Part 7

3K 131 3
                                    

Part 7

"မောင်​~ဘာလုပ်နေတာလဲ"

နောက်မှအသံကြားတာကြောင့် ဇုဏ်းလှည့်ကြည့်တော့ သူ့ရဲ့ဆူးလေးပင်...
အိပ်မှုန်မပြယ်သေးလို့ ထင်ပါရဲ့ မပွင့်တပွင့်ဖြစ်နေတဲ့ မျက်လုံးလေးတွေကို လက်ဖြင့်ပွတ်လို့

"တအား ပွတ်မနေနဲ့ ဆူး မျက်ဆံတွေထိမယ် "

ပြောကာမှ လက်လေးနှစ်ဖက်ကိုပြန်ချပြီး ဇုဏ်းထံလျှောက်လာလေသည်

"မောင်~မင်းညကြီးဘာထလုပ်နေတာလဲ အခုကရော ဘယ်အချိန်ရှိပြီလဲ"

ဆူးရဲ့အမေးကြောင့် လက်ကောက်ဝတ်မှနာရီအားတစ်ချက်ကြည့်လိုက်ပြီး

"မနက်တစ်နာရီကျော်နေပြီ မောင်အာခေါင်ခြောက်လို့ ကော်ဖီသောက်နေတာ"

"ညကြီး ကော်ဖီသောက်တာမကောင်းဘူး "

"မောင်သိပါတယ် ဆူးပြန်သွားအိပ်တော့လေ မောင်လိုက်လာခဲ့မယ်"

"မောင်~ "

"အင်းးး"

ညုတုတုသံရှည်ကြီးဆွဲပြီး မောင့်အားနောက်ကျောမှဖက်တွယ်ထားလိုက်သည်

"ငါမင်းကို အကြာကြီးဖက်ထားချင်တယ်
တကယ်အကြာကြီး "

ငါပြောင်းလဲသွားတာ အမှန်လားသိချင်တယ်မောင် ငါမောင့်ကိုချစ်နေသေးတယ် ထင်ပါတယ် တစ်ခါတလေစိတ်ပျက်မိတာလေးကလွဲလို့ပေါ့

မောင့်ဆီက ပြန်ဖြေသံမကြားရဘဲ သက်ပြင်းချသံကိုသာကြားရသည် ဆူးမောင့်ကို ဖက်ထားတဲ့ လက်တွေကိုရုတ်သိမ်းလိုက်ပြီး ​ကော်ဖီခွက်ကိုင်ထားတဲ့ဘက် မောင့်ရဲ့လက်ကောက်ဝတ်လေးရှိ လက်ပတ်လေးကို ညင်ညင်သာသာလေးထိတွေ့ကြည့်လိုက်သည်

"မောင် ဒါက ငါတို့ ပထမဆုံးတွဲခဲ့တဲ့​​နေ့​တုန်းက အမှတ်တရ​နေ နဲ့ ငါ​ပေးခဲ့တာမလား ဒါကပျက်စီးနေပြီ အရောင်တောင်မမြင်ရတော့ဘူး နာရီကလည်း အတော့်ကိုဟောင်းနေပြီ"

ဆူး အဲတုန်းကမောင့်ကိုပေးခဲ့တာ တန်ဖိုးကြီးအရာများမဟုတ်ခဲ့ပါ ရိုးရိုးရှင်းရှင်း ချည်လက်ပတ်လေးတစ်ခုနှင့် နာရီတစ်ခုပါပဲ...
ဒါကိုမောင်က အခုထိဆင်ထားတုန်းပင် ဆူးကတော့မောင်ပေးခဲ့တဲ့ ထီးလေးကို တစ်ပါတ်ပင်မကြာ ပျောက်သွားသည် ..

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now