Our destiny (Part 18)

81 5 0
                                    

Unicode

" ဟာ မွှေးနေတာပဲ။ ဘာတွေချက်နေကြတာတုန်း"

မိုးစက်ကျောင်းကပြန်အလာ အိမ်ပေါ်ထပ်တတ်ဖို့လှေကားတတ်နေတုန်း ရလိုက်တဲ့အနံ့ကြောင့် ခြေလှမ်းတွေက လှေကားကနေပြန်ဆင်းပြီး မီးဖိုဆီဦးတည်မိတယ်။

" မေကြီးက အစောကြီးပြန်ရောက်နေတာလား "

မီးဖိုးချောင်ထဲအဝင် ဟင်းကိုယ်တိုင်ချက်နေတဲ့အမေ့ကိုမြင်လို့‌မိုးစက်မေးမိတယ်။ပုံမှန်ဆို ၆နာရီကျော်လောက်မှပြန်ရောက်တတ်တာ။

" ဟုတ်တယ် မိုးစက်လေးရေ။ သမီးရဲ့ဖေကြီးပေါ့
ဒီနေ့သူ့ကျောင်းတုန်းကသူငယ်ချင်းတစ်ယောက်ကို ထမင်းစားဖိတ်ထားလို့တဲ့။ အဲ့တာ အမေ့ကို ကိုယ်တိုင်စီစဉ်ပေးပါဆိုလို့ အမေဆိုင်က စောစောပြန်လာတာ "

" ရှယ်ပဲ။ ဒီနေ့မေကြီးလက်ရာစားရတော့မယ်။ အမဲသားဆိုတော့ သမီးအကြိုက်ပဲ "

မိုးစက်လွယ်အိတ်ကို ထမင်းစားထိုင်ခုံတစ်ခုပေါ်တင်ပြီး အမေ့နားသွားရပ်လိုက်တယ်။

" သိနေတယ်လေ မားမားရဲ့မိုးစက်အကြိုက်လေးကို။ စားပြီးရင်သမီးဖေကြီးက သူ့သူငယ်ချင်းနဲ့သောက်အုန်းမှာထင်တယ်။ အမဲသားစတိတ်လေးပါလုပ်ခိုင်းထားတယ်။ သမီးရောစားအုန်းမလား။ မေကြီးပိုလုပ်လိုက်မယ် "

" စားတာပေါ့ မားမားရဲ့။ အသောက်လေးရော "

" အတက်ကောင်းတွေ အတက်ကောင်းတွေ "

" အား အား မားမား နာတယ် "

မေကြီးဗိုက်ခေါက်လှမ်းဆွဲတာကို မိုးစက်ရှောင်လိုက်ပေမယ့် မူပိုစွာမိုးစက်ညည်းတွားပြလိုက်တော့ အမေကရီတယ်။

" သွား ဖေကြီးနဲ့ မမလည်း ဒီနေ့အစောပြန်လာလိမ့်မယ်။ ဧည့်သည်တွေနဲ့တူတူစားဖို့
သမီးဖေကြီးက မှာထားတယ်။ လာရင် မားမားခေါ်ခိုင်းလိုက်မယ်။ သွားနားတော့ "

" ဟုတ်ကဲ့ပါရှင် "

မိုးစက်လည်း ခုံပေါ်တင်ထားတဲ့လွယ်အိတ်ကိုလက်ကပဲကိုင်ကာ အိမ်ပေါ်တက်ခဲ့တော့တယ်။ထုံးစံအတိုင်း သီချင်းလေးနားထောင်ကာမိုးစက် လေ့ကျင့်ခန်းလုပ်တယ်။ ၅နာရီထိုးတော့ ရေချိုးဖို့ပြင်ရတယ်။ ကားသံကြားလို့ အခန်းပြတင်းပေါက်ကနေ ငုံ့ကြည့်တော့ ဖေကြီးနဲ့မမပြန်လာတာကို တွေ့တယ်။ ရေမြန်မြန်ချိုးမှပဲ။
ဖေကြီးက အရမ်းမတင်းကြပ်ပေမယ့် စည်းကမ်းရှိတဲ့လူမျိုး။ မိုးစက်ကအဖေ့ကို ချစ်ကြောက်ရိုသေလေးစား တယ်။ ငယ်ငယ်ကတည်းကပဲ။ ပုံမှန်ဝတ်နေကျ အိမ်ဝတ်စုံမဟုတ်ပဲ မိုးစက်ပိုကြည့်ကောင်းအောင်ဝတ်စားရတယ်။
ဧည့်သည်လာမှာကိုး။ ပုခုံးထောက်နေတဲ့ ဆံပင်ကို တစ်ဝက်စုစည်းလိုက်တယ်။ ပြင်ဆင်လို့ပြီး အောက်ထပ်ကိုအဆင်း အလယ်ထပ်ရောက်တော့ အောက်ထပ်ကစကားပြောသံ အချို့ကိုကြားရတယ်။ ဧည့်သည်တွေရောက်နေပြီထင်တယ်။
မိုးစက်လည်း အလယ်ထပ်ကနေ အောက်ထပ်ကိုဆင်းတော့

Our destiny Where stories live. Discover now