Chapter 3 : စေ့စပ်ပွဲဖျက်ဖို့ အချိန်ကျပြီ

82 10 0
                                    

(Unicode)

ကျွန်မရောက်ပြီး သိပ်မကြာခင်မှာပဲ ကျွန်မမိဘနှစ်ပါးပါ ပန်းချီခန်းထဲ ရောက်လာသည်။ ကျွန်မမေမေက ဖေဖေ့နံဘေးမှာ ထိုင်လိုက်ပြီး ကျွန်မကတော့ သဘာဝကျကျပဲ ဖီးလစ်နံဘေးမှာ ဝင်ထိုင်လိုက်ပါသည်။

သူ့နံဘေးမှာ ဝင်ထိုင်ပြီးနောက် အသက်ဝဝရှူသွင်းကာ သူ့ပုခုံးစွန်းကို ကျွန်မလက်ညှိုးဖြင့် တို့လိုက်၏။ ချက်ချင်းပင် သူက တလက်လက်တောက်ပနေသည့် ရွှေရောင်မျက်လုံးများဖြင့် လှည့်ကြည့်လေသည်။

"Umm, လှပတဲ့ပန်းတွေ ပို့ပေးလို့ ကျေးဇူးပါ.. သခင်လေး ဖီးလစ်ကို ဒီလို သဘောကောင်းတဲ့သူ တယောက်ဖြစ်မယ်လို့ မထင်ထားခဲ့ဘူး, ကျွန်မရင်ထဲ, အာ, ဘယ်လိုပြောရမလဲ . . . စိတ်လှုပ်ရှားပြီး ကြည်နူးမိသလိုပဲ . . . "

ကျွန်မပြုံးပြီးပြောလိုက်ရာ ပြန်ရသည့် တခုတည်းသော တုံ့ပြန်မှုက သူအကြည့်လွှဲသွားခြင်း ဖြစ်လေသည်။ သူ့တုံ့ပြန်ပုံကို ကြည့်ပြီး ကျွန်မစိတ်ထဲ ပိုသေချာသွား၏ — သူ့ကို မိန်းကလေးတွေ ချီးကြူးမြှောက်ပင့်ပြီး ပြောတာကို သူ မကြိုက်ပါ။

အမှန်အတိုင်းပြောရရင် အဲ့ဒီလို အမူအရာလုပ်ပြီး ပြောရတာ တကယ်ရှက်ဖို့ကောင်းသည်။ ဒါပေမယ့်လည်း ကိုယ့်ကိုယ်ကို ပြန်အားပေးလိုက်ရသည် — ဒီလိုလုပ်ရတာ ငါ အရင်ကနဲ့ မတူတော့ဘူးဆိုတာ သိသာအောင်လို့ပဲ! ငါ အခု အတိတ်မေ့နေတာ!

ပြောင်ချော်ချော်ပုံစံ ဟန်ဆောင်နေရင်း သူ ကျွန်မအပေါ်ထားသည့် သဘောထားကို ပြောင်းလဲဖျက်ဆီးပစ်ရမည်။ အဲ့ဒါဆို သေချာပေါက်, နောက်ကျရင် သူ ကျွန်မနဲ့ စေ့စပ်ထားတာကို ဖျက်ပစ်မှာပဲ — ဒါ လုံးဝပြီးပြည့်စုံတဲ့ အစီအစဉ်ပဲ!

သူ့ကို နည်းနည်း ထပ်တွန်းပေးဖို့လိုတယ်ဟု တွေးမိပြီး သူ့ပေါင်ပေါ်ထားထားသည့် သူ့လက်ဖဝါးပြင်ကျယ်ပေါ်သို့ ကျွန်မလက်ကို ညင်သာစွာ တင်လိုက်သည်။ သူလုံးဝ နှစ်မြို့မည်မဟုတ်မှာ သေချာ၏ — သေချာစဉ်းစားကြည့်လျှင် ပထမဆုံးတွေ့သည့်အကြိမ်မှာပင် ဟိုကိုင် ဒီကိုင် လုပ်နေသည် မဟုတ်ပါလား။ ဒါ သူမုန်းတီးစက်ဆုပ်တဲ့ မိန်းမအမျိုးအစားပဲဆိုတာ ခြွင်းချက်မရှိ သေချာသည်။ စကားမစပ်, သူ့လက်က စားပွဲအောက်ရောက်နေသည့်အတွက် ကျွန်မလှုပ်ရှားနေတာတွေကို ကျွန်မမိဘတွေ မမြင်ရပါ။

ခရမ်းနုရောင် မုသား - Myanmar TranslationWhere stories live. Discover now