Part.2

1.8K 176 16
                                    

Unicode

"ဟက်..ဘယ်လိုလည်းငါ့မယားလုပ်ပေး
မယ်မလား ဟမ်!!"

"ဟင့်..လွှတ်!"

လည်ပင်းကိုခပ်တင်းတင်းဖိညှစ်ခံထားရတာ
ကြောင့်ဂရုဏာအသက်ရှူလို့မရတော့တဲ့
အပြင်ခြေထောက်လေးတွေကလည်းကော့
တက်လာလေတော့သည်၊နောက်ဆုံးရှိသမျှ
သတ္တိကိုစုပြီးအစ်ကိုမင်းညီရဲ့လက်ကိုကိုက်
ဆွဲကာရုန်းထွက်လိုက်ပြီးတုတ်ကိုလည်းပြန်
မယူနိုင်တော့ပဲမမြင်ရတဲ့ကြားကနေ
စမ်းတဝါးဝါးနဲ့လျှောက်တော့စားပွဲခုံနဲ့တိုက်
ပြီးလဲလေတော့သည်၊ထိုအခါအစ်ကိုမင်းညီ
ကဒေါသတကြီးထလာပြီးဂရုဏာဆံပင်ကို
ဆွဲသည်။

"အာ့..အစ်ကိုမင်းညီ..အီးဟီးဂရုဏာတောင်း
ဟင့်..တောင်းပန်ပါတယ်..အား!"

"ငါ့အသားကိုနာအောင်လုပ်တယ်ပေါ့!!
နင်ကဘာမို့လို့လဲ..ဟမ်!နင့်အဆင့်တန်းလောက်
နဲ့ငါ့ကိုကိုက်ရဲတာလား!!"

"ဖြန်း!"

ခက်မင်းညီကအားပြင်းပြင်းနဲ့ဂရုဏာမျက်နှာ
ကိုလွှဲရိုက်လိုက်တာကြောင့်ဂရုဏာပါးစပ်
ထဲကနေသွေးတစ်ချို့အန်ထွက်လာကာ
လူကလည်းမလှုပ်နိုင်တော့ပေ၊ဂရုဏာရဲ့
ခြေထောက်ကိုဖမ်းဆွဲဖို့လုပ်နေတဲ့ခက်မင်းညီ
ကိုဆောင့်ကန်လိုက်ပြီးဂရုဏာကပြန်ထပြေး
လေသည်၊တုတ်လည်းမရှိတာနဲ့ထင်တဲ့နေရာ
ပြေးလေတော့လှေကားအောက်နားမှာတင်
ထားတဲ့ပန်းအိုးကိုတိုက်မိတော့ခွမ်းကနဲ
ကြမ်းပြင်ပေါ်ကိုကွဲကျလေတော့သည်။

"ခွမ်း!"

ဂရုဏာလည်းထိုနေရာမှာထိုင်ရက်လဲကျကာ
ကျကွဲသွားတဲ့အကွဲစလေးတွေကိုလိုက်စမ်း
ပြီးငိုလေတော့သည်၊လက်ဖဝါးနုနုမှာလည်း
ဖန်ကွဲစကြောင့်ရှကာသွေးတစ်ချို့စိမ့်ထွက်
လာလေသည်။

ထိုအချိန်ခြံပြင်ကကားသံကြားလိုက်ရတာ‌‌
ကြောင့်ဂရုဏာကယ်တင်ရှင်တွေ့လိုက်သလို
ပျော်သွားရသည်၊တစ်ဆက်တည်းမှာပဲ
ကြောက်စိတ်တို့ကအလုံးအရင်းဝင်ရောက်
လာရပြန်သည်၊မေမေလေးတို့ပြန်လာပြီမို့
အစ်ကိုမင်းညီသူ့ကိုစော်ကားလို့မရတော့ပေ၊

ထို့နည်းတူခြံပြင်ကကားသံကိုကြားလိုက်ရတဲ့
ခက်မင်းညီမှာလည်းတောက်တစ်ချက်ခေါက်
ကာအိမ်ပေါ်ထပ်ကိုတက်သွားလေတော့သည်၊
ဂရုဏာသက်ပြင်းလေးခိုးချပြီးနှုတ်ခမ်းမှာ
ပေနေတဲ့သွေးတစ်ချို့ကိုသုတ်နေတုန်း
ဂရုဏာအင်္ကျီအိတ်ထဲကိုလက်တစ်စုံကဝင်
ရောက်လာကာတစ်ခုခုကိုထည့်လိုက်လေသည်၊
ဂရုဏာအလန့်တကြားပြန်ထုတ်မလို့လုပ်တုန်း

အပယ်ခံပန်းရိုင်းWhere stories live. Discover now