(3)

57 7 0
                                    

"အသက်သမီးရေ ထတော့လေနေစောင်းနေပြီကွဲ့"

အသက်ရဲ့နားစည်ထဲ ​ဝေးရာမှနီးလာသကဲ့‌သို့ကြားရပြီးနောက်ဆုံးလန့်နိုးသွားတော့သည်။

"ရှင်...ကြီးမြ အသက်အ့လောက်တောင်အိပ်ပျော်သွားတာလား"

"ဟုတ်ပါ့တော် ပြီးတော့ကြီးမြတူမရောက်နေတယ် အ့တာမိတ်ဆက်ပေးဖို့"

အသက်ထိုအခါမှ အိပ်မှုန်စုတ်ဖွားဖြစ်နေသည့်မျက်လုံးဖွင့်ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်က မျက်လုံးကိုပြူးကျယ်သွားစေသည်။

*ဒါကျောင်းမှာတွေ့ခဲ့တဲ့အစ်မဘဲ*

"အစ်မ"

"ဟေ သမီးက စက္ကြာကိုသိလို့လား"

"ဒီကညမနဲ့ စက္ကြာနဲ့ကကျောင်းမှာ လိုအပ်တာတွေသွားလှူရင်းတွေ့တာနမည်က သက်မှူးအိမ်နော် အစ်မက ပန်းစက္ကြာလှိုင်ပါ"

နေ့လည်ကတင်ထိုအစ်မအကြောင်းတွေးပြီးအိပ်ပျော်သွားတာ ယခုမျက်စိရှေ့တွေ့လိုက်ရတာ အိမ်မက်များလားဟု ထင်မိ၍ ကိုယ့်ကိုယ်ကိုဆွဲစိတ်လိုက်သည်။

*ဟိုက် နာတယ်ဟ ဒါဆိုတကယ်ပေါ့ ရေစက်ဘဲနေမယ် လူလေးရော နမည်လေး​ရောလှလိုက်တာ ဘာတဲ့ ပန်းစက္ကြာလှိုင်တဲ့*

"အ့တာဆိုလည်း ကြီးမြမိတ်ဆက်ပေးစရာမလိုတော့ဘူးပေါ့ စကားလေးဘာ‌လေးပြောကြပေါ့ ကြီးမြရွှာထဲက အိမ်တစ်အိမ်ဆီသွားစရာရှိလို့"

"ဟုတ်ကြီးမြ"

"ဟုတ်ကဲ့"

ကြီးမြထွက်သွားသည်ကို ကြည့်ရင်း ဘေးကအစ်မကိုသတိရကာ လှည့်လိုက်သည့်အချိန် နှုတ်ခမ်းနှစ်စုံကထိကပ်သွားတော့သည်။
နှစ်ယောက်စလုံးမျက်လုံးပြူးပြီးကြောင်ကာ ဒီတိုင်းရပ်နေမိကြတော့သည်။

"ကြီးမြ ကြီးမြ"

အိမ်ရှေ့မှ ကြီးမြနမည်ကိုခေါ်ကာ ဝင်လာသောသူကြောင့် နှစ်ယောက်စလုံးသတိကပ်သွားပြီး အမြန်နောက်ပြန်ဆုတ်သွားတော့သည်။

"အသက်နဲ့ စက္ကြာဘဲ ကြီးမြရော ဘယ်မလဲ"

"ကြီးမြကရွှာထဲ ခဏသွားတယ်"

"အ့တာဆိုလည်း ငါပြန်တော့မယ်"

"ဟုတ်"

ထိုသူပြန်သွားတော့မှ အသက်လည်း စက္ကြာဘက်ကိုလှည့်လိုက်သည် လှပနေသောမျက်နှာထက် ပန်းရောင်အရိပ်အငွေ့လေးအနည်းငယ်ကိုတွေ့ရသည် သူမသေချာပေါက် ရှက်သွားလိမ့်မည်။
ဒီလိုနှင့်သူမတို့ အတော်ကြာကြာစကားမ
‌ပြောဖြစ်ကြပေ။

(Complete)မေတ္တာကြိုးလေးဖြင့်သာချည်နှောင်ပါမည်Where stories live. Discover now