အခန်း (၃)

12.3K 353 15
                                    

ကားကို ၆ နာရီလောက်စီးလာရတော့ တာရာအတော့်ကိုပင်ပန်းနေပီဖြစ်သည်။ ရောက်လာတော့ private ရပ်ကွက်က ခြံဝန်းအကြီးကြီးတခုထဲက နန်းတော်တမျှကြီးမားလှတဲ့ ၄ ထပ်တိုက်ကြီးတလုံး
"ဆင်းလေ ဘာလုပ်နေတာလဲ ဒါငါ့အိမ် မင်းခုနေရမယ့်အိမ်"
အံ့သြနေတဲ့ တာရာ့ကိုကြည့်ပီးပြောလိုက်တဲ့ သူ့စကား သူ့လေသံထဲ တာရာ့ကို အထင်သေးစိတ်တွေပါဝင်နေတာ တာရာသတိထားမိတယ်။ ဖြစ်သင့်တာပေါ့..... မသိကျိုးနွံပြုပြီး တာရာ ကားပေါ်က ဆင်းလိုက်တော့ ရတနာတွေ ညွတ်နေအောင် ဝတ်ထားတဲ့ အတော့်ကိုမှ ကျက်သရေရှိတဲ့အမျိုးသမီးကြီးတဦး အိမ်ထဲကနေ အမောတကောထွက်လာတယ်။ သူမနောက်မှာလဲ ဝန်ထမ်းတွေလို့ထင်ရတဲ့သူ ၃ ယောက်လောက်ပါလာတယ်။ တာရာ့ဘေးက ဟိုလူ့ကို ပြေးဖက်လိုက်ကာ
"သားရယ် မာမီ စိတ်ထဲထင့်နေတာ သားထွက်သွားထဲက စိတ်ထဲလေးနေခဲ့တာ"
"အင်း မာမီ အိမ်ထဲအရင်သွားရအောင်"
မာမီ့ကို လမ်းထဲက အကြောင်းစုံ ပြောပြထားပီဖြစ်လို့ ခုချိန်ဆို ဒယ်ဒီလဲ အကြောင်းစုံသိလောက်ပီ။
တာရာလဲ သူတို့သားမိတွေအိမ်ထဲဝင်သွားတော့ လိုက်ဝင်သင့်ပါတယ်ဆိုပီး စီးထားတဲ့ ဖိနပ်လေး တခါးနားချွတ်ပီး ဝင်လိုက်ကာ သူတို့တွေနောက်လိုက်သွားမိသည်။ အိမ်ကြီးက အပြင်ပန်းမှာတင် လှပတာမဟုတ်ဘဲ အတွင်းပိုင်းမှာလဲ ခေတ်မီသည်လဲမဟုတ် ရှေးဟောင်းဆန်သည်လဲမဟုတ်ဘဲ နေထိုင်သူတို့ရဲ့ ဂုဏ်ဒြပ်ကိုကောင်းစွာပြပေးနိုင်လောက်တဲ့ အဆင့်အတန်းမျိုး ပုံသဏ္ဋ္ဌာန်မျိုး ရှိသည်။ သုံးစွဲထားတဲ့ ပရိဘောဂတေတွကလဲ တာရာစျေးမသိပေမယ့် တန်ဖိုးကတော့ နဲမှာမဟုတ်တာ သေချာတယ်။ ဧည့်ခန်းကြီးတခုကို ဖြတ်ကျော်အပီးမှာတော့ တံခါးပိတ်ထားတဲ့ အခန်းတခုရှေ့အရောက် ဝန်ထမ်းကောင်မလေးတယောက်က တံခါးဖွင့်ပေးလိုက်သည်နှင့် သူကော သူ့မာမီဆိုသူကော ဝင်သွားသည်။ တာရာလိုက်ဝင်သင့်ပါ့မလားစဥ်းစားနေတုံး
"မင်းလဲ လာခဲ့"
ဆိုတဲ့ အမိန့်ဆန်ဆန်အသံကြောင့် အခန်းထဲ လိုက်ဝင်ခဲ့ရသည်။ ဝန်ထမ်းအားလုံးက အပြင်မှာမလို့ ခုထိအခန်းထဲမှာတော့ သူရယ် တာရာတယ် သူ့မာမီရယ် နောက် ဆိုဖာပေါ်ထိုင်နေတဲ့ ဥပဓိရုပ်ကောင်းတဲ့လူကြီးတဦးရယ်သာရှိတော့သည်။ ရုပ်ရည်အရတော့ ဒါ ဟိုလူကြီးရဲ့အဖေပဲဖြစ်လိမ့်မယ်။ ဘယ့်နှယ့်ကို ချောတဲ့မိသားစုလဲ။ သူမတွေးနေတုံး ဟိုလူကြီးတို့သားအမိက ဆိုဖာပေါ်ဝင်ထိုင်နေကြပီ တာရာကတော့ ဘယ်နားထိုင်ရမလဲမသိ သူများအိမ်ဆို​တော့ ကိုယ့်သဘောနဲ့ကိုယ်လဲမထိုင်ရဲ ဘယ်သူကမှလဲ လာထိုင်ဖို့မပြောတာမလို့ မတ်တပ်ကလေးသာရပ်နေဆဲ။ တာရာနားလည်ပါတယ် သူတို့အဆင့်အတန်းနဲ့ ကိုယ့်အဆင့်အတန်းက ကွာခြားလွန်းတော့ တူတူမထိုင်စေချင်မှန်းလဲ သိသာနေတာကို။
"ဒီကလေးမလား"
"ဟုတ် ဒယ်ဒီ"
"ဖြစ်ပီးမှ​တော့ ဘာမှပြန်ပြင်လို့မရတော့ဘူး"
"အို ကျမသားကိုတော့ သူလိုလူနဲ့သဘောမတူနိုင်ပါဘူး ကျမတော့ လျော်ကြေးပေးပီး ကွာရှင်းလိုက်စေချင်တယ်"
ဟိုလူကြီးအဖေရဲ့လက်ကာပြမှုကြောင့် သူ့မာမီဆိုသူရဲ့စကားတွေ ချက်ချင်းရပ်သွားတယ်။
"ကလေးမ ညည်းအနေနဲ့ကရော ဘယ်လိုဖြစ်ချင်လဲ"
"ဟင်.. "
ရုတ်တရက်မေးလာတဲ့စကားကြောင့် တာရာ့မှာ အဖြေမရှိ။ သူတို့ကွဲဆိုလဲ ကွဲပေးရမှာပဲလေ တာရာက ဘာအင်အားရှိလို့ သူတို့ကို ငြင်းဆန်နိုင်မှာတဲ့လဲ
"ကျတော် သူ့ကို မကွဲဘူး ဒယ်ဒီ...."
(ဟင်)
ဒီတခါတော့ တာရာ့ဆီကသာမက သူ့မာမီဆီကပါ အာမေဍိတ်သံအပြိုင်ထွက်လာတယ်။ သူမကို အဓိပ္ပါယ်ပါပါကြည့်ပီးပြောလိုက်တဲ့ သူ့ကို တာရာလဲနားမလည် ဒါပေမယ့် တာရာလဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ခုပဲလက်ထပ် ခုပဲကွဲတာမျိုး မလုပ်ချင်ဘူး။ သူ့ကိုကြည့်နေတဲ့ တာရာ့ကို မျက်နှာလွှဲပီး
"သားက သူ့ကို ကွာရှင်းချင်လဲ လောလောဆယ်တော့ မရသေးဘူး သားက the Greatest Sunရဲ့ တရားဝင်ဆက်ခံသူဖြစ်နေပြီးသားလေ"
မဟာ့စကားကြောင့် သူ့မာမီကော ဒယ်ဒီကော တယောက်မျက်နှာတယောက် ကြည့်ကာ နားလည်လိုက်ပီ။ မဟာက ဆက်ခံသူဆိုတော့ ကွဲလိုက်ရင်ကလေးမက ပိုင်ဆိုင်မှုတဝက်တောင်းတာတွေဘာတွေရှိလာတော့မည်။ ကလေးမက အရွယ်သာငယ်တာ အတော့်ကိုလည်ပုံရမည်။ ရုပ်လေးကြည့်တော့ ရိုးပုံရိုးအလေး မထင်ရ။
"အဲ့တော့ သားက ဘာလုပ်ချင်လဲ"
"ကျန်တာသားတာဝန်ထားပါ သားကြည့်လုပ်လိုက်ပါ့မယ်"
သူမကို တဖန်ပြန်ကြည့်ပီးပြောလိုက်တဲ့စကားကြောင့် တာရာ ရင်ထဲ ထိတ်ခနဲတော့ဖြစ်သွားသည်။ သူမကို သတ်ပီး အလောင်းတွေဘာတွေတော့ ဖျောက်မပစ်ကောင်းပါရဲ့။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now