နောက်ပိုင်းမဟာတို့ နေ့စဥ်မဟုတ်ပေမယ့် ရက်တော်တော်များများတွေ့ဖြစ်ကြသည်။ တွေ့တိုင်းလဲ အေးစက်နေတဲ့ ဧကရီ့ကိုကြည့်ပီး သူ အားကိုမရ။ သူမပြောသလိုပဲ သူ့ကို ဟိုငတိမကြောင့် လက်မခံနိုင်တာတော့တာလား။ လောလောဆယ်လဲ ကွဲဖို့ကွာဖို့က အဆင်မပြေသေးတာ သူအသိဆုံး.....ပါးစပ်ထဲကလေပူတွေကို မှုတ်ထုတ်လိုက်ပီး ညနေက ဧကရီပြောတဲ့စကားတွေကိုကြားယောင်နေမိသည်။
ညနေက ဧကရီ့ကို သူပြန်လိုက်ပို့ရင်း ကားပေါ် နှစ်ယောက်ထဲရှိနေတာနဲ့ သူ့ရင်ထဲက စကားတွေထုတ်ပြောမိသည်။ ရင်ထဲမခံစားနိုင်လို့ပြောချင်ပေမယ့် နှစ်ဦးထဲအတွေ့ကိုမခံတဲ့ ဧကရီ့ကြောင့် လူတွေရှေ့ အတော်မျိုသိပ်ထားရသည်။ ညနေကမှ ပြန်ပို့ဖို့ အတော်ပြောယူလိုက်ပီး အခွင့်ရေးရခဲ့လို့ ကားပေါ်ရောက်တာနဲ့ သူ့ဘက်ကပဲ စကားစကာ
"ဧကရီ ကိုယ်တို့ အရင်လို ပြန်ပြေလည်ရအောင်ကွာ...."
"...."
"ခုပြသနာတွေက အကုန်ရှင်းလို့ရတယ် ကိုယ်တို့ခုလိုကြီးဖြစ်နေတာကြီးက အဆင်မပြေဘူး နော် ဧကရီ နော်..."
"...."
သူ ပြေလည်ရာပြေလည်ကြောင်းတွေ တောင်းပန်တိုးလျှိုးသံနဲ့ပြောပေမယ့် တင်းတင်းစေ့ထားတဲ့ ဧကရီ့နှုတ်ခမ်းနီနီလေးတွေကတော့ ပြေလျော့မလာခဲ့.....စိတ်ရှုပ်ရှုပ်နဲ့ အခါခါသက်ပြင်းများချကာ ရှေ့ကိုကြည့်ကာ ကားပဲအာရုံစိုက်မောင်းနေလိုက်သည်။
ခနအကြာမှ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်သည်က ဧကရီ....
"အချိန်တွေ အများကြီးရခဲ့တာတောင် ဧကရီတို့ မနီးစပ်ခဲ့ဘူးနော် အဟင်း ရီတော့ရီရတယ် တခါမှမမြင်ဖူးတဲ့သူနဲ့ကျ အဟင်းးးးး"
"ဧကရီကလဲ အဲ့တယောက်အကြောင်းမပြောပါနဲ့ကွာ"
သူစိတ်ရှုပ်ရှုပ်နဲ့ပြောလိုက်တော့ ဧကရီသူ့ဘက်ကိုလှည့်လာပီး
"မပြောလို့မရဘူး နေ..... ခုက နေက သူနဲ့လက်ထက်ထားတာ သူနဲ့တရားဝင်ယူထားတာလေ"
"ဒါက ဧကရီလဲသိနေတာပဲလေ မဖြစ်သာလို့လေ မဟုတ်ရင် ဒီချိန်လောက်ဆို ကိုယ်နဲ့လက်ထပ်တာ ဧကရီဖြစ်နေပီ"
YOU ARE READING
အချစ်တွေအမုန်းတွေရဲ့ အလွန်.....