Our destiny (Part 3)

57 7 0
                                    

Unicode

" လမင်းကဒုတိယနှစ်တတ်နေတာလား "

" အင်း ဟုတ်တယ် "

တစ်ယောက်နဲ့တစ်ယောက်မိတ်ဆက်ပြီး အဆောင်တွေဘက်ဆက်လျှောက်လာရင်း စကားဆက်မိတာတာ သူကဒုတိယနှစ်ကျောင်းသူတဲ့။

" မိုးစက်က ပထမနှစ်ထင်နေတာ "

" အင်း ဖြစ်တတ်ပါတယ်။ တက္ကသိုလ်ကျောင်းဝင်းထဲမှာဆို အကုန်လုံးကမတိမ်းမယိမ်းတွေပဲကိုး "

သူကလက်ကိုပိုက်ကာ လမ်းလျှောက်ရင်းဆိုတယ်။မနေ့ကလို လက်ထဲမယ်ဖိုင်အိတ်မပါ။
ကျောင်းဝ‌ကနေဆိုလျှောက်မယ်ဆို မိုးစက်တို့
မေဂျာကိုအရင်ရောက်တာမို့လို့ ခပ်လှမ်းလှမ်းကသင်္ချာဆောင်ကို လှမ်းမြင်နေရတယ်။

" သူငယ်ချင်းတွေဖြစ်သွားပြီဆိုတော့ ဖုန်းနံပါတ်လဲကြမလား။ အကြောင်းတစ်ခုခုရှိရင်လည်း ဆက်သွယ်ကြတာပေါ့ "

မိုးစက်ပြောလိုက်တော့ သူကခေါင်းတဆက်ဆက်ငြိမ့်ပြီး အနွေးထည်အိတ်ထဲကဖုန်းကိုမိုးစက်ဆီကမ်းပေးတယ်။သဘောပေါက်သွားတဲ့မိုးစက်ကလည်း သူ့ဖုန်းကနေတဆင့် ကိုယ့်ဖုန်းဆီခေါ်လိုက်တယ်။ လွယ်အိတ်ထဲက တုန်ခါလာတဲ့ဖုန်းကြောင့် ပြန်ချလိုက်တယ်။

" အဲ့တာဆိုသွားတော့မယ်နော်။မိုးစက်တို့အဆောင်ရောက်ပြီ "

မိုးစက်နှုတ်ဆက်စကားဆိုတော့ သူကအဆောင်ကိုတစ်ချက်လှမ်းကြည့်ပြီး ‌ပြုံးကာခေါင်းငြိမ့်ပြတယ်။မိုးစက်လည်းသူ့ကိုကျောခိုင်းကာ အဆောင်ထဲဝင်ခဲ့တော့တယ်။
______________________________________

လမင်းစာသင်ခန်းထဲရောက်တဲ့အထိ အပြုံးတွေကိုမရပ်နိုင်။ မိုးစက်နွေက မာနကြီးတဲ့လူထဲတော့မပါပေမယ့် သူ့သူငယ်ချင်းတွေကလွဲရင်ကျန်တဲ့သူတွေကို အရမ်းအရောဝင်တတ်တဲ့သူမဟုတ်မှန်းသိတယ်။ လမင်းကျမှဘာလို့ သူငယ်ချင်းလုပ်မယ်ပြောပြီး ဖုန်းနံပါတ်ကအစတောင်းသွားလဲလို့တွေးရင်းနေရာမှာထိုင်နေတာတောင်သတိမထားမိဘူး။

" အမယ်လေး လမင်းသော်တာ။ အခန်းထဲဝင်လာကတည်းက အခုထိပြုံးစိစိကြီးနဲ့ ငုတ်တုတ်မေ့နေတာလား "

Our destiny Where stories live. Discover now