Part20 (ဇာတ်သိမ်းပိုင်း)

43.4K 2K 388
                                    

Uni

အချိန်တွေဟာလူကိုမစောင့်ဆိုတဲ့စကားပုံကသိပ်မှန်တာဘဲ။တစ်နှစ်တစ်နှစ်ကဒီနေ့နဲ့မနက်ဖြန်ရောက်မဲ့အချိန်ထက်မြန်တယ်။အချိန်လေးတစ်ခုအတွင်း ဖြစ်တည် ပျက်စီး တည်ရှိ အရာရာကလွယ်ကူခဲ့ပေမဲ့နှလုံးသားထဲကတည်ရှိရာအရပ်တစ်ခုဟာလုံးဝကွယ်မပျောက်ခဲ့....

~ = ~ = ~

( ၆နှစ်ကြာပြီးနောက်....)

" ကိုယ်မင်းကိုသဘောကျတယ်...."

" ကျွန်တော်သဘောမကျဘူး..."

" တွဲကြည့်မှသိမှာပေါ့ကွာ...ကိုယ့်တို့တွဲကြည့်ရအောင်..."

လမ်းမလေးတစ်လျှောက်စက်ဘီးတွန်းလာတဲ့ဖြူဖြူဖွေးဖွေးသွယ်သွယ်လျလျနဲ့တစ်ချက်ကြည့်လိုက်ရင်မိန်းကလေးနဲ့အနည်းငယ်ဆင်တဲ့ကောင်ငယ်လေးနောက်ကို ပန်းစည်းကြီးကိုင်လို့ချစ်ကြောင်းတွေလိုက်ဖွင့်ဟနေတဲ့ကောင်လေးတစ်ယောက်။

" ကျွန်တော့်နောက်ကိုဆက်မလိုက်နဲ့တော့....အကို့ကတတိယနှစ် ကျွန်တော်ကပထမနှစ်...ကျွန်တော့်မှာစာလုပ်ဖို့အချိန်ရှိသေးတယ်..."

" ကိုယ့်မှာငွေရှိတယ်..."

" အကို့မှာငွေရှိလဲ ကျွန်တော်စိတ်မဝင်စားဘူး...ကျွန်တော်ချစ်တာငွေမဟုတ်ဘူး..."

ကောင်ငယ်လေးဟာအေးအေးလူလူသာပြောလို့စက်ဘီးလေးနင်းထွက်လာပေမဲ့ကျန်ခဲ့တဲ့ကောင်လေးကတော့အငြင်းခံလိုက်ရလို့ဒေါတွေပွကာပန်းစည်းကြီးကိုပစ်ချလို့တက်ပါနင်းနေလေသည်။

ခေတ်ခြံထဲမှာပန်းပင်တွေရေလောင်းနေရင်းခြံထဲကိုစက်ဘီးလေးဝင်လာတာကြောင့်ပန်းပင်တွေရေလောင်းရင်းပြုံးမိသည်။

" သားနွယ်....ပြန်လာပြီလား "

" ပါးပါး..."

ခေတ်ရေလောင်းတာကိုရပ်ပစ်လို့သားနွယ်လေးရဲ့မျက်နှာအားလှည့်ကြည့်လိုက်သည်။ဟုတ်တာပေါ့ခုနကရည်းစားစကားလိုက်ပြောခံရတဲ့အလှလေးဟာနွယ်ဘဲ...တကယ့်ကိုနွယ်က၆နှစ်အကြာမှအများကြီးပြောင်းလဲလာခဲ့တာဘဲ။

" စက်ဘီးပတ်စီးတာမပျော်ဘူးလားနွယ်..."

ခေတ်အမေးကိုခေါင်းခါလာသည့်သားလေးဟာအရင်ကလိုအားနည်းလွယ်တတ်တဲ့ကောင်ငယ်လေးမဟုတ်တော့။ပြောရမယ်ဆို ဖုံးကွယ်လာတတ်တဲ့အရွယ်လေးရောက်လာခဲ့ပြီ...သားလေးက၁၈ပြည့်ပြီးလို့ကျော်တောင်ကျော်နေပြီ။အခုခေတ်ကောင်လေးတွေလိုဆံပင်အုပ်အုပ်လေးဖြင့် ဘာဆေးချယ်သမှု့မှမရှိတဲ့ရုပ်ကလေးဟာကျောင်းမှာနာမည်ကြီးလှတဲ့ကြွေရုပ်လေး။မိန်းကလေးတွေကောယောကျာ်းလေးတွေကပါလိုက်ကြိုက်ကြလို့ကျောင်းပြောင်းချင်ပေမဲ့လဲ ခေတ်အရင်ကတက်ခဲ့တဲ့ကျောင်းမို့လုံခြုံတယ်ဆိုပြီးအဲ့မှာသာဆက်တက်နေခြင်း။

သူငယ်ချင်းသမက် ( Completed ) Where stories live. Discover now