အပိုင်း ၆

1.2K 75 23
                                    


ပတ်ဝန်းကျင်၏ ရုတ်ချည်းပြောင်းလဲမှုကို ရှောင်းကျန့် မှင်သပ်မိနေပေမယ့် အိမ်ရှေ့စံကတော့ သူ့ခေါင်းပေါ်က ကျန့်ကော ထိုးပေးသည့် ဆံထိုးလောက် ထိုပတ်ဝန်းကျင်ကို အာရုံ မလာပါချေ။
ပြောရရင် အစကတည်းက အိမ်ရှေ့စံ က ပတ်ဝန်းကျင်ကို ဂရုမစိုက်တာ ဖြစ်သည် ။

မှင်သေသေမျက်နှာထားနှင့်
ဆံထိုးကို လက်နဲ့ စမ်းကာ  အိမ်ရှေ့စံ တစ်ယောက် စိတ်ထဲ မှ ကြိတ် ပီတိဖြစ်နေတော့သည်။
ထို့နောက် ခေါင်းကို ဘယ်ညာယမ်းနေတုန်း

"... ကောကော ပြုတ်မကျအောင် သေချာလုပ်ပေးထားတာ ၊
ပေါ်ပေါ် က ဒီဆံထိုးလေးနဲ့ တကယ်လိုက်တယ်
ချောမောနေရော.."

ရှောင်းကျန့် ထိုသခင်လေး ပေါ်ပေါ် ခေါင်းပေါ်က ကျောက်စိမ်းဆံထိုးလေး ကို ကြည့်ရင်း ပြောလိုက်သည်။
တကယ်လည်း ပေါ်ပေါ် သည် ကျောက်စိမ်းဆံထိုးလေး နှင့် အလွန်ပင် လိုက်ဖတ်သည်။
ကျောက်စိမ်းသခင်လေး လို့တောင် ခေါ်ရမလိုပင်။

"ကျန့်ကောရောပဲ...လှပနေရော "

ရုတ်ချည်းပင် အိမ်ရှေ့စံကလည်း ကျန့်ကော နဲ့ ဆံထိုးလေးက တကယ်လှသည်ကို ထုတ်ပြောမိသွားသည်။
ထို့နောက် သူ့ဘဝမှာ ဘယ်သူ့ကိုမှ မချီးကျူးဖူးတာကို အိမ်ရှေ့စံ သတိရသွားပြီး တစ်ချက် ပြုံးမိသွားသည်။
ဟုတ်တယ်...
ကျန့်ကောက လှတယ် ။
သူ ကိုယ်တိုင် ထိုးပေးတဲ့ ဆံထိုးနီနီလေးနဲ့ တကယ်လှတာ။
ကျန့်ကော မို့လို့ ချီးကျူးတာ။
မဟုတ်ဘူး.. ကျန့်ကော တစ်ယောက်ပဲ ချီးကျူးမှာ။

" မဟုတ်ဘူးလေ ပေါ်ပေါ် ..ချောမောတယ်လို့ ပြောရတယ် "

မိန်းမပျိုများအား သုံးသည့် အသုံးအနှုန်းဖြင့် ခိုင်းနှိုင်းခြင်းခံရတော့ ရှောင်းကျန့် စိတ်ထဲ သဘောမကျသလို  
မနေတက်ဖြစ်သွားသည်။
ကလေးမို့ စကားအပြောမတက်တာ ဖြစ်မည် ထင်ပြီး ပြင်ပေးဖို့ ဆုံးဖြတ်လိုက်သည်။
သို့ပေမယ့်...

"လှပတယ်ဆိုတာကရော မရဘူးလား"

"မရတာတော့ မဟုတ်ပေမယ့်... အဲ့တာက"

ပေါ်ပေါ်က ထိုအသုံးအနှုန်းကိုပဲ ဆက်တိုက်ပြောနေတော့ ရှောင်းကျန့်
ပြောရခက်နေတုန်းး

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jul 02, 2023 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

စစ်သူကြီးအား တော်ကောက်ခြင်း Tahanan ng mga kuwento. Tumuklas ngayon