အခန်း (၁၉)

9.1K 346 56
                                    

"Happy Birthday ဦးနေမင်းမဟာ မွေးနေ့မှစပီး အမြဲ ပျော်ရွှင်ပါစေ"

ဆုတောင်းစာနဲ့အတူ ဘူးအညိုလေးတဘူး သူ့အလုပ်စားပွဲပေါ်မှာမနက်ခင်းအစောအလုပ်သွားမလို့ပြင်တုံးတွေ့လိုက်ရသည်။ ဘယ်သူရှိဦးမလဲ ဟိုငတိမပဲနေမှာပေါယ။ ဘယ်ကနေ ဘယ်လို သူ့မွေးနေ့မှန်းသိတာလဲ။ ဘယ်လိုသိသိထက် သူကအစောကြီးဆုတောင်းပေးလိုက်တာနဲ့တင် ကျက်သရေက ယုတ်ပီ....ခါတိုင်းဆို ည ၁၂ ထိုးတာနဲ့ ဆုတောင်းပေးနေကျ ဧကရီက ဒီနှစ်တော့ မနက် ၈ နာရီထိုးတော့မယ် message တစောင်ရောက်မလာသေး။ သူသက်ပြင်းခိုးချကာ ရှေ့မှာတွေ့ရတဲ့ဘူးအညိုလေးကို ဖွင့်မယ်အလုပ် ဟိုငတိမပေးတာသိနေတော့ စိတ်မဝင်စားနေဘူးဆိုတဲ့အသိက ပေါ်လာပြန်တာနဲ့ပဲ ပြန်ချကာ ကုမ္ပဏီကိုပဲထွက်ခဲ့လိုက်တော့သည်။

"Happy Birthdayy......"

"ဟာ မင်းတို့ကွာ မပြောမဆိုနဲ့......"

"ပြောရင် ငြင်းနေဦးမှာ မလုပ်ချင်ဘူး ဘာညာ"

"ကဲ ကဲ make a wish"

မဟာ ရုတ်တရက် သူ့ရုံးခန်းထဲကို ဖောင်းခနဲမြည်သံနဲ့အတူ နှင်းပွင့်လို အဖြူဖတ်တွေကျလာတော့ ဘာများလဲပေါ့ လူအုပ်လိုက်ဝင်လာတော့မှ ဟိုကောင်တွေဆိုတာသိရတော့သည်။ တကယ်တမ်းကျတော့လဲ သူ့ရုံးခန်းကို ခုလိုဝင်လာနိုင်တာ သူ့သူငယ်ချင်းတွေကလွဲရင် ဘယ်သူမှမရှိ....ဒါတောင် သူတို့တွေက သာမန်ချိန်ဆို PA ကတဆင့်ပဲ အကြောင်းကြားပီးမှဝင်တတ်တဲ့သူတွေ.....

မဟာ မေဖြူကိုင်ထားတဲ့ ရွှေရောင်ကိတ်ပေါ်က ဖယောင်းတိုင် ၃ တိုင်ကို မှုတ်လိုက်ပီး ခနငြိမ်နေလိုက်သည်။ တကယ်တမ်းတော့ သူဒါမျိုးတွေကိုမကြိုက် ကလေးကလားဆန်လွန်းသည်ထင်သည်။ ငြိမ်မနေရင်လဲ ဟိုကောင်တွေရဲ့ ပူညံပူညံလုပ်မည်ကို နားမခံနိုင်တာကြောင့် ဆုတောင်းသလိုလိုနဲ့ နေနေရသည်။ ခနအကြာ သူဆုတောင်းပီးပီဆိုတာကို ယုံလောက်မှ အကုန်လုံး သူ့ရုံးခန်းထဲက ဆိုဖာမှာဝင်ထိုင်ကာ ကိတ်ခွဲစားကြသည်။ ဘယ်လောက်ကလေးဆန်လိုက်လဲ အဲ့တာသာကြည့်.....အသက်က ၃၀ ပြည့်နေပီ လူစုပီး ဖယောင်းတိုင်မှုတ် ကိတ်ခွဲစားတုံး....ဒါတော်သေးသည်ပြောရမည်....မနှစ်က ဝေယံ့မွေးနေ့တုံးကဆို ကိတ်က cream တွေနဲ့ပါ အချင်းချင်းသုပ်ကြသေးတာ

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now