ဇာတ်လမ်းမိတ်ဆက် -
အမတ်မင်းတဦးရဲ့ သမီးဖြစ်သူ ဗီအိုလာက မြို့စား ဖီးလစ်နဲ့ သူမရဲ့ စေ့စပ်ပွဲကို ဖျက်သိမ်းချင်နေလေရဲ့...
အဲ့ဒီအချိန်မှာပဲ မတော်တဆမှုတခုဖြစ်ပြီး သတိရလာတော့ အတိတ်မေ့သွားဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်
ဒါပေမယ့်... ဖီးလစ်က သူမ နားမလည်နိုင်တဲ့ မုသားစကားတွေကို ပြောလာလို့ ဗီအိုလာ ရုတ်တရက် စိတ်တွေရှုပ်ထွေးသွားခဲ့ပါတယ်. ဘယ်လို မုသားတွေလဲ ဆိုတော့...
"ကိုယ်နဲ့ မင်းက တယောက်ကိုတယောက် ချစ်နေခဲ့ကြတာ"
"ကိုယ်တို့ နှစ်ယောက်ပဲ သီးသန့် ရှိနေချိန်ဆို မင်းက ကိုယ့်ကို ဖီလ် လို့ ခေါ်တာလေ"
အဲ့လိုနဲ့ အတိတ်မေ့ဟန်ဆောင်နေရင်း ဗီအိုလာ တယောက် ကိုးရိုးကားရား အခြေအနေမှာ ချောင်ပိတ်မိနေပါတော့တယ်...
YOU ARE READING
ခရမ်းနုရောင် မုသား - Myanmar Translation
RomanceTitle : ခရမ်းနုရောင် မုသား - When I Faked Amnesia to Break off My Engagement, My Fiancé Casually Told Me a Ridiculous Lie-"You Were in Love With Me Before You Lost Your Memory." Author - Kotoko 琴子 Translation group - American Faux Description: အမတ...