အပိုင်း ( ၁၁ )

387 39 23
                                    

ရန်ကုန်တက္ကသိုလ်ကြီးတွင် အစဥ်အလာရှိခဲ့သော ပျော်ပွဲရွှင်ပွဲများအားလုံး ကျင်းပပြီးစီးခဲ့လေပြီ။ မောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ သိပ္ပံပြပွဲ၊ ကျောင်းအားကစားပွဲများနဲ့ သင်္ကြန်အကြိုပွဲ၊ စသည့်ပွဲလမ်းသဘင်များကိို အပွဲပွဲနွှဲလာခဲ့သည်မှာ ပထမစာသင်နှစ်ဝက်ကုန်၍ စာမေးပွဲရက်သတ္တပတ်အတွင်းပင် ဝင်လာချေပြီ။

ကျောင်းသားကျောင်းသူများမှာ ကျူတိုရီရယ်ဖြေဆိုဖို့နှင့် လက်တွေ့စာမေးပွဲများဖြေဆိုဖို့အတွက် နေ့စဥ်ကျောင်းသို့လာကြရသည်။ ကျောင်းစာကြည့်တိုက်၌လည်း စာလာကျက်ကြသူတွေ ယခင်နေ့တွေကထက်များလာသည်။ တစ်နှစ်ပြီးတစ်နှစ် ဤကျောင်းကြီးသည် ဤအစဥ်အလာ၊ ဤကျောင်းသားကျောင်းသူများနဲ့ ပုံမှန်လည်ပတ်နေသည်။ စာသင်ဆောင်တွေဆီ ကျောင်းသားလူငယ်များ ရောက်လာကြသည်။ ပညာဆည်းပူးကြသည်။ မိတ်ဆွေအပေါင်းအသင်းများတိုးလာကြသည်။ ပျော်ကြရွှင်ကြသည်။ စာမေးပွဲများ ဖြေဆိုကြသည်။ ပြီးနောက် နှုတ်ဆက်၍ အိမ်ပြန်ကြရသည်။ ကျောင်းပိတ်ရက်ကုန်သော် နောက်တစ်နှစ်ကျောင်းသို့ပြန်လာကြရပြန်သည်။ ဒီလိုလည်ပတ်ရင်းပဲ အပြီးတိုင်နှုတ်ဆက်မခွဲခွာရသေးခင်မှာတော့ မနက်ဖြန်တွေမှာပြန်ပြီးဆုံဦးမှာဟု ရိုးသားစွာ တွေးနေကြသည်။

စာမေးပွဲနီး၍ မေဂျာဌာနတိုင်းတွင် ကျူတိုရီရယ်စာမေးပွဲများစစ်ဆေးနေပြီဖြစ်ရာ ကျောင်းသားကျောင်းသူအများစုမှာ အနည်းနဲ့အများအလုပ်များနေသည့်ကြားမှ ဒီနေ့မှာတော့လူအများက သိပ္ပံခန်းမဆောင်ရှေ့ သစ်ပုပ်ပင်ရှိရာမြက်ခင်းပြင်၌ စုဝေးရောက်ရှိနေကြသည်။ သူတို့အားလုံးသည် အကျည်းတန်ရုပ်ဆိုးသောမြင်ကွင်းပေါ်၌ အာရုံရောက်ရှိနေကြသည်။ ထိုမြင်ကွင်းသည် သူတို့နဲ့တိုက်ရိုက်သက်ဆိုင်သော တစ်နည်းဆိုသော် သူတို့လုပ်ရပ်များမှဖြစ်ပေါ်လာသောအကျိုးဆက်ဖြစ်၍ နောင်တတရားတို့ဖြင့် စုတ်တသပ်သပ်ဖြစ်နေကြလေသည်။

သစ်ပုပ်ပင်ကြီးရှေ့တွင် ပလတ်စတစ်အအေးဘူးခွံများစွာ စုပုံရောက်ရှိနေပြီး အမြင်ပသာဒမရှိလှသောမြင်ကွင်းပဲဖြစ်သည်။ ကျောင်းကြီး၏အစဥ်အလာဂုဏ်သတင်းကြီးလှသော သစ်ပုပ်ပင်ကြီးနဲ့မှ မအပ်စပ်၊ ရုပ်ဆိုးလှသောဤအမှိုက်ပုံကြီးသည် ဘယ်အတွက်ကြောင့်များ ဒီနေရာမှာစုပုံနေရသနည်း။ ပလတ်စတစ်အအေးဘူးခွံများ၏ အလယ်တွင်အမှိုက်ပုံးတစ်ခုရှိနေသည်။ ဘူးခွံများသည် အမှိုက်ပုံးနဲ့မဆံ့ပဲရှိကာ အပြင်သို့လျှံထွက်နေသည်။ တောင်ပုံစာကြီးလို စုပုံ၍ မြက်ခင်းပြင်အနှံ့ ပြန့်ကျဲရှုပ်ပွေနေသည်။ မြက်ခင်းပြင်တစ်ခုလုံးကို အမှိုက်ပုံကြီးကကြီးစိုး၍မင်းမူထားသည်။ နည်းနည်းနောနောရှိလှသော ဘူးခွံအမှိုက်များမဟုတ်။ မနည်းမနောပမာဏကြီးသာပဲဖြစ်သည်။ သစ်ပုပ်ပင်ကြီးမှလွဲ မြက်ခင်းပြင်ဧရိယာတစ်ခုလုံးစာလောက်ပြန့်ကျဲစုပုံနေသော ဘူးခွံများပင်ဖြစ်သည်။ ညစ်ပေလွန်းလှသည်။ အကျည်းတန်လွန်းလှသည်။ ဂုဏ်သိက္ခာကင်းမဲ့လွန်းလှသည်။

ဂျူနီယာ ( completed ) Donde viven las historias. Descúbrelo ahora