Part 26

2.9K 114 11
                                    

Sue's Pov

ဆူး အခုအားလုံးကို သိပြီးဖြစ်တာကြောင့် ထပ်ပြီး အလွမ်းနာကျမခံချင်တော့ပေ ဆူးအရင်ကတည်းက မောင့်ဆီလာချင်ခဲ့ပေမယ့် အပြစ်ဆိုတဲ့စိတ်ကြောင့် ပြန်မလာနိုင်ခဲ့တာ.ဆူး မောင်မရှိတဲ့အချိန် ခက်ခဲရတာတွေလည်း နားလည်ပြီမောင် အချိန်လုံလုံလောက်လောက် မပေးနိုင်ပေမယ့် အဲ​​ဒီအချိန်လေးမှာ မောင်ရဲ့အလေးထားမှုတွေလည်း နားလည်လာပြီမောင် မောင့်ရဲ့လူနာတွေအပေါ်ထားတဲ့ စိတ်ကိုလည်း သဘောပေါက်နေပြီမောင် ငါလေအခု သန့်ရှင်းတဲ့ လူတစ်ယောက်ဆိုတာ အတည်ပြုလို့ရနေပြီမလို့ ငါမင်းဆီပြန်လာခဲ့မယ်မောင်....
ဆူးတွေးရင်း luggage အိတ်ဆွဲကာ လေယာဥ်ပေါ်တက်လိုက်သည်
အခု ဆူးလျော်ကြေးပေးပြီး စာချုပ်လည်းဖျက်လိုက်ပြီ ကိုတည့်ကိုလည်း အဆက်အသွယ်ဖြတ်လိုက်ပြီ ကိုတည့်ကိုလည်း ဆူးသိပ်ကိုရွံနေပြီ မောင်ရှိနေတဲ့ တောင်ပေါ်မြို့လေးကို ဆူးလိုက်လာခဲ့မှာ... ကျောက်ထုမြို့မှာ လေယာဥ်ဆိုက်တာကြောင့် ထိုမှတစ်ဆင့် လိုင်းကားစီးရပြန်သည် သိပ်ပင်ပန်းတာပဲမောင်ရယ်. .ငါလေမင်းဆီကိုလာခဲ့တာ မှားမနေဘူးမလား မင်းအခုချိန်အသစ်တွေ့နေတော့မလား...အင်းးးငါ့ကိုလည်းနာကျည်းနေလောက်ပြီလားး

အတော်တန်ကြာ ဆူးအိပ်ပျော်သွားပြီးမှ ဆူညံသံတွေကြောင့် ဆူးနိုးလာရသည် အပြင်ကိုကြည့်လိုက်တော့ ကားကဆိုက်သွားပြီဖြစ်လို့ လူတွေတောင် ဆင်းနေကြပြီ

"ခဏ ခဏလေး ကျွန်တော့်ကိုလေ ဒီလိပ်စာလေးအတိုင်း ပို့ပေးပါလား"

တောင်းယူလာသော လိပ်စာကတ်လေးကို Driverအားပြ၍ပြောလိုက်သည်

"အိမ်တိုင်ရာရောက် မပို့ပေးဘူး ကားဂိတ်အထိပဲရတာ"

"ကျွန်တော် လမ်းလဲမသိလို့ပါ ကျွန်တော်ပိုက်ဆံပိုပေးပါ့မယ် ပို့ပေးပါနော်"

ထိုအခါမှ ထိုလူကလက်ခံလေတော့သည် ရောက်တော့ ဆူးအထုပ်တွေချပေးပြီး ပြန်ထွက်သွားလေးသည် ဆူးလည်း လိပ်စာလေးနဲ့တိုက်ကြည့်လိုက်သည်

"လိပ်စာတော့မှန်ပါတယ် ဘာလို့သော့ခတ်ထားရတာလဲ"

သော့ခတ်ထားတဲ့ ခြံတံခါးကို ဆောင့်ရင်းပြောလိုက်သည် မောင်က အလုပ်သွားနေမှာဘဲလို့တွေးပြီ ခြံရှေ့တွင်သာထိုင်စောင့်နေလိုက်သည် ​မောင်သာ Over timeမဆင်းရင် ပြန်ရောက်တော့မှာပါ ကျေးဇူးပြု၍ ဒီနေ့လေးတော့ မောင် စောစောပြန်ပါစေ...
ဆူးဆုတောင်းတို့မပြည့်ခဲ့ပါ အတော်တန်နောက်ကျနေသည်အထိ မောင့်အရိပ်လေးတောင်မတွေ့ခဲ့ရပါ ဆူး သံသယတို့ဝင်လာရသည်

ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~(ရင်ဘတ်နွံမှာ ကျွံတဲ့ဆူး~)Where stories live. Discover now