အခန်း (၁၀)

10.2K 349 34
                                    

ဒုန်း ဒုန်း ဒုန်းးးးး
ကျယ်လောင်စွာကြားနေရတဲ့ တံခါးထုသံကြောင့် အိပ်မောကျနေပီဖြစ်တဲ့ တာရာ ရုတ်တရက်လန့်နိုးလာရသည်။ ဟိုလူ... ထင်သားပဲ သူပဲ ဒါမျိုးတွေလုပ်တတ်တာ ခုလဲ ဘာတွေဖြစ်ပြန်ပီလဲမသိ။အမြန်ထကာ အပြင်ကိုထွက်မယ်လုပ်တော့ ဒီအချိန်ကြီး အပြင်ထွက်လို့ကောင်းပါ့မလား ဟိုလူ့အသံကြားရတာလဲ ပုံမှန်မဟုတ်ဘူး မသိချင်ယောင်ဆောင်ပီး နေရမလား တယောက်ထဲ ဝေခွဲမရ စဥ်းစားနေတုံး
"ဟို မိန်းမ ခုထွက်ခဲ့စမ်း....မြွေဟောက်လိုမိန်းမ အ တီးအ တပုံနဲ့ ငါ့ဘဝကို ဖျက်တဲ့မိန်းမ ခုလာခဲ့စမ်း"
၇ အိမ်ကြား ၈ အိမ်ကြားအသံဆိုတာ ဒါမျိုးနေမယ် ကျယ်လိုက်တဲ့အသံ။ တော်သေး သူ့အခန်းက အသံလုံတာမလို့ပေါ့....တာရာ ထွက်လာတော့ လက်တဖက်က အရက်ပုလင်းကိုင်ပီး ဒယီးဒယိုင်နဲ့ တာရာ့အနားကို လျှောက်လာတဲ့ ဟိုလူကြီး....အနားရောက်တော့ အရက်နံ့တွေကလဲ မွှန်ထူနေတာပဲ
"လာစမ်း မင်းကတော့ အေးဆေး အိပ်နေနိုင်တယ်လား"
"ဦးနေမင်းမဟာ မူးလာရင်လဲ အေးဆေးအိပ်လိုက်တော့ အချိန်ကိုလဲ ကြည့်ဦး သူများတွေအိပ်ချိန်ရောက်နေပီ"
"ဘာ..... အိပ်ချိန် ဘာလဲ မင်းအိပ်တဲ့အချိန်လား....သူများတွေရဲ့ဘဝကို ကမောက်ကမလုပ်ပီး မင်းက အေးဆေးအိပ်နေနိုင်တာလား"
"မူးလာရင်လဲ အိပ်လိုက်ပါတော့"
"မအိပ်ဘူး မင်းလဲမအိပ်နဲ့ မင်းလိုမိန်းမက ငါ့ကို ဒီလိုလူလည်ကျလို့ရမလား"
လက်ညှိုးတချောင်းနဲ့တောင်တောင်အီအီထိုးပီး ပြောချင်ရာပြောနေတဲ့ သူ့ကိုကြည့်ကာ တာရာ စိတ်ပျက်လက်ပျက်နဲ့ မျက်မှောင်အနဲငယ်ကျုံ့မိသည်။
"မင်း မျက်နှာထားပြင်လိုက်စမ်း မင်းက ဘာမလို့ ငါ့ကို အဲ့ပုံစံနဲ့ လာကြည့်တာလဲ"
"ဦးနေမင်းမဟာ မအိပ်ချင်လဲ နေခဲ့တော့ ရာရာတော့ သွားအိပ်ပီ"
တာရာ အရက်သမားတွေနဲ့မပတ်သတ်ဖူးပေမယ့် ဒီလိုမျိုး မရရအောင် ပြသနာရှာတတ်လိမ့်မယ်လို့တော့မထင်မိ။ ခုလက်တွေ့ကြုံတော့ တာရာ အလွန့်ကိုစိတ်ပျက်မိသည်။ မူးရူးအသိစိတ်ပျောက်ပီး သာမန်လူကို အေးဆေးနေခွင့်မပေးတဲ့ အရက်သမားတွေကိုလဲ စိတ်ထဲအထင်သေးမိသည်။ သူက မအိပ်ပဲ တညလုံးထိုင်နေပီး မနက်အလုပ်မသွားလဲရသည် သူ့ကိုယ်ပိုင်အလုပ်လေ...တာရာက သူများဝန်ထမ်း မနက်ထပီးလုပ်ရမယ့်အလုပ်တွေကရှိသေးသည်။ သူ မူးရူးပီး ပြသနာရှာနေတာကို သီးမခံချင်တော့လို့ သူ့ကို စိတ်ပျက်လက်ပျက်နဲ့ တချက်ကြည့်ကာ  သူမအခန်းထဲ ပြန်ဖို့လှည့်အထွက်  နောက်ကနေ လက်ထဲကအရက်ပုလင်းကို တာရာ့ရှေ့ကိုပစ်ပေါက်လိုက်သည်။
ခလွမ်း......
ဘေးကဖြတ်သွားတဲ့အရက်ပုလင်းက သူမပုခုံးပေါ်ကဖြတ်ကာ ရှေ့က ကြမ်းပြင်ပေါ်အရှိန်ပြင်းစွာကျပီး ဖန်ပုလင်းပေမို့ ကွဲကျေကာ ဖန်ကွဲစတွေ နေရာအနီးတဝိုက်မှာပဲ ပွစာကျဲကုန်သည်။ တာရာ ထင်မထားသည်မလို့ အံ့သြတာကော လန့်သွားတာကောပေါင်းပီး ရှေ့ပင်ဆက်မတိုးနိုင်ပဲ နေရာမှာပဲ ကြက်သေသေကာရပ်နေဆဲ။ 
ပီးတော့ နောက်ကနေ ပုခုံးနှစ်ဖက်ကို စောင့်ဆွဲလိုက်ကာ လူတကိုယ်လုံးကို အားနဲ့ဆွဲလှည့်တာခံလိုက်ရတော့ အတော့်ကို လန့်သွားသည်။
"မင်းကိုယ်မင်း ဘာမှတ်နေလဲ ဟမ်....မင်းကို ငါက လက်မှတ်ထိုးယူထားရတာနဲ့ မင်းက ငါ့ကို ဂရုစိုက်စရာမလိုဘူးထင်နေတာလား ဟုတ်လား"
ဆွဲထားတာမလို့ သူနဲ့တာရာ နီးနီးကပ်ကပ်ရှိနေသည်။ အနီးကပ်ဖြစ်နေတော့ ဒေါသအတော်ထွက်နေတဲ့သူ့ကို အနဲငယ်တော့ ကြောက်စိတ်ဝင်လာတာအမှန်။ ဒါပေမယ့်ကြောက်ပြနေရင် ပိုခြောက်နေမှာစိုးလို့ သူ့လက်ထဲကအတင်းရုန်းရင်း လေသံခပ်မာမာနဲ့ပဲ
"ရာရာ့ကို လွှတ် ရာရာအိပ်တော့မလို့"
"ဘာ.....လွှတ်ရမယ် အဟက်..... မင်းကိုလဲ အတင်းဆွဲထားချင်တယ်များမှတ်နေလား"
လူတကိုယ်လုံးကို ဆွဲလှုပ်ရမ်းကာ ဒေါသတကြီးအော်နေတဲ့သူ့ကြောင့် ရာရာ ဇောချွေးတွေပါပြန်လာရသည်။
"ဒီလောက်တော်ဖြစ်နေလဲ ရာရာ့ကို ကွာရှင်းလိုက်ပါလား....ဘာလို့ ဆက်ထားနေသေးလဲ"
"ဘာ....မင်းကို ကွာရှင်းရမယ်...ဟား ဟားး လွယ်လှချည်လား ဟင်..."
"ရှင်လက်မှတ်ထိုးပေးလိုက်တာနဲ့ ပီးသွားပီ ဒိကိစ္စတွေက ရှင့်ဘာသာရှင် အချိန်ဆွဲနေတာ"
"အေး မင်းပြောသလောက်လွယ်ရင် ငါလုပ်ပီးတာကြာပီ....မင်းကို ခုလောက်ထိဆွဲထားတာလဲ မင်းလိုငါ့ဘဝကိုကမောက်ကမဖြစ်အောင်လုပ်တဲ့သူကို ဒီအတိုင်းလွှတ်မထားချင်သေးလို့ဆိုတာမှတ်ထား"
"ဒီ မှာ ရှင် ဒီလိုတွေလုပ်နေတော့ရော ရှင် အဆင်ပြေနေလို့လား ပျော်နေလို့လား"
တခွန်းမကျန်ပြန်ခံပက်နေတဲ့ ငတိမစကားကြောင့် မဟာ့ဒေါသတွေငယ်ထိပ်ရောက်ပီး လက်ထဲက သူမကို အားကုန်သုံးကာ ဝေးရာကို တွန်းလွှတ်ပစ်လိုက်မိတယ်
ဒုန်းးး
"အားးး"
တာရာလွင့်ထွက်သွားတာ နောက်က သူ့အလုပ်စားပွဲနဲ့တိုက်မိတဲ့အထိပင်....
"အားးးးး....."
ပိုဆိုးတာက ခုနက သူပစ်ပေါက်ခွဲလိုက်တဲ့ အရက်ပုလင်းရဲ့ ဖန်ကွဲစပေါ် တာရာလက်ထောက်လျက်ကျတာ။ တာရာ့တကိုယ်လုံးတုန်ပီး ထောက်မိတဲ့ ဘယ်ဘက်လက်မှာစိုက်နေတဲ့ ဖန်ကွဲစ ခပ်ကြီးကြီးကို ဖယ်ရကောင်းမှန်း နာရကောင်းမှန်းမသိ ကြောင်တောင်တောင်နဲ့ကြည့်နေပးမိသည်။ အဖြစ်ပျက်တွေက မြန်ဆန်သလို ထင်လဲမထားတော့ ဘာလုပ်ရမှန်းမစဥ်းစားနိုင်အောင်ကို ကြောင်သွားခဲ့သည်။ စစဖြစ်ချင်းတုံးက ကိုယ်လဲကြောင်စီစီကြည့်နေခဲ့ပေမယ့် ခနအကြာ ဖန်ကွဲစစူးတဲ့လက်မှ သွေးများ ကျဆင်းလာသည်။ ထိုအခါ အသိစိတ်ပြန်ဝင်လာပီး ကျန်လက်တဖက်နဲ့ ဆွဲထုတ်ဖို့ကြိုးစားလိုက်တော့ မလွယ်...အတော့်ကိုနာသည်... သို့သော် သူမရှေ့က ရပ်နေတဲ့ ဟိုလူ့ကိုမြင်ရတာ ထို့ထက်နာသည်မလို့ အံကြိတ်ကာ ဖန်ကွဲစကိုကျန်လက်တဖက်ဖြင့် စောင့်ဆွဲထုတ်လိုက်တော့ သွေးတွေဖြာသွားတာမှ မြင်မကောင်း တာရာဝတ်ထားတဲ့ ညအိပ်အကျီအပြာလေးပေါ်ဆို သွေးတွေ ဟိုတကွက် ဒီတကွက်။ တာရာ နာလွန်းလို့ အော်ငိုချင်ပေမယ့် နှုတ်ခမ်းကိုသာ တင်းတင်းကိုက်ထားမိသည်။
"ကွာရှင်းဖို့ ကိစ္စကို မင်းပြောစရာမလိုဘူး....စိတ်ချ ငါလဲ မင်းလိုလူနဲ့ မပေါင်းဘူး ကွာမှာ ခုတော့ မင်း ငရဲဆိုတာကို အရှင်လတ်လတ် ခံစားလိုက်ဦး...."
တာရာ ဒီလောက်သွေးတွေနဲ့ တုန်ရီနေတာကို ဒေါသတကြီးနဲ့ဆက်ပြောနေတဲ့သူ့ကို တာရာ ကြည့်တောင်မကြည့်မိတော့။ ခနအကြာ သူလဲ ပြောချင်ရာပြောပီး ရေချိုးခန်းထဲ ဝင်သွားလေပြီ။ သူဝင်သွားမှ တာရာ ကိုက်ထားတဲ့ နှုတ်ခမ်းတွေကိုအသာလွှတ်ပီး သံတိတ်ငိုမိတော့သည်။ ငိုနေလို့လဲမပီးတာမလို့ ထပီး ကွဲနေတဲ့ ဖန်ကွဲစတွေရှင်းဖို့ ပေနေတဲ့ သွေးတွေသုတ်ဖို့ လုပ်ရသေးသည်။ မူးမူးရူးရူးနဲ့ တက်နင်းမိနေမှ.......။ ဒီလောက် နာနေတာတောင် တွေးမိအောင် တွေးပေးမိလိုက်တဲ့ ကိုယ့်ကိုယ်ကိုယ်လဲ သတိထားမိတယ်။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now