အခန်း (၁၇)

9.7K 359 46
                                    

တာရာ မျက်စိရှေ့ကမြင်နေရတဲ့ အဖြူရောင်သ​ေ င်္ဘာကြီးကိုကြည့်ပီး အတော်ထိတ်လန့်လာသည်။ ကြီးလဲအတော်ကြီးသည့်အပြင် သူမကမ်းစပ်ကနေစီးလာတဲ့ စက်လှေနဲ့ လားလားမှမဆိုင် ထည်ဝါလွန်းသည်။ ခုနက ကမ်းစပ်ကနေ အတန်ငယ်ဝေးတဲ့ သ​ေ င်္ဘာရပ်ထားတဲ့နေရာထိ စက်လှေစီးလာရတာတောင် အတော်ကြောက်နေတာ ခုလိုဟာကြီးပေါ် တနေကုန် တညလုံးနေရမှာတွေးပီး ပိုကြောက်လာတော့သည်။

"လာလေ တာရာ မကူးရဲလို့လား"

စက်လှေအသေးကနေ သ​ေ င်္ဘာပေါ်တက်ဖို့ တံတားအသေးတခုထိုးပေးထားတာ လက်ကိုင်ပါပေမယ့် အဲ့တာကိုပင်ကူးရမှာကြောက်နေတာ လက်တွေကိုချွေးတွေပျံနေပီ။ သူမကလွဲရင် ကျန်တဲ့သူတွေက ဟိုဘက်က သ​ေ င်္ဘာပေါ်ရောက်ကုန်ပီ....ဒီဘက်ခြမ်းမှာ သူမ တဦးတည်းသာကျန်ခဲ့သည်။

မဟာ ဟိုဘက်ခြမ်းကိုကူးပီး တဖက်မှာကျန်နေခဲ့တဲ့ ငတိမကို ပန်းချီလှမ်းခေါ်နေသံကြားလို့လှည့်ကြည့်မိတော့ မသိရင် ခု သူတက်နေရတာ ထွက်တာနဲ့မြုပ်မယ့် တိုက်တန်းနစ်သ​ေ င်္ဘာကြီးပေါ်ကျလို့ ဖြစ်ပျက်နေတာ....

"သွားခေါ်လိုက်ဦး မဟာ ဟိုမှာ....မကူးရဲဘူးနေမယ်"

"သွားချင် မင်းသွားပါ့လား မသွားဘူး"

မဟာ ဝေယံ့ကို ကလေးများရန်ဖြစ်သလိုရန်တွေ့ကာ ထွက်သွားတော့သည်။ သူသာနေနိုင်ပေမယ့် ဝေယံကတော့မနေနိုင်....ဟိုနှစ်ယောက်နားသွားကာ ကူညီရပေဦးမည်။

"ဘာတဲ့လဲ မကူးရဲလို့လား"

"ဟုတ်တယ် ကို....ကြောက်နေတာလားမသိဘူး"

"ညီမ အကိုလာခေါ်ပေးရမလား"

ဟင်...ကိုယ့်ဘာသာကြောက်နေတာနဲ့ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ကိုဝေယံ့စကားကြောင့် အားတက်မိရသည်ကတော့အမှန်။ သို့သော် သူမကို လာခေါ်ဖို့ထိတော့ မတောင်းဆိုရဲ...မတောင်းဆိုသင့်တာမလို့ ဖြစ်ချင်ရာဖြစ်စိတ်ဒုံးဒုံးချပီးသာ တဖက်ကို တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့ စတင်လှမ်းကာကူးတော့သည်။ တံတားက တကယ်က တိုတိုလေးရယ်ဆိုပေမယ့် စက်လှေနဲ့ သ​ေ င်္ဘာကြား တိုက်ရိုက်ဆက်ထားတဲ့ ယာယီတံတားမလို့ သိပ်ခိုင်မာလှသည်မဟုတ်....ဟိုဘက်ကိုမရောက်ခင် အလယ်မှာ အောက်က ရေပြင်ကိုကြည့်ပီး တွေးမိသေးသည်။ သတ်သေရင်တောင် ရေထဲခုန်ချသတ်သေဖို့တော့ ဘယ်တော့မှမတွေးတော့ဘူးဟုသာ။

အချစ်တွေအမုန်းတွေရဲ့ အလွန်.....Where stories live. Discover now