သစ်မွှေး နှင့် လောကဓံတရား

76 15 3
                                    

သစ်မွှေး နှင့် လောကဓံတရား


ဘဝမှာ အနိမ့်မြင့်၊ ဆင်းရဲချမ်းသာ၊ ရက်စက်ခြင်း၊ ကြင်နာခြင်းကို ရင်ဆိုင် ဖြတ်သန်းရတာကို လောကဓံ ရိုက်ခတ်မှုနဲ့ ကြုံရခြင်းလို့ခေါ်တယ်။

ဘဝမှာ လောကဓံနဲ့ ရင်ဆိုင်ခြင်းမခံရပဲ အရိပ်အောက်မှာ နေခွင့်ရတာက မင်္ဂလာတစ်ပါးပါ။ ဒါပေမယ့် အရိပ်အောက်မှာ ရှင်သန်ရတဲ့ သစ်ပင်လို ချည့်နဲ့ပြီး သန်မာခြင်းတော့ ကင်းတာပေါ့။

မိုးလေနှင်းစသလို လောကဓံတရားကို ရင်ဆိုင်ရတဲ့သူတွေမှာ ကံဆိုးသူတွေ၊ ခံနိုင်ရည်မရှိသူတွေက ကြွေလွင့်ပျက်စီးခဲ့ရတယ်။ ဒါပေမယ့် ဒီလောကဓံတရားကို ရင်ဆိုင်ကျော်လွှားနိုင်သူတွေကတော့ ရင့်ကျက်သွားကြတယ်။

ရင့်ကျက်ခြင်းဆိုတာ လူ့သဘောသဘာဝကို နှလုံးသားအောက်ခြေထိ စွဲနေအောင် နားလည်သွားပြီး တော်ရုံမတုန်လှုပ်တော့ပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်တာကို ခေါ်တယ်။

ကိုယ့်ကို မြှောက်ပင့်နေရင် စိတ်ကြီးမဝင်သလို၊ ကိုယ့်ကို အထင်သေးနေရင်လည်း မသိမ်ငယ်တော့ဘူး။ ဘယ်သူက ဘာကို လိုချင်လို့ ဘာစကားပြောတယ်ဆိုတာ အလိုလို နားလည်လည်ပြီး သင့်တင့်လျောက်ပတ်စွာ တုန့်ပြန်တတ်လာတယ်။

သစ်မွှေးဆိုတာ သူ့အလိုလို မွှေးလာတာ မဟုတ်သလို ရင့်ကျက်မှုဆိုတာ သူ့အလိုလို ပေါ်ပေါက်လာတာ မဟုတ်ဘူး။

ရောဂါဘေးဘယာကို တုန့်ပြန်ဖို့ သစ်ပင်ရဲ့ကိုယ်က ထုတ်ပေးတဲ့ အရာကြောင့် အဖိုးတန်သစ်မွှေးဆိုတာ ပေါ်လာသလို ရက်စက်တဲ့လောကဓံတရားကြောင့် ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ နှလုံးသားက ဖြစ်တည်လာတယ်။

May King


************-************************


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.





































သစ္ေမြႊး  (Agarwood) နွင့္ ေလာကဓံတရား


ဘဝမွာ အနိမ့္ျမင့္၊ ဆင္းရဲခ်မ္းသာ၊ ရက္စက္ျခင္း၊ ႀကင္နာျခင္းကို ရင္ဆိုင္ ျဖတ္သန္းရတာကို ေလာကဓံ ၇ိုက္ခတ္မႈနဲ႕ ႀကံဳရျခင္းလို႕ေခၚတယ္။

ဘဝမွာ ေလာကဓံနဲ႕ ရင္ဆုိင္ျခင္းမခံရပဲ အရိပ္ေအာက္မွာ ေနခြင့္ရတာက မဂၤလာတစ္ပါးပါ။ ဒါေပမယ့္ အရိပ္ေအာက္မွာ ရွင္သန္ရတဲ့ သစ္ပင္လို ခ်ည့္နဲ႕ျပီး သန္မာျခင္းေတာ့ ကင္းတာေပါ့။

မိုးေလနွင္းစသလို ေလာကဓံတရားကို ရင္ဆုိင္ရတဲ့သူေတြမွာ ကံဆိုးသူေတြ၊ ခံနုိင္ရည္မရွိသူေတြက ေၿကြလြင့္ပ်က္စီးခဲ့ရတယ္။ ဒါေပမယ့္ ဒီေလာကဓံတရားကို ရင္ဆိုင္ေက်ာ္လႊားနိုင္သူေတြကေတာ့ ရင့္က်က္သြားႀကတယ္။

ရင့္က်က္ျခင္းဆုိတာ လူ႕သေဘာသဘာဝကို နွလံုးသားေအာက္ေျခထိ စြဲေနေအာင္ နားလည္သြားျပီး ေတာ္ရံုမတုန္လႈပ္ေတာ့ပဲ တည္တည္ျငိမ္ျငိမ္နဲ႕ ရင္ဆုိင္နိုင္တာကို ေခၚတယ္။

ကိုယ့္ကို ေျမွာက္ပင့္ေနရင္ စိတ္ႀကီးမဝင္သလို၊ ကိုယ့္ကို အထင္ေသးေနရင္လည္း မသိမ္ငယ္ေတာ့ဘူး။ ဘယ္သူက ဘာကို လိုခ်င္လို႕ ဘာစကားေျပာတယ္ဆုိတာ အလိုလို နားလည္လည္ျပီး သင့္တင့္ေလ်ာက္ပတ္စြာ တုန္႕ျပန္တတ္လာတယ္။

သစ္ေမႊးဆိုတာ သူ႕အလိုလို ေမႊးလာတာ မဟုတ္သလို ရင့္က်က္မႈဆုိတာ သူ႕အလိုလို ေပၚေပါက္လာတာ မဟုတ္ဘူး။

ေရာဂါေဘးဘယာကို တုန္႕ျပန္ဖုိ႕ သစ္ပင္ရဲ႕ကိုယ္က ထုတ္ေပးတဲ့ အရာေႀကာင့္ အဖိုးတန္သစ္ေမႊးဆုိတာ ေပၚလာသလို ရက္စက္တဲ့ေလာကဓံတရားေႀကာင့္ ရင့္က်က္တဲ့ လူတစ္ေယာက္ရဲ႕ နွလံုးသားက ျဖစ္တည္လာတယ္။


May King













You've reached the end of published parts.

⏰ Last updated: Apr 17, 2023 ⏰

Add this story to your Library to get notified about new parts!

Value of LifeWhere stories live. Discover now