5.8K 506 7
                                    

သန်းခေါင်ယံအချိန်တွင် ဝမ်ဧကရာဇ်က နိုးလာပြီး သူ့နံဘေးကိုကြည့်သည်။ ရှောင်းကျန့်က စောင်ကို တင်းနေအောင်ဆုပ်ကိုင်ထားပြီး ကွေးကွေးလေး အိပ်နေသဖြင့် သူက ခြေထောက်ကို ဆွဲဆန့်ပေးလိုက်ပြီး စောင်ကို သေချာခြုံပေးသည်။ ပြီးမှ အိပ်ဆောင်အပြင်ဘက်ထွက်လာ၏။ ကွေ့ရှန်းအဆောင်တစ်ဆောင်လုံးက တိတ်ဆိတ်နေပြီး လေညင်းက ဆော်နေ၏။

ဝမ်ရိပေါ်က အဆောင်အပြင်ဘက်ရှိ မိုးမခပင်ကြီးဆီ လျှောက်လာပြီး ကျောက်စားပွဲတွင် ဝင်ထိုင်သည်။ လော့အာကလည်း သူ့နောက်မှလိုက်လာပြီးနှုတ်ဆက်သည်။

"ဦးရီးတော်ကို ဂါရဝပြုပါတယ်။"

"အင်း... ကြင်ယာတော် ဘယ်လိုနေလဲ။"

ဝမ်ရိပေါ်က မေးသည်။ လော့အာက ရှောင်းကျန့် နိုးလာသည့် အချိန်မှစ၍ ပြောသမျှ စကားလုံးတိုင်း၊ လုပ်သမျှအလုပ်တိုင်းကို တစ်ခုမကျန် ပြန်လျှောက်တင်သည်။ သူတို့က ဝမ်ရိပေါ် ဧကရာဇ် မဖြစ်လာခင်ကတည်းက လက်သပ်မွေးလာသူများ ဖြစ်၍ ဦးရီးတော်ဟုသာ ခေါ်သည်။

"နည်းနည်းတော့ ရယ်ရပေမဲ့ ကြင်ယာတော်က ဦးရီးတော်ကို အစေခံတွေ အမြင်မကြည်မှာစိုးလို့ ငွေတုံးတွေ ဆုချပေးခဲ့ပါတယ်။ ဒါတွေပါ။"

လော့အာက ငွေတုံးများကို စားပွဲပေါ် တင်ပေးတော့ ဝမ်ရိပေါ်က အံ့သြသွားရသည်။ သူက ရှောင်းကျန့်အပေါ် သံသယဝင်ကာ ကြမ်းကြမ်းတမ်းတမ်းဆက်ဆံနေမိသော်လည်း အဖြူထည်သက်သက် ရှောင်းကျန့်က သူ့အတွက် တွေးပူပေးသေးသည်။

"ကြင်ယာတော်က မင်းကြီးအသုဘကြောင့် ဦးရီးတော် စိတ်ထိခိုက်နေတယ်လို့ ထင်နေရှာတာ။"

လော့အာက ပြောနေစဥ်နောက်ထပ်အမျိုးသမီးတစ်ယောက်ကရောက်လာပြီးနှုတ်ဆက်သည်။

"ဦးရီးတော်... ရှင်းအာ ရောက်ပါပြီ။"

"အင်း... ဘာထူးသေးလဲ။"

"အတွင်းဆောင်အထိ ဝင်ခွင့်မရပါဘူး။ အခုထိတော့မထူးခြားပါဘူး... ဦးရီးတော်။"

"အင်း.. မင်းတို့ သွားနားတော့။ တစ်ခုခု ထူးတာနဲ့ သတင်းပို့ပါ။"

Behind the Beauty Where stories live. Discover now