Uni
'အဆင်ပြေရဲ့လားမသိဘူး'
'ရပါတယ်'
'ဟို တို့ထူ'
'ကျေးဇူးပြုပြီး ကျနော့်ကိုမထိပါနဲ့'
'အာ ထပ်တောင်းပန်ပါတယ် တကယ်စက်ဘီးက'
'မလိုပါဘူး'
'ဟို ဒီတိုင်းသွားလို့ဖြစ်ပါ့မလား တို့လိုက်ပို့'
'မင်းသာ ထပ်မတိုက်မိအောင်မောင်းပါ'
'ဆေးခန်းသွားစရာတကယ်မလိုပါဘူးနော်'
တကယ်ပဲနားမလည်တာလား
'သွားလိုက်ပါအုန်းမယ်'
ဟူး တနေ့လောက်လမ်းလျှောက်သွားပါတယ်
Taehyung အနည်းငယ် ပွန်းသွားတဲ့တံတောင်ကိုငုံ့ကြည့်ပြီး
လွယ်အိတ်ထဲကဆောင်နေကြ အနာကပ်ပလာစတာလေး ထုတ်ကာထိုပွန်းသွားတဲ့ တံတောင်ကို ကပ်ပြီး လွယ်အိတ်ပြန်လွယ်ကာခြေလှမ်းတွေကိုအရှိန်တင်လိုက်သည်။
ဒီနေ့မနက်လဲ စိတ်ရှုပ်စရာအတွေးတွေနှိပ်စက်မှုကြောင့် ကားလွတ်သွားကာ လမ်းလျှောက်ရသည်လေ
ကံကောင်းချင်တော့ ဘရိတ်မမိတဲ့စက်ဘီးဝင်ကြုံးတာပါခံလိုက်ရသေးသတဲ့။ရိုးရိုးရှင်းရှင်းဖြတ်သန်းလာတဲ့သူ့ဘဝက ရက်ပိုင်းအတွင်းမှာပင် ရှုပ်ယှက်ခက်သွားရတာတော့ဝင်ခံပါသည်။
အချိန်တွေလဲမမှန်တော့ အိပ်လို့ပင်မရ
အိမ်မက်ဆိုးကလိုက်နေတယ်လေ
အိမ်မက်ဆိုးဆိုလဲ မက်ပြီးကွယ်ပျောက်သွားသင့်တာမလား အရိပ်လိုအမြဲလိုက်နေလို့တော့ဘယ်ဖြစ်ပါ့မလဲအခုကတော့ပို၍ပင် စိတ်ရှုပ်စရာကောင်းနေသည်။
အိမ်မက်လို့အမည်ခံပြီး ပေါ်ပေါ်လာတတ်တဲ့ ထိုမျက်လုံးနီတွေနဲ့သူ
သူကပင် စိတ်အနှောက်အယှက်ရော စိတ်ရှုပ်စရာရော ပိုကောင်းနေသည်မဟုတ်လားနားမလည်နိုင်တဲ့အနှောင်အဖွဲ့မလွတ်သောစကားက သူဘာကိုဆိုလိုမှန်း တကယ်မသိ
အဲ့လို တွေးစရာတွေပေးခဲ့လို့ပိုပြီး အမြင်ကပ်မိပြန်သည်။'အိမ်မက်တခုက အဲ့လောက်နက်နဲဖို့လိုလို့လား'
အိမ်မက်ကတခုခုပြောချင်နေတာလား
ဘာကိုပြောချင်နေတာလဲ လူငါးယောက်သေရလောက်တဲ့ထိ သူ့ကိုပြောချင်နေတာဘာလဲ