အပိုင်း ( ၂၅ ) ( ဇာတ်သိမ်းပိုင်း - ၂ )

446 36 40
                                    

ဒေါ်စိမ်းရီသည် ကျောင်းမှလွှတ်သောကြောင့် နေပြည်တော်သို့ သင်တန်းသွားတက်ရမည့် မနက်၌ အစောကြီး နိုးလာသည်။ အထုတ်အပိုးများမှာတော့ နှစ်ရက်အလိုကပင် ထုတ်ပိုးပြီးသည့်အပြင် ညကလည်းပြန်၍ တခါစစ်ထားပြီးသားမို့ ဒီမနက် ထပ်ပြီးမစစ်ဖြစ်။ သူမစိတ်ထဲမယ် ဂျူနီယာနဲ့စကားပြောဖြစ်သည့်အကြောင်းကိုသာ စိတ်ထဲစွဲနေ၍လည်း အထုတ်အပိုးတွေအကြောင်းကို ခေါင်းထဲမရောက်ချေ။

ဒေါ်စိမ်းရီသည် မသွားခင် ဘုရားစင်၌ သောက်တော်ရေချမ်း ကပ်လှူခြင်း၊ ဘုရားပန်းလဲခြင်း စသည့် ဘုရားဝယာဝစ္စအမှုများကိုပြုလေသည်။ ထိုသို့လုပ်ပြီးသော် ထမင်းပေါင်းအိုးဖြင့် ထမင်းတစ်လုံး တည်ထားလိုက်သည်။ ဦးထွန်းရီနဲ့ ဂျူနီယာ နိုးချိန်လောက်ဆို အဆင်သင့်ကျက်၍ ဟင်းစားပဲ သူတို့ဘာသာပြင်ဆင်စရာလိုတော့အောင် ဖြစ်၏။

" စိမ်းရယ် ၊ ထမင်းတွေချက်နေရသေးလား။ အချိန်ရှိသေး၊ ဒီတိုင်းခဏမှိန်းနေတာ မဟုတ်ဘူး။ ကိုယ်တို့သားအဖ အဆင်ပြေအောင်ချက်ပြုတ်စားတတ်ပါတယ်။ ဂျူနီယာဆို စားသောက်ဆိုင်တောင်ဖွင့်နိုင်တဲ့အထိ ချက်တတ်တဲ့သူဖြစ်နေပြီကို။ ကိုယ်တို့သားအဖ စိမ်းမရှိတုန်း အဆင်ပြေအောင်နေပါ့မယ်။ စိတ်မချမဖြစ်ပဲ သင်တန်းပြီးလို့လည်ချင်တယ်ဆိုလည်း လည်ပတ်ခဲ့။ "

ဒေါ်စိမ်းရီအား အိပ်ယာထဲ၌ မတွေ့ရ၍ ထပြီးလိုက်လာသူ ဦးထွန်းရီသည် မီးဖိုခန်းထဲအသံကြားသဖြင့် ဝင်လာခဲ့ခြင်းဖြစ်သည်။ ထိုအခါ ထမင်းအိုးတည်နေသော ဇနီးသည်ကိုတွေ့ရသဖြင့် အိမ်ကိစ္စများကို စိတ်မပူပဲ အလုပ်ခရီးကိုစိတ်ဖြောင့်ဖြောင့်သွားစေလို၍ ပြောနေရသည်။

" စိတ်ချပါတယ်။ အစောကြီးနိုးလာပြီး ပြန်လည်းအိပ်မရတာနဲ့ ဒီလိုပါပဲ။ ကိုထွန်း ပြန်အိပ်ဦးလေ။ စိမ်းဘာသာ ကျောင်းကိုသွားလိုက်ပါ့မယ်။ "

" မအိပ်တော့ပါဘူး။ စိမ်းကို ကျောင်းအထိတော့လိုက်ပို့မယ်လေ။ အချိန်လည်းမလိုတော့ဘူးဆိုတော့ စိမ်း ရေမိုးသွားချိုးတော့လေ။ "

ဒေါ်စိမ်းရီ ရေမိုးချိုးပြင်ဆင်ပြီးသော် ဦးထွန်းရီသည် ခရီးဆောင်အိတ်နှင့် တခြားအထုတ်အပိုးများကို ခေါ်ထားသည့်တက္ကစီကားပေါ်၌ အသင့်တင်ပြီးဖြစ်၏။

ဂျူနီယာ ( completed ) Tempat cerita menjadi hidup. Temukan sekarang