အခန်း (၁၃)

9.8K 345 15
                                    

မဟာ မနက်အစောကြီးထလာရလို့ကော ညက အိပ်ရေးမဝတာကောပေါင်းပီး စိတ်ကမှမကြည်နေပါဘူးဆို ဝေယံ့မိန်းမ ပန်းချီ့ဘေးက ကုပ်ချောင်းကုပ်ချောင်းနဲ့ပါလာတဲ့ ဟိုငတိမကိုမြင်လိုက်ရတော့ မျက်မှောင်ကိုတဆုံးကျုံ့ရုံသာမကဘဲ တော်တော်ရုပ်ဆိုးဆိုးမျက်နှာကို လုပ်မိလိုက်သည်။ မလုပ်ဘဲနေမလား ဟိုငတိမပါလာပြန်ပီ....ဘယ်သူခေါ်လာလဲ ပြေးစဥ်းစားစရာကိုမလို ဝေယံတို့လင်မယားပဲနေမယ်။ အရင်က ခုလို ခရီးမထွက်ခင်ညဆို ဟိုတယ်တခုမှစုအိပ်လေ့ရှိကြတာ ဒီနှစ်တော့ မဟာ ခရီးလွန်နေတာနဲ့ ညထိပင် ပြန်မရောက် ခုလဲမနက်အစောကြီးထလာပီးစုမယ့်နေရာကို အမီမောင်းလာရသည်။ ဒါကို တွေ့လိုက်ရတဲ့ဟိုငတိမကြောင့် စိတ်အတော်လေသွားတာတော့အမှန်။ စိတ်ပျက်လက်ပျက်နဲ့ ခေါင်းက ဆံပင်ပဲဖွနေတဲ့ မဟာ့အနား ဝေယံရွှင်မြူးမြူးနဲ့ရောက်ချလာပီး သူ့ပုခုံးကိုဖက်ကာ
"မျက်မှောင်ကျုံ့တာလဲ လျှော့ကျုံ့ပါကွာ...အဟဲ"
"အဟဲ လုပ်မနေနဲ့ ဒါ ဘာလုပ်တာလဲ မင်းခေါ်လာတာမလား"
လုပ်ချင်တာလုပ်ထားပီးရင် အလှဆုံးပြုံးနေတတ်သူဆိုတာ မဟာ့အတွက်တော့ တခြားသူမဟုတ်....ဝေယံသာလျှင်...ခုလဲ သူ့ဘာသာလုပ်ချင်ရာတွေလုပ်ပီး သွား ၃၂ ချောင်းလုံးပေါ်အောင်ဖြီးပြပီး သူ့ကိုလာချော့နေတော့သည်။
"မင်းကလဲကွာ.... ငါက မင်းတယောက်ထဲဆို ပျင်းနေမှာစိုးလို့ စေတနာနဲ့ စေတနာနဲ့"
"မလိုဘူး....သွား ပြန်ပို့လိုက်"
"သွားမယ့်ခရီးထွက်လာပီးရင် ပြန်မလှည့်ကောင်းဘူးကွ ခေါ်လိုက်ပါ"
မဟာခရီးသွားမှာကြောင့်ရော အချင်းချင်းစိတ်ထဲလဲ မခုချင်တာနဲ့ရော နောက်ဆုံးတော့ စိတ်လျှော့လိုက်ရပီ။ သိပ်တော့မကြည်လင်....ပါစေချင်တဲ့ ဧကရီက မပါဘဲ ဘယ်ကဟာက လိုက်လာလဲမသိ။ ဟိုတယောက်ကလဲ ဘာလို့လိုက်လာတာလဲ။
တာရာ သူမကိုတွေ့ထဲက မျက်စိပျက်မျက်နှာပျက်ဖြစ်နေတဲ့သူ့ကို စေ့စေ့ကိုမကြည့်ရဲတော့။ ကိုဝေယံတို့လင်မယာယက အဲ့လူကြီးက ခေါ်ခိုင်းလို့ဆိုလို့ ချက်ချင်း အကျီတချို့သိမ်းထည့်ပီး လိုက်လာရတာ ခုလို သူတို့သူငယ်ချင်းတွေစုပီး ခရီးသွားမယ်ဆိုတာ မသိခဲ့။ သိခဲ့ရင်လဲ ဘယ်လိုက်မလဲ။ ဒါပေမယ့်လဲ လာခေါ်ထဲက သူကခေါ်ခိုင်းလို့ဆိုလို့လေ မလိုက်ရင်လဲ ပြသနာကတတ်ဦးမယ် လိုက်ခဲ့တော့လဲ ခုလို.....ကြားသားပဲ သူနဲ့ကိုဝေယံပြောနေကြတာတွေ မကြားချင်ယောင်သာဆောင်နေရတာ တကယ်တမ်းတော့ ပြန်ချင်လှပီး....လင်းလင်းချင်းချင်းဆိုလဲ ကိုယ့်ဘာသာ ကားကြုံစီးပီး ပြန်တယ် ခုက မနက် ၄ နာရီထိုးကြီး ဘာကားမှလဲ မရှိတော့ ဟိုလူ့ကိုလိုက်ပို့တဲ့ကားကလဲ ပြန်သွားပီ။ နေရာတိုင်းကလဲမှောင်မဲနေတာ ဘယ်လိုလုပ်တယောက်ထဲ လင်းထဲထိစောင့်ရဲမလဲ။ ဘာနေနေ နောက်ဆုံး ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်နဲ့ပဲ မပန်းချီခေါ်တဲ့နောက်လိုက်ကာ သူထိုင်ခိုင်းတဲ့နေရာမှဝင်ထိုင်လိုက်တော့သည်။ ကားပေါ်မှာ ကိုဝေယံတို့အတွဲကတတွဲတူတူ ကိုမင်းသိန်းတို့အတွဲက တတွဲတူတူထိုင်ပီး ဟိုလူကတော့ သူ့ဘာသာတယောက်ထဲထိုင်သည်။ တော်သေးတယ် သူမကိုတော့ နောက်ဆုံးမှာထိုင်စေတာမလို့ ဟိုလူနဲ့​သူမကြား ကိုမင်းသိန်းတို့ ကိုဝေယံတို့ထိုင်နေတဲ့ အတန်း ၂ တန်းခြားသည်။ လူက အိပ်ချင်တာရော လမ်းက ကွေ့ကောက်နေလို့ ကားလဲ နဲနဲမူးချင်လာတာရောမလို့ ဘေးက ပြတင်းပေါက်ကိုမှီပီး အိပ်ဖို့ကြိုးစားလိုက်တော့သည်။ မအိပ်ပျော်ခင်တော့ ပင်လယ်ဆိုတာ မမြင်ဖူးသူ မရောက်ဖူးသူမလို့ ဘယ်လိုရှိနေနိုင်မလဲတွေးရင်း ရင်ခုန်ရသေးသည်။ စိတ်ထဲတွင်မတော့ စိတ်လှုပ်ရှားတာရော ကြောက်စိတ်ကောရောပြွန်းနေတာမလို့ အော် ပင်လယ်ကြီးဆိုတာ ခုလိုခံစားချက်အမျိုးမျိုးကို တပြိုင်နက်ပေးနိုင်ပါလားလို့ မှတ်ချက်ချမိသေးသည်။
"ညီမလေး ညီမလေး..."
"ဟင်.... ရောက်ပီလားအမ"
တာရာ့ကို မပန်းချီလာနှိုးတော့ ပတ်ဝန်းကျင်က လင်းချင်းနေပီ.....လှည့်ပတ်ကြည့်တော့ ပင်လယ်နဲ့တူတဲ့ရေအိုင်တောင်မတွေ့သေး
"အမ ပင်လယ်ကြီးရော"
"ဟင်..."
"ရောက်ပီမဟုတ်ဘူးလားဟင်"
"ဟား...ဟားး မရောက်သေးဘူး ညီမလေးရဲ့ ခုမှ လမ်းတဝက်တင်ရှိသေးတယ် မနက်စာစားကြတော့မလို့ လာ....သွားရအောင်"
သူမကို ကြင်ကြင်နာနာနဲ့ပုခုံးလေးပုတ်ကာခေါ်တဲ့ မပန်းချီကို သူမ အမအရင်းတယောက်လို ခံစားမိသည်။ ချမ်းသာပေမယ့် မောက်မာချင်းမရှိတဲ့သူမလိုလူမျိုးတွေ ကိုဝေယံ့လိုလူမျိုးတွေရှိပါသေးလားဆိုတဲ့အသိလဲ ချက်ချင်းဝင်မိသည်။ မပန်းချီခေါ်ရာနောက်လိုက်ခဲ့တော့ လမ်းဘေးက ဆိုင်လေးတဆိုင် အရမ်းကြီး ကြီးတယ်မဟုတ်ပေမယ့် သေးသေးနုတ်နုတ်လေးလဲမဟုတ်။ သူမတို့လို ခရီးသွားကားတချို့လဲ ရပ်ပီး စားကြသောက်ကြနဲ့ အနည်းငယ်တော့ စည်ကားသည်ခေါ်ရမည်။
"ဘာစားမလဲ ညီမ....ကြိုက်တာစားနော် ဒီခရီးက မင်းသိန်းက စပွန်တာ"
မပန်းချီဘေးမှာ အသာလေးဝင်ထိုင်လိုက်တဲ့သူမကို မပန်းချီရဲ့ဘေးတဖက်မှာ ထိုင်နေတဲ့ ကိုဝေယံကလှမ်းပြောတော့ သူတို့နှစ်ဦးကြောင့် တာရာ တကယ်ကို စိတ်သက်သာရာရ ရသည်။ ကိုမင်းသိန်းနဲ့ သူ့ကောင်မလေးကတော့ ကိုဝေယံတို့လောက်မဖော်ရွေပေမယ့် လုံးဝမကြည်ဖြူတာမျိုးတော့မဟုတ်။ တော်ပါသေးတယ် ကိုယ့်ကို ကြည်ဖြူတဲ့ နှစ်ယောက်ပါလာလို့။ ပါမုန့်ကြက်ဥကြော်သာမှာစားလိုက်တဲ့သူမကို မပန်းချီက နွားနို့လဲမှာပေးသည်။ မဝသေးရင် ထပ်မှာစားဖို့ အားမနာဖို့လဲ တဖွဖွပြောသည်။ ခနအကြာစားသောက်ပီး ကားပေါ်ပြန်တက်ကြတော့ မမေဖြူက သူမကို အထုတ်လေးတထုပ်လှမ်းပေးသည်။ သူမလဲ ပေးနေတာမလို့သာယူလိုက်ရတာ ဘာတေမှန်းမသိ ပလက်စတစ်အိတ်အကြည်ကြောင့် မုန့်တွေလို့တော့ထင်ရသည်။
"ခုနက အိပ်နေလို့ မပေးလိုက်ရတာ ကားပေါ်အပျင်းပြေစားဖို့ မုန့်နဲ့ အချဥ်ထုပ်တွေ"
"အော် ဟုတ်အမ ကျေးဇူးတင်ပါတယ်"
"အင်း အင်း...."
ဟိုလူက ကားပေါ်တက်ဖို့လာနေတာမလို့ သူမလဲ ကျေးဇူးတင်စကားပြောပီး အမြန်ပဲသူမနေရာသွားထိုင်လိုက်တော့သည်။ မမေဖြူပေးတတဲ့မုန့်တွေလဲမစားဖြစ်သေးပါ ဗိုက်အတော်ပြည့်နေတာမလို့။ ခုနက မှောင်နေလို့ရော အိပ်ချင်နေလို့ရော ပတ်ဝန်းကျင်ကိုသေချာမကြည့်ခဲ့ရပေမယ့် ခုလင်းလင်းချင်းချင်းမြင်ရတော့မှ အိပ်ချင်ပြေပီး ဟိုကြည့်ဒီကြည့် ကြည့်မိနေတော့သည်။ သူမဘဝမှာ တခါမှ အပျော် ခရီးရယ်လို့ထွက်ဖူးတာမဟုတ်တော့ ခုလို ပထမဆုံးခရီးထွက်ရတာကို အမှတ်တရအနေနဲ့ စိတ်ထဲ သေချာမှတ်ထားချင်သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now