Part5

57K 2.5K 127
                                    

Uni

  အခန်းထဲကိုကျလာတဲ့နေရောင်ခြည်ကြောင့်ကုတင်ပေါ်မှာကုတင်ခေါင်းရင်းအားမှီလို့ငြိမ့်သက်နေသည့်ခေတ်တစ်ယောက်တောက်စ်တစ်ချက်ခေါက်မိသည်။

" တောက်ခ်..."

" လာပြီလာပြီကိုယ်လာပြီ!!..."

  တောက်ခ်တစ်ချက်ခေါက်အဆုံးအခန်းထဲကိုဆန်ပြုတ်ခွက်ထည့်ထားတဲ့စတီးလင်ဗန်းကြီးကိုင်ကာဝင်လာသူကိုခေတ်တစ်ချက်သာကြည့်မိသည်။ထလုပ်ကအောင်လဲ...အင်း...လုပ်လို့မှမရတာ။

" ဆောရီး ဆန်ပြုတ်ကိုကိုယ်ပြုတ်ခိုင်းထားတာဆန်ကမာနေသေးလို့...လာပါးစပ်ဟ..ကိုယ်ခွန့်ပေးမယ်.."

" မ..လို..ဘူး..ဖယ် ကျွန်တော့်ကျောင်းသွား..အာ့ အားး "

  ခေတ်တစ်ယောက်ဆန်ပြုတ်လာတိုက်သူကိုမျက်စောင်းတွေပစ်ထိုးပေးလို့ကုတင်ပေါ်ကနေထရန်ပြင်လိုက်တော့နာကျင်နေတဲ့အောက်ပိုင်းကြောင့်လူကမထနိုင်။

" အယ် ကလေးရယ်ဆရာဝန်ကနေမကောင်းသေးဘူးလို့ပြောထားတယ်မှတ်လား...ကိုယ်အစစအရာရာလုပ်ပေးမယ် ကလေးကဒီကုတင်ပေါ်မှာထိုင်နေပါ...နော်ကိုယ်ပြောတာနားထောင် "

" မထောင်ဘူး!!!...ခင်များကိုလေ..."

" ဘာခင်များလဲ လမ်းမလျှောက်ချင်တော့ဘူးလား ဟမ် ဟမ် "

  ညကတည်းကအချိုးတွေပြောင်းကုန်ကာခင်များလို့တပ်တပ်ခေါ်နေသူကိုမုန်းမာန်တစ်ယောက်မျက်လုံးပြူးကာခြိမ်းခြောက်လိုက်တော့ကြောက်သွားဟန်တူ ကိုယ့်နှုတ်ခမ်းကိုကိုက်ကာဒေါသတွေဖြေသိမ့်နေသူလေး။

" ဟူးးးကျွန်တော်တကယ်သတ်ပစ်ချင်တယ်...သေအောင်သာညကလုပ်လိုက်ပါလား ဟမ်!! ဒါဆိုအခုလိုမနာကျင်နေတော့ဘူး ကျွန်တော်ထိုင်နေရင်းအငွေ့ပြန်သွားရင်ကောင်းမယ် အူးဝါးးး "

  ညကဝုန်းဒိုင်းကြဲမိတာကြောင့်မုန်းမာန်ကလေးအားသနားမိပေမဲ့လဲဒီကောင်လေးကအလျော့ပေးရင်ယောင့်တက်တက်သည်။အခုကတည်းကဆိုးသွမ်းနေတဲ့အချိုးတွေကိုပြင်ပေးထားမှ သားသားမီးမီးလေးတွေရလာရင်စံပြပါးပါးဖြစ်မှာ။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now