Part.27

1.6K 165 10
                                    

Unicode

ဂရုဏာရေပိုက်လေးကိုင်ကာအပင်တွေရေ
လောင်းနေတုန်းကျောဘက်ကနွေးကနဲဖြစ်
သွားပြီးခါးပေါ်ရောက်လာတဲ့လက်နှစ်ဖက်၊
ပုခုံးပေါ်မေးတင်ပြီးအနောက်ကနေမုသားက
သိုင်းဖက်ထားလေသည်၊တစ်ချက်ပြုံးလိုက်ပြီး
လက်ကိုဖြုတ်ကြည့်တော့မလွှတ်ပေးပေ။

"ဂရုဏာအလုပ် လုပ်နေတယ်လေအစ်မ"

"ဘယ်သူကလုပ်ခိုင်းနေလို့လည်း"

ဂရုဏာကိုတစ်ကိုယ်လုံးပစ်မှီပြီးဖက်ထားတဲ့
အစ်မကြောင့်နေရတာအဆင်မပြေတော့ပေ၊
ဘယ်သူကလုပ်ခိုင်းနေလို့လည်းတဲ့၊ပြောတက်
တယ်နော်၊ဘာအလုပ်မှမလုပ်ပဲနေရတာကို
ပျော်နေမဲ့အထဲမှာဂရုဏာမပါတော့ခက်သည်။

"ရွှတ်!"

ပါးကိုဖြတ်ကနဲလှမ်းနမ်းလိုက်တဲ့မုသားကြောင့်
ဂရုဏာပြန်လှည့်ကြည့်မိလိုက်သည်၊ပြီးမှ
ခါးပေါ်ကလက်တွေကိုဖြေလျှော့ကာမျက်နှာ
ချင်းဆိုင်လှည့်စေသည်၊ခါးကိုတင်းနေအောင်
ပြန်ဖက်ပြီးအနီးကိုဆွဲကပ်သည်၊အနည်းငယ်
နီချင်နေတဲ့မျက်နှာလေးကိုမုသားငုံ့ကြည့်ပြီး
အမြတ်တနိုးပွတ်သပ်မိလိုက်သည်၊ဒီလိုတွေ
အထိရောက်အောင်အခက်အခဲအမျိုးမျိုးတွေ
တစ်ခုမကကျော်ဖြတ်ခဲ့ရတာမို့ဒီအချိန်လေးက
ပိုမှန်ထက်ပိုပြီးချိုမြိန်လွန်းနေခဲ့သည်။

"မင်းကိုစတွေ့ထဲကစိတ်ထဲမှာနေရာယူနေခဲ့တာ
အဲ့တုန်းကတော့ဒီကောင်မလေးကဦးစိုးလွင်နဲ့
ဘာတော်တာလည်းပေါ့..နောက်တော့အတွေး
ထဲမှာနေရာယူခဲ့ပြန်ရော..သနားစရာကောင်း
လိုက်တာဆိုပြီးလေ..ဂရုဏာကမှော်အတတ်
တွေများတတ်နေတာလား..တစ်ဖြည်းဖြည်း
နှလုံးသားထဲအထိနေရာယူလာတဲ့အထိအစ်မကို
ပြုစားနိုင်တာ"

မုသားစကားအဆုံးဂရုဏာပါးလေးကိုပါဆွဲ
လိုက်မိသည်၊ဂရုဏာကမပွင့်တပွင့်လေးပြုံးပြီး
နှုတ်ခမ်းကိုလျှာနဲ့သပ်ကာအကြည့်လွှဲပစ်သည်၊
မေးဖျားလေးကနေပင့်ကိုင်ကာခေါင်းမော့စေ
ပြီးမုသားနဲ့အကြည့်ချင်းဆုံစေသည်၊‌မျက်လုံး
လေးတွေကရီဝေနေကာညှို့ယူနေသလိုပင်၊
ပန်းနုရောင်နှုတ်ခမ်းလေးကလည်းကော့တက်
‌ရုံပြုံးနေသေးသည်၊ပါးလေးကိုလက်မနဲ့လက်ညှိုး
သုံးကာဖျစ်ယူလိုက်တော့စူထွက်လာတဲ့နှုတ်ခမ်း
လေးကိုခေါင်းငုံ့ချကာစုပ်ယူလိုက်သည်၊အိထွေး
နေတဲ့နှုတ်ခမ်းလေးများကမုသားခံတွင်းထဲ
အလဲလဲအပြိုပြို၊မွတ်သိပ်စွာနမ်းနေတဲ့မုသား
ကတစ်ကယ်အနမ်းပိုင်းမှာကျွမ်းကျင်လွန်းလှ
သည်၊အောက်နှုတ်ခမ်းအိအိလေးကိုပြွတ်ကနဲ
ဆွဲစုပ်လိုက်ကာလျှာဖျားကိုတိုးဝင်လိုက်သည်၊
မြွေတစ်ကောင်အလားလှည့်ပက်ရင်းအနမ်း
များကိုနက်နဲတာထက်နက်နဲစေသည်၊ပျားရည်
ဒါမှမဟုတ်ဂျယ်လီတုံးလေးလားနှိုင်းဆလို့
မရပေမဲ့မုသားလက်ချက်ကြောင့်နီရဲနေတဲ့
နှုတ်ခမ်းလေးတွေကစတော်ဘယ်ရီသီးလေး
အလား၊ပန်းနုရောင်နှုတ်ခမ်းလွှာလေးတွေက
မုသားကြမ်းရမ်းထားမှုကြောင့်သွေးရောင်ကြွ
နေသည်၊အသက်ကိုလုရှူနေတာကြောင့်နှုတ်ခမ်း
လေးများကခပ်ဟဟ၊အသေးစိတ်ကအစ
မုသားလိုက်ကြည့်ရင်းစိတ်ထဲကလိကလိဖြစ်
လာသည်၊မုသားနည်းနည်းမှခေါင်းကိုမငုံ့ပဲ
ခါးလေးကနေပင့်ကာဂရုဏာကိုခြေဖျားထောက်
စေပြီးနှုတ်ခမ်းလေးကိုနောက်တစ်ကြိမ်ဖိနမ်း
မိသည်၊ဒီတစ်ခါတော့နူးနူးညံ့ညံ့လေးစုပ်ယူ
ပြီးသာပြန်လွှတ်ပေးလိုက်သည်၊

အပယ်ခံပန်းရိုင်းWhere stories live. Discover now