5

63 7 1
                                    

Uni

အချိန်အားဖြင့် မိုးပင်ချုပ်နေပြီ စိတ်ပြေလက်ပျောက် အပြင်ထွက်ကာ Ontario မြို့ရဲ့အနံ့အသက်ကိုခံစားရင်း 24hur ဆိုင်တခုဝင်ကာ ခေါက်ဆွဲစားပြီးပြန်ထွက်လာလိုက်သည်။


Ontario မြို့က အခုလိုပွဲတွေမရှိရင်တိတ်ဆိတ်ကာ နားအေးပါးအေးအလွန်ပင်စိတ်ချမ်းသာစရာကောင်းသည်။

အိမ်ပြန်လမ်းတလျှောက် တဖြူးဖြူးတိုက်တဲ့လေလေးအဝရူကာ သီချင်းလေးညည်းရင်းဖြင့် အိမ်တောင်ဘယ်ကဘယ်လိုပြန်ရောက်သွားသည်မသိလောက်အောင်ပင်။

'ဒီညတော့အေးဆေးအနားယူရမယ်'

"ပင်ပန်းနေလို့လားမသိ ခနလေးအတွင်းအိပ်ပျော်သွားတဲ့Taehyung"

'အင်း~'

ကျောပြင်မှရေစက်မှုတို့ကြောင့် လေးပင်နေတဲ့မျက်လုံးအစုံကိုအားခဲဖွင့်လိုက်ရင်ဖြင့်

မှောင်မဲနေတဲ့ နေရာတခု အောက်မှာသူလှဲနေတာပင်။

'သူအိမ်မှာမဟုတ်ဘူးလား အ့'

လက်ထောက်ကာ ထလိုက်တော့အောက်ကအချွန်တခုနဲ့ထိုးမိသွားဟန် အတော်ပင်နာကျင်သွားရသည်။

သတိပြုကာ ဘေးပတ်ပတ်လည်ဝေ့ကြည့်မိတော့ သစ်ပင်တွေအပြည့်ပင် တွေ့ရသည် မှောင်နေပင်မဲ့လဲလရောင်ကြောင့်လူတယောက်မြင်နိုင်သလောက်တော့မြင်ရသည်။

ထရပ်ကာ လမ်းရှာရန်ခြေဉီးတည်ရာလျှောက်နေစဉ် ခြေသံဟာနှစ်ခုထပ်သလိုခံစားလာရပြန်တယ်။
ထပ်လှမ်းရင်သိသိသာသာပေါ်ထွက်လာတဲ့ခြေသံတစုံကြောင့် အနောက်ကိုရဲတင်းစွာလှည့်ကြည့်လိုက်မိတော့ ဘာမှမရှိ။

လျှပ်စီးတွေပါလပ်နေတာမို့ရှင်းလင်းစွာမြင်နေရသည်။
ပထမတခါလျှပ်စီးလပ်လျှင်ဖြင့် သူ့နောက်မှာဘယ်သူမှရှိမနေလို့ စိတ်အေးသွားဟန်ရှိကာ ဆက်လျှောက်ရန်အရှေ့လှည့်မည်အလုပ်
ဒုတိယလျှပ်စီးလပ်ကာ သူ့ရှေ့အရိပ်မဲတခုပေါ်ထွက်လာသည်။

The Vampire From A DreamWhere stories live. Discover now