6.4K 510 13
                                    

ဝမ်ရိပေါ်က ရှောင်းကျန့်ကို သူ့ဝတ်ရုံဖြင့် ပတ်ကာ ပွေ့ချီလာပြီး ခုတင်ပေါ် တင်သည်။ ရှောင်းကျန့်က ခုတင်ပေါ်တွင် ကျုံ့ကျုံ့လေး ထိုင်ရင်း သူ့ကို မော့ကြည့်နေ၏။

"မင်းက ကောဆိုတာကို ဘာလို့ ငါ့ကို မပြောတာလဲ။ ငါက မင်းခင်ပွန်းဆိုတာရော သိသေးရဲ့လား... ဟမ်"

ဝမ်ရိပေါ်က ဒေါသထွက်နေတာကြောင့် ရှောင်းကျန့်၏ ပခုံးစွန်းလေးနှစ်ဖက်ကို အားဖြင့်ဖိကိုင်ထားရင်းမာန်မဲသည်။ ရှောင်းကျန့်က သူ့ကို အရည်လဲ့နေသည့်မျက်ဝန်းများဖြင့်သာ ကြည့်နေပြီး စကားတစ်ခွန်းမျှ ပြန်မပြောဘဲ မျက်လွှာချသွား၏။

ဝမ်ရိပေါ်က အိပ်ဆောင်ထဲတွင် ဟိုဘက်သည်ဘက်လျှောက်ရင်း သူ့ဒေါသသူ ဖြေလျှော့သည်။ အရင်က သူတို့နှစ်ယောက် အိမ်ထောင်သက် နှစ်နှစ်နီးပါးရှိခဲ့သော်လည်း ရှောင်းကျန့်က သူ့ကိုမချစ်တာကြောင့်ရော၊ ကျန်းမာရေးကြောင့်ရော အတူမနေဖြစ်ခဲ့ကြပေ။ သူ သေသည်အထိ ရှောင်းကျန့်က ကောမှန်း မသိသွားခဲ့။

အတန်ကြာမှ ရှောင်းကျန့်က သူ့ကို အသံတိုးတိုးလေးဖြင့် မဝံ့မရဲခေါ်သည်။

"အရှင်"

ဝမ်ရိပေါ်က လှည့်ကြည့်လိုက်တော့ ရှောင်းကျန့်က တံတွေးမြိုချလိုက်ပြီးမှ ဆက်ပြောသည်။

"ကျွန်တော် အင်္ကျီဝတ်လို့ ရလားဟင်"

ထိုအခါမှ ဝမ်ရိပေါ်က ခုတင်ပေါ်တွင် ​ပုံ့ပုံ့လေးထိုင်နေသူကိုကြည့်မိသည်။ သူ့ဝတ်ရုံကြီးတစ်ခုတည်း ခြုံထားတာကြောင့် ရှောင်းကျန့်က လက်ဖျားလေးများပင်မြှုပ်နေ၏။ ပိုးသားနှယ်ပျော့အိပြီး နုထွေးနေသည့် ဆံသားများကလည်း ကပိုကယိုကျနေ၏။ ဝမ်ရိပေါ်က ခုတင်ပေါ်ရောက်နှင့်နေသည့်အလှလေးကို တကယ်အလွှ​တ်မပေးချင်တော့ပေ။ သူက ရှောင်းကျန့်အနားသို့တိုးကပ်သွားပြီး နှုတ်ခမ်းပါးလေးကို ထိကပ်ရုံ ဖွဖွလေးနမ်းသည်။

"ပြီးရင်လဲ ချွတ်ရမှာပဲကို... ဝတ်မနေနဲ့တော့"

ရှောင်းကျန့်က သူ့ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေပြီးမှ ခေါင်းငုံ့သွားပြန်သည်။ သူက မေးဖျားမှ ပင့်မကာနမ်းရှိုက်တော့ မရုန်းကန်တော့ဘဲ ငြိမ်နေ၏။

Behind the Beauty Where stories live. Discover now