Part.23(Unicode)

1.7K 155 22
                                    

Unicode

ဒေါ်နန်းဒေဝီခြံထဲထိုင်နေတုန်း‌ဒေါ်သဇင်နှင်း
ရောက်လာကာခုံတစ်လုံးဆွဲယူပြီးထိုင်လေ
သည်၊ဒေါ်နန်းဒေဝီကတော့မသိသလိုစာအုပ်
အဖတ်မပျက်တာမို့ဒေါ်သဇင်နှင်းကချောင်းဆိုး
သံပေးသည်။

"အဟမ်း!..အဟမ်း"

"ချောင်းဆိုးနေရင်လည်းအထဲကိုပြန်ဝင်လိုက်"

"ကျွန်မကိုစိတ်ပူမနေပါနဲ့အဆင်ပြေတာမို့"

"ငါ့ဆီကိုရောဂါတွေကူးလာမှာကြောင့်ပါ!"

ဒေါ်နန်းဒေဝီအပြောကြောင့်ဒေါ်သဇင်နှင်း
မျက်နှာကြီးမှာနီရဲသွားလေသည်၊အရှက်မရှိ
တဲ့သူ့လိုမိန်းမကရှက်လို့မျက်နှာနီတာတော့
မဟုတ်တန်ရာ၊ဒေါ်နန်းဒေဝီခပ်ပြုံးပြုံးနဲ့
စာအုပ်ကိုပိတ်ပြီးဘေးချလိုက်ကာဒေါ်သဇင်
နှင်းကိုခပ်ထေ့ထေ့ကြည့်နေလိုက်သည်၊
ဒေါ်သဇင်နှင်းမှာလည်းစားပွဲအောက်ကလက်သီး
ဆုပ်များကိုတင်းတင်းဆုပ်ထားပေမဲ့မျက်နှာ
ကိုတော့အတက်နိုင်ဆုံးလျှော့ထားသည်။

"ကျွန်မသားလက်သည်းဆိပ်တက်ပြီးဖျားနေ
တယ်"

"အဲ့ဒါရှင်မွေးထားတာလေ..ဘာလို့ငါ့ကိုလာ
ပြောနေတာလည်း.မဟုတ်မှ‌ဆေးဖိုးလာတောင်း
နေတာလား..အနည်းဆုံးတော့အားနာတက်သေး
တယ်ထင်တာ..ဟန်ဆောင်ပန်ဆောင်လေး"

"အဲ့လိုဖျားအောင်လုပ်လိုက်တာကဂရုဏာလေ
ဒါကြောင့်မို့ဆေးဖိုးပေးသင့်တယ်"

ဒေါ်နန်းဒေဝီတစ်ချက်ရယ်လိုက်မိသည်၊ပိုက်ဆံ
ရှာဖို့သားကိုလွှဲချနေပြန်ပါပြီ၊အိတ်ထဲကပိုက်ဆံ
ကိုထုတ်ကာဒေါ်သဇင်နှင်းရှေ့ချပေးလိုက်ပြီး

"ဖဲဝိုင်းကကိစ္စတွေအိမ်ကိုပါလာရင်တော့
ရဲစခန်းမှာပဲရှင်းမယ်"

"ဘာ.ဘာလည်းသားကိုဆေးခန်းပြမလို့ပါ"

ဒေါ်သဇင်နှင်းကမျက်နှာအပျက်ပျက်နဲ့ပိုက်ဆံ
ကိုယူသည်၊ထမလို့လုပ်ပြီးတော့မှဒေါ်နန်းဒေဝီ
ကိုခပ်ပြုံးပြုံးကြည့်ကာ

"ဂရုဏာအဖေကရှင့်ယောက်ျားကိုသတ်ပစ်ခဲ့
တာတောင်ရှင်ကဂရုဏာအပေါ်တော်တော်
ကောင်းပေးတယ်နော်"

အပယ်ခံပန်းရိုင်းWhere stories live. Discover now