အခန်း (၅)

14K 430 20
                                    


ဘာလိုလိုနဲ့ တာရာ ဒီအိမ်ကို ရောက်တာ ၁ လပြည့်တော့မယ်။ ရောက်ခါစကတော့ ဟိုလူနဲ့ တစ်ခန်းထဲနေကြသူတွေမလို့ မရှောင်သာ မရှားသာ ဆုံရပေမယ့် နောက်ပိုင်းသူမက ဟိုလူမနိုးခင် .... အလုပ်သွားနှင့်ပြီ ညပိုင်းကျတော့လဲ ညဆိုင်းဆင်းရတာမလို့ အမြဲတမ်း ၁၁ ကျော်မှပြန်ရောက်သည်။ ဟိုလူကလဲ သူ့အလုပ်တွေနဲ့သူရှုပ်နေပုံရသည်....သူမနဲ့တွေ့တုံးကတောင် တချက်တချက် သူမကို စိတ်ရှုပ်သည့်ပုံနဲ့ကြည့်တာလောက်ကလွဲရင် ဘာမှတော့လာမပြော.... တာရာလဲ သူ့စိတ်ထဲ ဘာတွေဖြစ်နေလဲ ရှိနေလဲ သိချင်မိဖို့နေနေသာသာ မနက်ကနေ ညဥ့်နက်သည်အထိ အလုပ်နှစ်ခုလုံးမှာ ဇယ်ဆက်သလိုလုပ်ရတာမလို့ အတော့်ကိုပင်ပန်းပြီး ပြန်ရောက်ပြီဆိုတာနဲ့ ​ရေမိုးချိုးပြီး တချိုးထဲအိပ်။ ဟိုလူကလဲ ပြန်လာတဲ့အခါရှိသလို မပြန်လာတဲ့အခါတွေကများတာမလို့ သိပ်တော့ မတွေ့ရလှ။ သူမတို့ကြားမှာ ပြောစရာတွေ အချိန်တူတူကုန်ဆုံးတာမျိုးတွေရှိမနေတော့ သူရှိခြင်းမရှိခြင်းက တာရာ့နေ့စဥ်ဘဝအတွက် ဘာမှမထိခိုက်သလို သူ့အတွက်လဲ တာရာ့ရဲ့ဖြစ်တည်မှုကို သတိမမူမိတဲ့အခိုက်အတံ့တွေကများမယ်ထင်သည်။ အလုပ်က တစ်လကို ၂ ရက် day off တွေ ပေးပေမယ့် ဘာမှလုပ်စရာမရှိ စကားပြောဖော်မရှိတဲ့ သူများအိမ်မှာမနေချင်တာကြောင့် ကိုယ့်နားရက်တွေကို သူများတွေကိုပေးပြီး ကိုယ်တိုင်ကတော့ တစ်ရက်မှကို မနားဖြစ်ခဲ့ပေ။

ဘာလိုလိုနဲ့ ဟိုကလေးမကို မတွေ့တာ အတော်ကြာနေပြီ.... မဟာအိမ်ကို စစပြန်လာတုံးက သူမကို ဘယ်လိုဘယ်ပုံပညာပေးရမလဲ စဥ်းစားနေခဲ့တာ။ တကယ့်တကယ်တမ်းကျ သူ့အလုပ်တွေနဲ့သူတောင် ကိုယ်ပိုင်အချိန်တွေပျောက်ဆုံးနေတာများ ဟိုငတိမကို စိတ်ကူးထဲထည့်မအားခဲ့။ သူ့ဘာသူတော့နေသား.... ခုထိတော့ သူ့ကို ဘာဇယားမှ လာမကပ်။

"အဲ့ဆို သူက ခုထိ အိမ်ကနေ ဘာမှမစားဘူးဆိုတဲ့သဘောပေါ့"

"ဟုတ်ကဲ့ အဲ့လိုပဲ အိမ်တော်ထိန်း ဒေါ်ချိုကပြောပါတယ်"

အိမ်တော်ထိန်းဆီကကြားတယ်ဆိုပီး သူ့ PA မောင်စိုးလာပြောတာတော့ အိမ်မှာ အိပ်ရုံကလွဲရင် ဘာမှမစားဘူးဆိုပဲ။ ဘာတွေများအားကိုးပြီး ဒီလောက်မာနကြီးပြနေရတာလဲမသိ။ သူသတိထားမိတာတစ်ခုကတော့ သူအိမ်ကိုအစောပြန်ရောက်တိုင်း ငတိမကပြန်မရောက်သေး....မနက်ခင်းကတော့ သူနိုးတာနဲ့ ငတိမရှိမနေတော့.....တနေကုန်ဘယ်သွားဘာလုပ်နေလဲမသိ....
သူ့ဘာသာသူနေသ၍ သူ့ကိုလာမပတ်သတ်သ၍တော့ သူလဲအဆင်ပြေသည်။ အဆင်မပြေသည်က ဒီလိုကြီးရှေ့ဆက်သွားမှာကိုပဲ။ သူ့ဘက်က အကောင်းရောအဆိုးရော ဘာမှမပြောသ၍ ငတိမဘက်ကစပြီး ဘာမှပြောမယ့်ပုံမပေါ်။
အလုပ်တွေများနေတာမလို့ အဲ့ငတိမအကြောင်းကိုအေးဆေးစဥ်းစားဖို့မပြောနဲ့ ကိုယ့်ချစ်သူ ဧကရီနဲ့ပင် မနည်းအချိန်လုပီးတွေ့နေရသည်။ ကိစ္စအားလုံးအတွက် ဧကရီ့ကို မနည်းတောင်းပန်ပြီးချော့ထားရတာမလို့ စိတ်အဆိုးတော့ ထပ်မခံနိုင်။ ဧကရီဆိုတာ သူတို့ငယ်ငယ်လေးမူလတန်းထဲကပေါင်းလာတဲ့သူငယ်ချင်းတွေထဲကတစ်ယောက်။ အရွယ်ရောက်လာတော့လဲ အကောင်းမွန်ဆုံးသောအရာတွေခြံရံပြီးမွေးမြူခံထားရသူလေးမလို့ အဆင်းရော အချင်းပါပြည့်စုံစွာနဲ့ကြီးပျင်းလာရသည်။ ပန်းပုရုပ်လေးထုထားသလိုလှလွန်းတဲ့ဧကရီ့ကို လိုက်ကြသူတွေများခဲ့ရာမှ ငယ်သံယောဇဥ်ကိုမလွန်ဆန်နိုင်စွာနဲ့ပဲ မဟာက ရခဲ့ခြင်းပင်။ ဘယ်လိုမျိုးမိန်းကလေးက မဟာ့ကိုငြင်းဆန်နိုင်လိမ့်မလဲ။ မျိုးရိုးဂုဏ်ကစလို့ စည်းစိမ်ဥစ္စာ အရည်အချင်း ရုပ်ရည်တွေက မဟာ့ဘဝမှာ ကြိုက်တဲ့သူဌေးသမီးကို ခေါင်းခေါက်ရွေးချယ်လို့ရတဲ့အနေအထား။ ဒါတောင် တချက်ကလေးသတိလစ်ဟင်းသွားခဲ့လို့ ဟိုသူငယ်နှပ်စားမရဲ့ လှည့်ကွက်ထဲရောက်ခဲ့ရသည်။
(Ring ring)
အတွေးစတွေက မျက်စိရှေ့ကစားပွဲပေါ်တင်ထားတဲ့ ဖုန်းလေး အသားကုန် တုန်ခါနေမှ ပြတ်သွားတော့သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now