အခန်း (၄)

11.1K 349 22
                                    

အရင်တာရာကျောင်းတက်ခဲ့တဲ့မြို့လေးက သေးတော့ အလုပ်ရှာရတာ အခက်ခဲမရှိခဲ့ပေမယ့် ခု တာရာရောက်နေတာ မြို့ကြီးမလို့ တာရာ့လို မိဘမဲ့ဂေဟာကလူကို ဘယ်အလုပ်ရှင်ကမှ သဘောမကျ.... သူတို့အနေနဲ့လဲ နောက်ကြောင်းမသိရတဲ့သူကို မခန့်ချင်တာလဲ အပြစ်မဟုတ်ပါဟုသာ တာရာ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်နေရတာ စိတ်ထဲတော့ ဝမ်းအတော်နည်းနေပီ။ သူမ အရင်နေခဲ့တဲ့မြို့က ရုံးငယ်လေးတခုမှာ office staff ဝင်လုပ်ရင်း တက္ကသိုလ်ဆက်တက်ဖို့ အလုပ်က သဘောတူတာမလို့ အဆင်ပြေပီထင်ခဲ့တာ ခုတော့ သူမလို အထက်တန်းကျောင်းသာပီးတဲ့သူအတွက် အလုပ်က အလွန်ရှား။
ညနေအထိ ခြေတိုအောင်ကြိုးစားပန်းစားရှာလိုက်တော့ ကံကမျက်နှာသာပေးတယ်ဆိုရမလား စားသောက်ဆိုင်တခုမှာ စားပွဲထိုးအလုပ်ရသည်။ မဆိုးပါဘူး အဲ့စားသောက်ဆိုင်နဲ့ခပ်လှမ်းလှမ်းက 24 hours mart လေးမှာလဲ အချိန်ပိုင်းအလုပ်လေးထပ်ရလိုက်သေးသည်။ ဒီနေ့အတွက်တော့ တာရာ အတော့်ကို ကံကောင်းသည်ဟုယူဆလိုက်ရသည်။ မဟုတ်ရင် ရှေ့ဆက်ဘဝအတွက်ရင်လေးစရာ။ ခုတော့ သူမ အလုပ်လုပ်မည်။ ပိုက်ဆံစုမည်။ တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားရမည်။ ဟိုအိမ်ကနေ ဘယ်နေ့ကန်ထုတ်ခံရမလဲမသိတာမလို့ ကိုယ့်ဘဝနဲ့ကိုယ်အစထဲကနေလိုက်တာ အကောင်းဆုံးပဲလို့ထင်သည်။
ဟိုလူ့အိမ်မှာ စားချင်စိတ်လဲမရှိတာမလို့ လိုမယ်ထင်တာလေးတွေ ဝယ်ခြမ်းပီး အိမ်ပြန်လာခဲ့သည်။ သူမအတွေးတွေနဲ့သူမလမ်းလျှောက်လာတာ ဘက်စ်ကားဂိတ်ကနေ ခြံရှေ့တောင်ရောက်လာပီ။ ဒီရပ်ကွက်က လူကုန်ထံတွေချည်းနေတာမလို့ နီးနိီးနားနားမှာ ဘက်စ်ကားဂိတ်ရယ်မရှိ....သွားလဲ ကိုယ်ပိုင်ကားနဲ့သွားကြတော့ သူမကတော့ တနေ့တနေ့ လျှောက်ရမယ့် ခရီးကိုသာတွေးပီး ရင်မောမဆုံးနိုင်တော့သည်။ မလျှောက်လို့လဲမရပေကိုး။
သူမ အိမ်ပြန်ရောက်တော့ ညနေစောင်းနေပီ။ ညစာလဲအပြင်က တခါထဲစားလာခဲ့သည်မလို့ ရေချိုးပီး တခါထဲအနားယူတော့မယ်လို့တွေးပီး အခန်းထဲအသွား.....အခန်းတံခါးဖွင့်လိုက်တော့ တယောက်နဲ့တယောက် ဖက်ကာ နမ်းနေတဲ့ ဟိုလူကြီးနဲ့ သူ့ချစ်သူမိန်းကလေးကိုတွေ့လိုက်တော့ လန့်ပီး တံခါးပြန်ပိတ်ကာ အောက်ကိုတချိုးထဲဆင်းပြေးလာခဲ့ရသည်။ ဘယ်သွာယရမှန်းမသိတာနဲ့ ပန်းရုံလေးတခုရဲ့အကွယ်လေးမှာရှိတဲ့ ကျောက်ခုံလေးတွေဆီပဲ ပြေးကာထိုင်မိသည်။ ခြံထဲက ကျောက်ခုံလေးပေါ်ထိုင်ရင်း အလေ့အကျင့်မရှိသည်မလို့ တံခါးခေါက်ဖို့လဲ သတိမရခဲ့တဲ့ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံးး။ ကိုယ့်အဖြစ်တာ ကိုယ့်ယောက်ျားလို့ဆိုတဲ့ရတဲ့သူက တခြားမိန်းကလေးနဲ့ရှိနေတာကို ကိုယ်က ကြောက်ပီးထွက်ပြေးခဲ့ရတဲ့အဖြစ်။ ပြောသာပြောရတာ စာချုပ်တစောင်အပေါ်က လက်မှတ်တခုထဲနဲ့သာ ဆိုင်တယ်ပြောရတာ....ခုထိ သူ့အကြောင်းဘာမှရေရေရာရာမသိသေး။ ခနနေတော့ ခြံထဲကနေ ကားတစီးထွက်သွားကာမှ တာရာ စိတ်နဲနဲသက်သာရာရပီး အိမ်ထဲကိုပြန်ဝင်လာလိုက်တော့ အိမ်ရှေ့မှာ ခါးထောက်ရပ်ကာ သူမကို စိုက်ကြည့်နေတဲ့ ဟိုလူကြီး.....ဘာလဲ ခုနက ထွက်သွားတာ သူမဟုတ်ဘူးလား....ဘယ်သူ့ကားတွေဘာတေမှန်းမသိတာမလို့ ခုနကကားကို ဟိုလူကြီးထင်ပီး ပြန်ဝင်လာမှတည့်တည့်တိုးကာ တာရာ ဇောချွေးတွေပါပြန်လာတော့သည်။
ဘာမှမပြောဘဲ စိုက်ကြည့်နေတဲ့သူက တကယ်တမ်း အရပ်အတော်မြင့်ပီး ယောက်ျားလေးတန်မဲ့ အသားအတော်ဖြူလှသည်။ ဖြူသည်ထက် ဝင်းအိနေတာမျိုး။ အသက် ၃၀ ဆိုတာမထင်ရလောက်အောင် နုလွန်းသည်။ ရုပ်ကြည့်ပီးပြောမယ်ဆို လွန်ရော ၂၅ လောက်ပေါ့။ မျက်ခုံးကောင်းကောင်း နှာခေါင်းချွန်ချွန် နှုတ်ခမ်းပါးပါးနဲ့ ဘာနှုတ်ခမ်းမွေး မုတ်ဆိတ်မွေးမှမရှိတဲ့သူက ဆံပင်မတိုမရှည်ကို အိမ်နေရင်းပုံစံဖြစ်နေတာကြောင့် သိပ်တော့ သပ်ရပ်နေအောင် ဖြီးသင်မထား.... မဝလွန်း မပိန်လွန်းတဲ့ တောင့်ဖြောင့်တဲ့ ခန္ဓာကိုယ်က အိမ်နေရင်း T.shirt နဲ့ sweatpants ဝတ်ထားတာတောင် ကြည့်ကောင်းလွန်းလှသည်။ အားလုံးထဲမှာမှ မျက်လုံးတွေ ဟုတ်တယ် ထိုမျက်လုံးတွေက စူးရှပီး ညှို့အားပြင်းကာ စိုက်ကြည့်ခံရသူ ဘယ်သူမဆို ငြင်းဆန်ဖို့ အားယုတ်လောက်သည်အထိ။ ခုတော့ ထိုမျက်လုံးတွေက မျက်စိရှေ့က သူမကို စိုက်ကြည့်နေတော့ တာရာလဲ ဘာပြောရမှန်းမသိ နေရာမှာတင် အငွေ့ပျံပြီးသာပျောက်သွားချင်တော့သည်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now