(1)

191 11 0
                                    

မြန်မာနိုင်ငံ၏ တစ်နေ့တာ၌ အလှပဆုံးသောအချိန်ဖြစ်သည့် လင်းအရုဏ်ကျင်းချိန်တွင် သရက်ပင်ကုန်းရွှာ၏ မြင်ကွင်းမှာ လှုပ်ရှားသက်ဝင်လို့နေပေသည်။ပတ္တြမားလုံးကြီးနှင့်အသွင်တူသော နေဝန်းကြီးသည် တောင်တန်းများနောက်မှ အလင်းရောင်ကိုစတင်ပေးမြဲပင်။ပဲပြုတ်သည်များရဲ့ "ပဲပြုတ် ပဲပြုတ်"ဟူ၍အော်ဟစ်ရောင်းချသံများကိုလည်းကြားရသည်။ ခေတ္တအကြာ ကျောင်းသို့ သွားရန် ပြင်ဆင်နေကြသော ကျောင်းသားကျောင်းသူများရဲ့အသံများကိုလည်း ဆူညံစွာကြားနေရသည်။

"အမေ သားကျောင်းသွားတော့မယ်"

"အေးအေး သား...ဖြေး‌ဖြေးသွားဦး"

သားသမီးများမှ မိဘတွေကို နှုတ်ဆက်စကားပြောကြပြီး မိဘများက ဂရုတစိုက်သွားရန်မှာကြားနေကြသည်။

"ဒါတို့ဒါတို့မြေ....တို့ပိုင်တဲ့မြေ ...တို့မြေတို့မြေ"
နိုင်ငံတော်အလံရှေ့၌ နိုင်ငံတော်သီချင်းဆိုနေကြတဲ့ ကျောင်းသားကျောင်းသူတွေကို ကြည့်ပြီး သက်မှူးအိမ်ပြုံးလိုက်မိသည်။
မိမိတို့ငယ်စဉ်ကလည်း နိုင်ငံတော်သီချင်း ဆိုလို့မရတဲ့အခါမေ့တဲ့အခါ ဝါးချကြတာတွေ ယောင်လည်လည်ဖြစ်တာတွေ ကြုံဖူးကြတာပဲလေ။
"ကလေးတွေ ဖြေးဖြေးဝင်ကြချော်လဲမယ်"

သက်မှူးအိမ်လည်း ကျောင်းရှေ့က အခြေခံပညာအလယ်တန်းကျောင်း သရက်ပင်ကုန်းရွှာ ဆိုတဲ့ဆိုင်းပုဒ်ကိုဖတ်ပြီ ကျောင်းထဲသို့ ဝင်သွားတော့သည်။

"ဆရာမ....ဆရာမဒေါ်နီနီလွင်"

"ဟယ် အသက်ဘဲ ဘယ်လိုရောက်လာတာလဲ ဆရာမကိုတောင်အကြောင်းမကြားဘူး"

"ဟုတ်တယ်ဆရာမရေ စစ်ကိုင်းကိုရောက်နေတာ ပြန်ရောက်တာနှစ်ရက်လောက်ဘဲရှိဦးမယ်"

"အ့တာကြောင့်ကိုး....အခုက"

ဆရာမစကားမဆုံးခင်ပင် အသက်က ပြောပြလိုက်သည်။

"ကျောင်းကို လိုအပ်တာလေးတွေလှူချင်လို့ပါရှင်"

"ဟုတ်ပြီဟုတ်ပြီဒါဆို ရတနာခန်းမမှာသွားစောင့်နေလိုက်ပါလား အ့မှာသမီးလိုဘဲအလှူရှင်တစ်ယောက်ရှိတယ် စကားလေးဘာလေးပြောကြည့်ကြပေါ့"

(Complete)မေတ္တာကြိုးလေးဖြင့်သာချည်နှောင်ပါမည်Nơi câu chuyện tồn tại. Hãy khám phá bây giờ