Our destiny (Part 8)

44 5 0
                                    

Unicode

မိုးစက်ကားမှတ်တိုင်မှာစောင့်ရင်း ဦးဟန်ဆီကမက်(စ်)ဆေ့ကိုမျှော်နေမိတယ်။ မနက်တိုင်းလမင်းနဲ့ ကားအတူတူစီးချင်လို့ လမင်းတို့ကားမှတ်တိုင်နားမှာဦးဟန်ကို စောင့်ခိုင်းပြီးလမင်းစီးသွားတဲ့ ကားနံပါတ်ကိုဦးဟန်ကလှမ်းပို့ပေးတယ်။မိုးစက်တို့မှတ်တိုင်ကို အဲ့ကားရောက်လာရင်မိုးစက်က စီးတယ်။အဲ့လိုမျိုးကို ဦးဟန်က ကူညီပေးတယ်။မိုးစက်လည်းမျှော်နေရင်း ဦးဟန်ကဖုန်းဆက်လာတယ်။

" ဟယ်လို ဦးဟန်။သူလမ်းထဲကမထွက်လာသေးဘူးလား "

" ထွက်လာပြီ သမီးရယ် "

ဦးဟန်အသံကတစ်ခုခုကိုအလိုမကျသလိုဖြစ်နေပုံပဲ။

" အဲ့တာဆို သမီးကို နံပါတ်ပို့ပေးလေ။တော်ကြာမှတ်တိုင်ရောက်လာပြီး သူပါလာတဲ့ကားကကျော်သွားအုန်းမယ် "

" ဦးဟန်လည်း ဘယ်ကနေဘယ်လိုပြောရမှန်းမသိဘူး သမီးလေးရယ် "

မိုးစက်ရင်ထဲ လေးပင်လာတယ်။လမင်းသော်တာတစ်ခုခုများဖြစ်လို့လားဆိုပြီး။

" လမင်းဘာဖြစ်လို့လဲ ဦးဟန် "

မိုးစက်ရင်ထဲကဆုတွေတောင်းနေရင်းမေးလိုက်တယ်။

" လမင်းကဘာမှမဖြစ်ပါဘူး။သူကားပေါ်တတ်သွားပြီ။ဒါပေမယ့် အရင်နေ့တွေကလိုတစ်ယောက်ထဲ မဟုတ်ဘူး။ဘေးနားမှာ သူနဲ့ရွယ်တူလောက်ရှိတဲ့ ကောင်လေးတစ်ယောက်ပါတွေ့လိုက်တယ်။သူပါကားပေါ်ပါလာတယ် "

မိုးစက်ကြိုတင်မတွေးမိထားတဲ့ အတွေးကြီးက မိုးစက်ခေါင်းကိုထိုးကိုက်လာစေတယ်။လမင်းမှာချစ်သူရှိနေတာလား။မိုးစက်တော့ လမင်းကိုကောင်လေးတွေနဲ့တော့တစ်ခါမှတွဲမတွေ့ဖူးဘူး။ဒါပေမယ့် ဒီကျောင်းကလူမဟုတ်ဘူးဆိုရင်ရော။မိုးစက်အတွေးတွေက ခေါင်းထဲချာချာလည်နေပေမယ့် လူကတော့ကျောက်ရုပ်ပမာ မလှုပ်မိ။

" ဟယ်လို သမီးလေး ကြားရလား "

တစ်ဖက်မှဦးဟန်အသံ။

" သူတို့နှစ်ယောက်ကို ဘယ်လိုပုံစံမျိုးနဲ့တွေ့တာလဲ။ နှစ်ယောက်သားလက်တွေတွဲထားကြသေးလား "

Our destiny Where stories live. Discover now