Page13 ♡ Part(4)

79 6 0
                                    

Page13(4)

"ဂျီမင်း"

"အင်း ပြောလေ ထယ်"

"မင်း ဟိုအိမ်မှာ နေရတာရော အဆင်ပြေရဲ့လား"

"အင်း ပြေပါတယ်"

ထယ်ယောင်းသွားစားနေကျ ကျောင်းနားက
ပဲခေါက်ဆွဲဆိုင်မှာ ဖြစ်သည်။ကျောင်းကစာမေးပွဲဖြေပြီးလို့ နားထားသော ကြားကာလဖြစ်‌နေတော့ ဂျီမင်းနဲ့တွေ့ဖို့ကို သပ်သပ်ချိန်းဆိုရခြင်း ။ဒီတစ်ခါ ကျောင်းပြန်ဖွင့်လို့ တစ်နှစ်တက်ပြီးရင် သူတို့ရဲ့ တက္ကသိုလ် ကျောင်းသားဘဝက လုံးဝကုန်ဆုံး သွားပြီဖြစ်သည်။ နောက်တစ်နှစ်အတွင်းမှာ ဂျီမင်းဆီက အဖြေမရရအောင်တောင်းမည်။ဘွဲ့ယူပြီးတာနဲ့ သူအလုပ်ကြိုးစားမယ်။ပြီးရင် ဂျီမင်းကို လက်ထပ်ခွင့်တောင်းမယ်။တင့်တောင့်တင့်တယ်ထားမယ်။ထယ်‌ေယာင်းဆန္ဒကတော့ ဒီလောက်ပါပဲ။

ကလေးဘဝကနေ ခုချိန်ထိ ချည်နှောင်လာခဲ့တဲ့ သံယောဇဉ်တွေက များလွန်းတော့ အားလုံးကိုအပိုင်ပင် ကြိုတွက်ထားခဲ့ပြီးဖြစ်သည်။ဒါဟာ ထယ်ယောင်းအတွက် မျှော်လင့်ချက်အမှားတစ်ခုပင် ဖြစ်နေလေမလား။

"ဂျီမင်း မင်းကို ငါပြောထားတဲ့ကိစ္စ စဉ်းစားပေးဦးနော်"

"အေးပါ ထယ်ယောင်းရာ မင်းကလည်း လောလိုက်တာ။အခုတစ်လော ငါအဲ့အချစ်ရေး ကိစ္စတွေအတွက် အချိန်သိပ်မပေးနိုင်သေးဘူး။အလုပ်ရှာဖို့အတွက် လုံးပန်းနေရတယ်။မင်းနဲ့ငါ့ကြားမှာ ဘယ်တော့မှ ပျက်ပြယ်သွားမှာမဟုတ်တဲ့ ဆက်ဆံရေးတွေရှိတယ်လေကွာ။ငါ့ကိုခဏတော့ နားလည်ပေး"

"ဟင် မင်းဟိုအိမ်မှာ နေရတာ အဆင်မပြေဘူးလား။ ပြောတော့အဆင်ပြေတယ်ဆို ဘာကိစ္စအလုပ်ကရှာမှာလဲ။ကျောင်းပြီးမှရှာလည်း ရနေတာကို ခုလောလောဆယ်တော့ အေး‌ေ‌ဆးနေစမ်းပါဦးကွာ"

"အဲ့တာတော့အဲ့တာပေါ့ကွာ ဒါပေမယ့်လည်း သူများအိမ် အလကားတက်နေပြီး စားသောက်နေရတာ ငါလိပ်ပြာမလုံဘူး။ပြီးတော့ ခုက ကျောင်းပြန်မဖွင့်သေးတဲ့ကြားကာလလေ။ကျောင်းတက်နေလို့အလုပ်မလုပ်ဘူး ဆိုတာတော်သေးတယ်။ခုကအားယားနေတာကြီးကို။"

Page13Where stories live. Discover now