အပိုင်း ( ၆ )

476 43 24
                                    

ဘွဲ့နှင်းသဘင်မရောက်ခင် အဓိပတိလမ်းမရဲ့ တစ်ဖက်တစ်ချက်စီတွင် ဝိဇ္ဇာခန်းမနဲ့ သိပ္ပံခန်းမဆောင်တို့ ရှိကြသည်။ ဓာတုဗေဒဌာနသည် သိပ္ပံခန်းမရဲ့ အနောက်တည့်တည့်၌ တစ်ဆက်တည်းတည်ရှိပြီး ထိုသိပ္ပံခန်းမနှင့် ဓာတုဗေဒဌာနကို ဆက်သွယ်ထားသော ကော်ရစ်တာလမ်းတွင် ပန်စစ်တို့၏စာသင်ခန်း ၊ Room (B) ဟုခေါ်သော အခန်းလေးရှိသည်။

၂၀၁၄ ခုနစ် Bachelor ( ဘွဲ့ကြို ) ကျောင်းသားများကို တက္ကသိုလ်ကြီးကပြန်လက်ခံပြီဖြစ်ကြောင်း ကြေညာလိုက်သည့်အခါ ပန်စစ်တို့သည် ပထမဆုံးကျောင်းသားကျောင်းသူများအဖြစ် ရောက်ရှိလာကြသည်။ ထိုပထမနှစ်တွင် ကျောင်းသားဦးရေ အနည်းငယ်ဖြင့်သာ လည်ပတ်နိုင်ခဲ့သော ကျောင်းကြီးသည် သိပ်ပြီးမစည်ကားလှသေး။ ပန်စစ်တို့မရောက်ခင် တက်ရောက်နှင့်နေပြီးသော မာစတာတန်းနှင့် ပါရဂူတန်းကျောင်းသားများသာရှိခဲ့သည့် တက္ကသိုလ်ဝင်းကြီးသည် ထိုပထမနှစ်ကျောင်းသားများ ဝင်လာသည့်နှစ်မှစ၍ တမျိုးတဖုံပြောင်းလဲခဲ့ချေသည်။ ထိုအခါမှသာ တက္ကသိုလ်သည် တက္ကသိုလ်အင်္ဂါရပ်နဲ့အညီ ဖြစ်ချေတော့သည်ဟု ဆိုရမည်။ ယခု ငါးနှစ်မြောက်ပြည့်ပြီးသည့်စာသင်နှစ်တွင်တော့ ကျောင်းသားဦးရေကိုလည်း တိုးမြှင့်၍ ဝင်ခွင့်ပေးလာခဲ့သဖြင့် ကျောင်းကြီးသည် ယခင်ကထက် များစွာစည်ကားလာခဲ့သည်။ ၂၀၁၇- ၁၈ စာသင်နှစ်အရောက်တွင်လည်း လှိုင်နယ်မြေ RC ( 2) အထိပါ ထပ်မံဖွင့်လှစ်လိုက်ပြီး ပထမနှစ်ကျောင်းသားများကို တက်ရောက်စေခဲ့ပါသည်။

Room ( B ) သည် နေခဲ့ရသမျှ အခန်းအားလုံးထဲတွင် အကောင်းဆုံးအခန်းဟု ပန်စစ်တို့တွေ သတ်မှတ်ထားကြသည်။ အဖြူရောင်ဆေးသစ်တွေလတ်ဆတ်ဆဲအခန်းမှာ ကျယ်ဝန်းသည်။ ပါကေးအကောင်းစားခင်းကျင်းထားပြီး လေအေးပေးစက်များလည်း တပ်ဆင်ထားသည်။ အသံလည်းလုံသည်။ နံရံနဲ့တွဲလျက် သစ်သားခုံတန်းရှည်ကြီးရိုက်ထားသည်ဖြစ်ရာ စာသင်နားချိန်များဆို သက်သောင့်သက်သာအိပ်ဖို့လည်း နေရာက အဆင်သင့်။

ဤအခန်းလေးထဲတွင် စာသင်ရုံမျှမကပဲ ပျော်ပွဲရွှင်ပွဲများလည်း ကျင်းပခဲ့ကြသည်။ ဟော့ပေါ့ချက်စားပြီး မွေးနေ့ပွဲများကျင်းပခဲ့တော့လည်း ဒီအခန်း၊ မီးမှိတ်ပြီး ပရိုဂျက်တာနဲ့ရုပ်ရှင်ကြည့်ခဲ့ကြတော့လည်း ဒီအခန်း။ အမှတ်တရအဖြစ်ဆုံးကတော့ ဂုဏ်ထူးတန်းမဝင်သည့် သူငယ်ချင်းတွေ တစ်နှစ်ကျောင်းစောပြီးသွားတဲ့အတွက် မနှစ်က ဒီအခန်းထဲမှာ နှုတ်ဆက်ပွဲလုပ်ခဲ့ကြခြင်းပင်။

ဂျူနီယာ ( completed ) Dove le storie prendono vita. Scoprilo ora