Page13♡Part(6)

67 6 0
                                    

Page13 (unicode)

ဒုန်းးး!!!!

အိမ်တံခါးကို အကြမ်းပတမ်းဆွဲဖွင့်ကာ အပေါ်ထပ်က သူ့အခန်းဆီသို့ ဂျီမင်းကို ဆွဲခေါ်သွားခဲ့သည်။

"မင်းကောင်အတွက် အဲ့လောက်တောင် သတ္တိတွေသိပ်ရှိနေတာပေါ့ ဟုတ်လား"

"မင်းထင်ရာတွေမစွတ်စွဲနဲ့ ဂျွန်ဂျောင်ကု သူနဲ့ငါ သူငယ်ချင်းအဆင့်ပဲရှိသေးတယ်"

"အော် နောက်ကျရင်တော့ အဆင့်တက်သွားနိုင်တယ်ဆိုတဲ့သဘောလား"

"တက်ချင်ရင်လည်းတက်မယ် မတက်ချင်ရင်လည်းမတက်ဘူးကွာ ဒါငါတို့အပိုင်းပဲ မင်းနဲ့ဘာဆိုင်လို့လဲ မင်းအိမ်မှာ ငါလာနေတာနဲ့တင် ငါ့ရဲ့ personal ကိစ္စတွေထိ လာပိတ်ပင်ဖို့မလိုဘူး"

"ဘာ ငါ့ကိုတောင်ပြန်အာခံရဲတယ်ပေါ့လေ မင်းအကောင်အတွက်နဲ့"

"ငါမှန်တယ်ထင်ရင်ဘယ်ကောင်ကိုမဆိုပြန်ပြော ရဲတယ် မင်းခိုင်းတာမှန်သမျှငါလုပ်ပေးခဲ့တာပဲလေ ငါ့ရဲ့အ‌တွင်းရေး ကိစ္စတွေအထိတော့ဝင်မပါနဲ့ ငါမကြိုက်ဘူး"

"ငါ့အိမ်မှာနေတဲ့အတွက် ငါမကြိုက်တာ မင်းလုပ်ခွင့်မရှိဘူး မနေချင်ရင် ဆင်းသွား"

ဂျီမင်းမျက်ဝန်းအိမ်မှာ မျက်ရည်တွေဝိုင်းလာခဲ့သည်။သူများအိမ်မှာ လာနေနေရလို့ ကိုယ့်ကိုယ်ကိုလည်း ဝမ်းနည်းမိတယ်။ကျေးဇူးသိတတ်တဲ့အနေနဲ့ ခိုင်းသမျှ အကုန်လုပ်ပေးနေတဲ့ကြားက ဘာကိုမှ အလိုမကျ အပြစ်မရှိအပြစ်ရှာတတ်တာတွေကို သည်းခံပေး ခဲ့သည်။ဘယ်တတ်နိုင်မလဲ ဆက်ပြီးပဲ သည်းခံရတော့မှာပေါ့ ညီလေးမျက်နှာလည်းရှိသေးတယ်လေ။

တစ်ဖက်မှ ဂျောင်ကုကလည်း သူပြောလိုက်တာ လွန်သွားပြီဆိုတာကို သိသည်။ဒါပေမယ့် တလွဲမာနနဲ့သူမို့ မသိချင်ယောင်ဆောင်ကာ ပြန်လည်းမတောင်းပန်တော့။ဂျီမင်းတစ်ယောက်ကတော့ သူ့မျက်ရည်တွေ လူမြင်မှာစိုး၍ အခန်းထဲပြေးဝင်သွားလေပြီ။

✉️ဂျီမင်း မင်းအဆင်ပြေရဲ့လား✉️
✉️မဟုတ်မှ မင်းအိမ်မှာ ထပ်ပြီးအရိုက်ခံနေရတာတော့မဟုတ်ဘူးမလား✉️
✉️ဂျီမင်း မင်းအားရင်တော့ ငါ့ကို စာပြန်ပါနော် ငါအရမ်းစိတ်ပူတယ်✉️

Page13Where stories live. Discover now