လက်ထဲက ဆီးစစ်တံလေးကို ဆုတ်ထားရင်း အာခေါင်တွေခြောက်သလိုပါဖြစ်လာရသည်။ ထင်းနေတဲ့ အနီလေး ၂ကြောင်းအရဆို ကျိန်းသေတယ် တာရာ့မှာ ကိုယ်ဝန်ရှိနေပီ။ ခုဆို တလကျော်လောက်တောင်ရှိလှရောပေါ့။ တာရာ ဘာလုပ်ရမှန်း ရုတ်တရက် မစဥ်းစားနိုင်သေးဘဲ အနည်းငယ်တုန်လှုပ်နေပေမယ့် တဖက်မှာလဲ တာရာ့လို တကောင်ကြွက်ဘဝထဲ တာရာ့ကိုယ်ပိုင်မိသားစုလေးအဖြစ် ကလေးလေးတယောက်ဝင်လာမှာတွေးပီး ပီတိဖြစ်ရသေးသည်။ toilet seat ပေါ်ကနေ ချက်ချင်းမထသေးဘဲ အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ တယောက်ထဲ ရှုပ်ယှက်ခတ်လို့နေတာ ဘယ်လောက်ကြာသွားလဲမသိ နောက်ဆုံး pregnancy test လေးကို ကုတ်အကျီအိတ်ကပ်လေးထဲထည့်ပီး အပြင်ကိုထွက်ခဲ့လိုက်တော့သည်။ မျက်နှာမှာလဲ ပြုံးနေတာမဟုတ်သော်ငြားလဲ ကြည်နူးရိပ်လေးသမ်းနေတာတော့အမှန်။ ဝင်သွားတုံးက တကောင်ကြွက်ဘဝနှင့် ပြန်ထွက်လာတော့ သူမမှာ မိသားစုရှိတော့မည်ကိုတွေးပီး ကြည်နူးရသည်။
တဖက်မှာလဲ ခရီးကပြန်ရောက်ထဲက မတွေ့ချင်လို့ကို တမင်ရှောင်နေပါတယ်ဆို ဒီကိစ္စက ထပေါ်တော့ ဘာလုပ်ရမလဲ ဝေဝါးနေသည်။ ဖွင့်ပြေညလိုက်ရမှာလား.....ပြောရင်ကော သူက လက်ခံပါ့မလား အဲ့ကထဲက ဘာမှမဖြစ်ခဲ့ဘူးလို့ ကိုယ်တိုင်ပြောခဲ့တာဆိုတော့ ခုမှ ရှင်းပြလို့လဲ ရပါ့မလား....ရှင်းပြရင်ကော ဘယ်မျက်နှာရှေ့ထားရှင်းပြရမှာပဲ....အမလေးတွေးရင်းခေါင်းအတော်ကိုက်လာရပြန်သည်။
တာရာနေတဲ့အခန်းရှေ့က လမ်းမှာ ခေါက်တုံးခေါက်ပြန်လမ်းလျှောက်ရင်း ဒီကိစ္စကို ဟိုလူ့ကိုပြောရမလား အထပ်ထပ်အခါခါစဥ်းစားနေမိသည်။ ပြောလို့ အဆင်ပြေရင်လက်ခံရင်တော်သေး...တော်ကြာနေမှ မမွေးခိုင်းဘဲ ဖျတ်ချခိုင်းတာမျိုးဆို....အို......ဆက်ကိုမစဥ်းစားနိုင်တော့ဘူး။ တာရာကျိန်းသေတာကတော့ ဒီကလေးလေးကို ရအောင်မွေးမည်။ တာရာ့ဘဝမှာ ပထမဆုံးတော်စပ်ခွင့်ရတဲ့ သွေးသားမိသားစုလေးမလို့ တာရာကျိန်းသေကာကွယ်စောင့်ရှောက်ရမည်။ ဟိုလူ့ကိုတော့ ခုမပြောသေးဘဲ တာရာသူနဲ့အရင်အဆင်ပြေအောင်လုပ်ကြည့်သင့်တယ်ထင်တာပဲ....သူ့ဘက်က တာရာ့အပေါ်အနည်းငယ်ပျော့ပြောင်းလာမှ ပြောလဲ နောက်မှမကျတာ။ တာရာ ကိုယ့်အတွေးနဲ့ကိုယ် အလုပ်တွေရှုပ်နေတုံး ဟိုလူအခန်းထဲဝင်လာသည်။ တာရာအသံကြားတာနဲ့ လှည့်ကြည့်ပီး ရုတ်တရက်ဘာလုပ်ရမှန်းမသိတာနဲ့ ချက်ချင်းပြုံးပြနုတ်ဆက်လိုက်မိသည်။
"ပြန်လာပီလား....."
ရုတ်တရက် မထင်မှတ်ထားတဲ့ အမူအရာနဲ့ အသံကြောင့် မဟာ မျက်ခုံးမွေးများ တွန့်သွားတဲ့ထိမျက်မှောင်ကျုံ့ရင် သူမကိုကြည့်မိသည်။ ဘာလား ခုထိသူ့ကိုပြုံးပြနေတုံး.....သူနဲ့တူတူရှိတဲ့ ဒီ ၄ လလောက်အတွင်းမှာ တခါမှလဲသူ့ကို နုတ်မဆက်ဖူးဘဲ ခုမှ ဘာအဆန်းလုပ်လို့.....ဒီကလေးမ ရူးများနေလားမသိဘူး.....
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....