discover now