Page13(5) Unicode
"ဟိုတစ်ယောက်...လာဦး"
မနက်ခင်းလေနုအေးလေးက အရမ်းလတ်ဆတ်တာမို့ ဂျီမင်းတစ်ယောက် ခြံထဲတွင် လမ်းလျှောက်ကာ အသက်ရှူလေ့ကျင့်ခန်းလုပ်နေတာဖြစ်သည်။မထင်မှတ်ထားစွာ သူ့နောက်ကျောဘက်ဆီမှ ခေါ်လိုက်တဲ့ ထောင့်မကျိုးတဲ့အကြည့်တွေနဲ့တစ်ယောက်...။
လူကို အထင်သေးတဲ့မျက်လုံးတွေနဲ့ လာလာကြည့်နေတာ။မကြိုက်ပါဘူး အဲ့လို အကြည့်တွေကို...။
မကြိုက်လည်း သည်းခံ သည်းခံစမ်းပါ ပတ်ဂျီမင်းရယ်...မင်းနေနေတာ သူ့အိမ်ပေါ်မှာ သူတို့မိသားစုကျွေးတဲ့ထမင်းကိုစားနေတာ။
"ဟုတ်ကဲ့ အကိုလေး"
ကိုယ်ကို အနည်းငယ်ကိုင်းညွတ်ကာလက်ကလေးကို နောက်ပြစ်ပြီး ရိုးရိုးကျိုးကျိုးပြန်ဖြေနေပုံလေးက တစ်မျိုးလေး။
"ဟိုဘက်က ပန်းအိုးလေး ဒီဘက်ကို နည်းနည်းရွှေ့ပေး"
အကူအညီတောင်းတဲ့လေသံမျိုးမဟုတ်တဲ့ အမိန့်ဆန်ဆန် ဩဇာအာဏာအပြည့်ပါတဲ့ အက်ရှရှအသံတစ်ခုက ပတ်ဂျီမင်းတို့နားထဲကိုတော့ ကန့်လန့်ကိုဝင်တာ။လက်တွေ့မှာတော့....
"ဟုတ်ကဲ့"
"နေ နေ ငါ့တူ ဦးလေးပဲ ရွှေ့ပေးလိုက်ပါ့မယ်..."
ခြံစောင့် ဦးလေးကြီးက သူလာရွှေ့ပေးမယ် ပြောသော်ငြားလည်း ထိုလူက လက်မခံပါ။သူ့ကိုပဲ အတင်းရွှေ့ခိုင်းစေခဲ့သည်။ဘယ်တတ်နိုင်မလဲ ပတ်ဂျီမင်းရယ် ထမင်းတစ်နပ်စာအတွက် ဒီလောက်ကတော့ လုပ်ပေးရမှာပေါ့လေ။
"ပန်းအိုးတွေ ရွှေ့ပြီးရင် ငါ့အခန်းထဲလိုက်ခဲ့"
ပန်းအိုးရွှေ့ယုံနဲ့မပြီးသေးတဲ့ ထပ်မံစေခိုင်းမှုတွေအပေါ် ဘာမှ စောဒက မတက်လိုတော့။ပြောသမျှငြိမ်ခံကာ ခိုင်းသမျှ လုပ်ပေးမည်။ဒီလောက်ပါပဲ။
ဒီနေ့က သူအလုပ်စဆင်းမည့်ရက် ဒီအိမ်ကြီးရှင်က ဒီလိုတွေသာ ထပ်ထပ်ခိုင်းနေရင် အလုပ်က နောက်ကျတော့မှာ။သူစိမ်းဆိုလို့ ထယ်ယောင်းတစ်ယောက်နဲ့သာ ရင်းရင်းနှီးနှီးနေခဲ့ဖူးတဲ့သူက အခုလို ကိုယ်နဲ့မရင်းနှီးတဲ့ အခြားယောက်ျားလေးတစ်ယောက်ရဲ့ အခန်းကို သွားရမှာက တစ်မျိုးပဲ။ကြောက်ကြောက်လန့်လန့်နဲ့ အခန်းတံခါးကို ခေါက်လိုက်တော့....
YOU ARE READING
Page13
Fanfictionတစ်ညလေး တစ်ခါလေး နမ်းမိရုံနဲ့ ဘဝတစ်သက်လုံးစာ ရူးသွပ်သွားစေနိုင်တာလား။ ပိုင်ဆိုင်ချင်တယ်။အမြဲတစ်သက်လုံး ဘေးနားမှာပဲ ခေါ်ထားချင်တယ်။မျက်ဝန်းအိမ်ကျဉ်းကျဉ်းလေးတွေ နှုတ်ခမ်းဖူးဖူးလေးတွေ၊ပါးဖောင်းဖောင်းလေးတွေ...အကုန်လုံးက ပိုင်ဆိုင်ချင်စရာတွေချည်းပါပဲ။