6

57 9 3
                                    

Uni

"တယောက်ယောက်ဆီကနေထွက်ပြေးနေသလို ကြောက်အားလန့်အားထိုအမှောင်အတိနေရာတွင်ပြေးလွှားနေရပြန်သောသူ"

ဘယ်သူဘယ်ဝါမှန်းမသိပင်မဲ့ တစုံတရာကသူ့နောက်ကို အလွတ်မပေးပဲအသဲအသန် လိုက်နေတာတော့သိသည်။

အရင်မက်နေကြအိမ်မက်တွေလိုမျိုး မဟုတ်ဘဲအခုအခြေအနေက တကယ်အပြင်မှာလက်တွေ့​ပြေးနေရသလိုပင်ခံစားနေမိသည်။

သူဘယ်လောက်ပြေးပြေးလွတ်လမ်းကိုမရောက်နိုင် အတော်ပင်ထိတ်လန့်လို့နေပြီ။

ပုံမှန်ဆိုဒီနေရာကနေသူလွတ်နေပြီမလား
အခုကပြေးနေရသည်မှာ အတော်ပင်ကြာလို့နေပြီ အိမ်နက်အရိပ်အယောင်လဲမတွေ့သလို လမ်းကလဲပျောက်နေသည်။

ဘယ်လောက်ပြေးပြေးဒီနေရာပဲဲပြန်ရောက်နေကာလည်နေသလိုပင်။

သူ့ပတ်ပတ်လည်လည်ကလဲတဖြေးဖြေးပိုပိုမှောင်လာသလို။
တဖြေးဖြေး ပိုပိုမှောင်လာပြီး သူ့နေရာတခုထဲကွပ်လင်းနေကာ ထိုအမှောင်တွေကနေလှုပ်လှုပ်ရှားရှားသူ့ရှေ့မှောက်ပေါ်ထွက်လာသည်က

"အရိပ်မဲ"

မျက်လုံးတစုံထဲပင် လင်းကာ အပြာရောင်ကြီးစိုးနေပြီး ကိုယ်ကတော့အရိပ်မဲသာ။

'ဘယ်ချိန်ထိ ထွက်ပြေးနေအုန်းမှာလဲ'

'မင်း ဘယ် ဘယ်သူလဲ'

'သိရဲ့သားနဲ့'

'အဓိပ်ပါယ်မဲ့တာတွေမပြောစမ်းနဲ့ မင်းဘယ်သူလဲ ဘာကိစ္စ ငါ့ကိုနှောက်ယှက်နေတာလဲ'

'ကိုယ့်သခင်ဆီပြန်လာရုံပါ'

'အဓိပ်ပါယ်မရှိတာ ငါ့ကိုမနှောက်ယှက်နဲ့'

'သခင်ဆီပြန်လာရုံပါ'

'ငါမင်းကိုမသိဘူး ငါ့ဆီလာစရာလဲမလိုသလို မင်းကိုလဲမလိုအပ်ဘူး စိတ်အနှောက်အယှက်တွေ'

'သေချာပေါက်လာရမှာပါ'

'စကားနားမလည်တာလား'

'လာရမှာပါ'

'ရှစ် ​ေ-ာက်ရေးမပါတာ'

'သေချာပေါက်လာရမှာပါ လာရမှာပါ လာရမှာ လာရမှာ'

The Vampire From A DreamWhere stories live. Discover now