Intro

376 23 3
                                    

Uni

"31days.10months"

မှောင်မိုက်နေတဲ့ ညတစ်ည လမင်းကြီးကလည်းကြောက်စရာကောင်းလောက်အောင် နီရဲ၍ကြည့်နေသည်။
ချောက်ချားစရာကောင်းတဲ့ တောင်ပေါ် Highway
လမ်းမကြီးအတွင်းတရွေ့ရွေ့သွားနေသော ကားလေးတစီး။
ထိုကားထဲတွင်တော့လူငယ်တစ်သိုက် သီချင်းဆိုအော်ဟစ်ကာ လိုက်ပါလို့လာလေသည်။

သူတို့သတ်မှတ်ထားတဲ့နေရာဟုဆိုရတဲ့ နေရာတခုကို ရောက်တော့ ထိုကားလေးဟာ တဖြေးဖြေး ရပ်တန့်သွားပြီး
ကားပေါ်မှလူငယ်တစုဆင်းလာကာ မှောင်မဲနေတဲ့တောအုပ်ဘက်ခြမ်းသို့ ဉီးတည်လိုက်လေသည်။

ထိုကားလေးထဲတွင်တော့ ကောင်လေးတဉီးကျန်ခဲ့လေရဲ့။

'ဟေး မင်းမလိုက်တာသေချာလား ဒီထိတောင်ရောက်လာပြီလေ'

ကားထဲကကောင်လေးကတော့ စိတ်ရှုပ်ဟန်ခေါင်းခါပြကာ ကားမှန်ကိုတင်လိုက်လေသည်။

'ဟား ဒီကောင်ငကြောက်ပဲ'

သူတို့ထင်ချင်သလိုထင်လေ အရေးမပါတဲ့စကားတွေ အာရုံစိုက်မနေတတ်တာမို့ လျစ်လျူရှူ့ကာ နေလိုက်သည်။

ဒီကိုလဲ ကိုယ့်သဘောနဲ့ကိုယ်ရောက်လာတာမှမဟုတ်ပဲ ပါတီဆိုပြီး ဉီးတည်ချက်ပြောင်းကာလိမ်ခေါ်လာတဲ့သူတို့အမှားမလား

အခုတော့အရေးမပါတဲ့ဒီနေရာမှာ တယောက်ထဲ

'စိတ်ရှုပ်စရာကောင်းလိုက်တာ'

တိတ်တဆိတ်ရေရွတ်ပြီး seatပေါ်ခေါင်းမှီကာမှေးနေလိုက်သည်။

ခနအကြာတော့ ကားထဲကထွက်လာကာလေအဝရှူနေတဲ့ထိုကောင်လေး

ကားထဲမှာဘယ်သူကကြာကြာနေနိုင်မှာတဲ့လဲ ညောင်းကညောင်းပြီး စိတ်ကျဉ်းကြပ်တယ်

ဘေးပတ်ပတ်လည်လှည့်လည်ကြည့်လိုက်တော့လဲ သစ်ပင်တွေအပြည့်ပင် လူဆိုလို့ သူတယောက်ထဲရှိမည်ထင်။

"ရယ်ရတာက ကိုယ်ရောက်နေတဲ့နေရာဘယ်နေရာမှန်းမသိတာပင် သေချာတာကတော့ ဒါလူအသွားအလာပျက်ပြီး တောင်ပေါ်ကိုဉီးတည်နေတဲ့နေရာပဲ"

The Vampire From A DreamWhere stories live. Discover now