ခံယူချက်/ခံယူခ်က္

102 37 2
                                    

ခံယူချက်

ခံယူချက်လေးတစ်ခုက ဘဝနဲ့ပတ်သတ်တဲ့အမြင်ကို ပြောင်းလဲပေးစေနိုင်တယ်။

ဥပမာ အထီးကျန်စွာ ဖြတ်သန်းခြင်း နှင့် တစ်ကိုယ်တော် လျှောက်လှမ်းခြင်း

အထီးကျန်စွာ ဖြတ်သန်းခြင်း ဆိုတဲ့စကားလုံးမှာ လိုချင်တာ မရတဲ့ အချက်နဲ့ ချစ်ရသူနှင့်ကွေကွင်းခြင်း ဆိုတဲ့ အချက်တွေပါဝင်နေတယ်။

ဒီအမြင်နဲ့ဆိုရင် လက်ကျန်ဘဝက အတော်လေး ဝမ်းနည်းဖို့ ကောင်းပါလိမ့်မယ်။

တကိုယ်တော်လျှောက်လှမ်းခြင်း ဆိုတဲ့ စကားလုံးထဲမှာ ချစ်ခြင်း၊မုန်းခြင်းကိုလည်း တွေ့ကြုံဖြတ်သန်းခဲ့ပြီးပြီ။ အရာအားလုံးက ဘာမှ မထူးဆန်းတဲ့အရာလို့ ရှုမြင်နိုင်တဲ့အထိ စိတ်ဓါတ်က ရင့်ကျက်လာခဲ့ပြီ။ ကိုယ့်ဘေးမှာ ဘယ်သူတွေ ရှိပါစေ၊ ဘယ်သူတွေ ထွက်ခွာသွားပါစေ ကိုယ့်ဘဝကို မသက်ရောက်စေတော့ဘူး။

ဒါက ဖယ်ခွာခံရခြင်း မဟုတ်ပဲ ကိုယ့်ရဲ့ရွေးချယ်မှုဖြစ်တယ်။ ဒီအချက်က ဘဝကို တည်ငြိမ်စွာ ဆက်လျှောက်စေဖို့ ခွန်အားအပြည့်ရှိစေတယ်။

May King


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.



ခံယူချက်







May King




























Value of LifeWhere stories live. Discover now